ညီမလေးကိုအိပ်ယာပေါ်ကကိစ္စအထိ ပြတော့မှာလားလို့‌ပြစ်တင်ဝေဖန်ခဲ့တဲ့ပရိသတ်ကြောင့် အံ့သြနေရတဲ့ ပိုင်ဖြိုးသု

ညီမလေးကိုအိပ်ယာပေါ်ကကိစ္စအထိ ပြတော့မှာလားလို့‌ပြစ်တင်ဝေဖန်ခဲ့တဲ့ပရိသတ်ကြောင့် အံ့သြနေရတဲ့ ပိုင်ဖြိုးသု

သရုပ်ဆောင်ပိုင်ဖြိုးသုကတော့ နိုင်ငံ ကျော်အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်သလို၊ ထူးချွန်ထက်မြက်တဲ့ ပညာတတ် ဆရာဝန်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ပိုင်ဖြိုးသုက သူမရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာနာမည်ပျက်မရှိဖူးသလို သူမကိုယ်သူ အကောင်းဆုံးနေပြီးသူတစ်ပါးအပေါ် စိတ်ကောင်းစေတနာကောင်းသာထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပီပီဝေဖန်မှုတွေကို ကြုံတွေ့ရလေ့ရှိတဲ့ ပိုင်ဖြိုးသုကဒီကနေ့မှာလည်းညီမလေးနိုင်ဖြိုးဥနဲ့ ပက်သတ်ပြီး ပရိသတ်တစ်ယောက်ရဲ့စကားကြောင့်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ထိုပရိသတ်က “ကိုယ့်ညီမလေးကို လင်မယားကြား ကန့်လန့်ကန့်လန့်ဖြစ်အောင်အားကျအတုခိုးအောင်လုပ်ပြနေတယ်။အိပ်ယာပေါ်လုပ်တာကအစပြတော့မှာလား မသိဘူး” ဆိုပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ်။ထိုကောမန့်ကို မြင်လျှင်မြင်ချင်းပ ပိုင်ဖြိုးသုကဒေါသနဲ့ တုံ့ပြန်ခြင်းမရှိပဲလူတွေမှာဖြစ်တတ်တဲ့သဘော သဘာဝကြောင့် “သနားစရာကောင်းတယ်” လို့ပဲ ပြောခဲ့ပါတယ်။

ပိုင်ဖြိုးသုကတော့ သူမနဲ့ တစ်သက်လုံးအတူတူသွားအတူ၊ စားအတူရှိခဲ့တဲ့ ညီမလေးကိုအိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်းအဖော်မမဲ့ရအောင် ကြိုးစားပြီးနေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာ ယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Paing Phyoe Thu’s fb

ညီမလေးကိုအိပ်ယာပေါ်ကကိစ္စအထိ ပြတော့မှာလားလို့‌ဝေဖန်ခဲ့တဲ့ပရိသတ်ကြောင့် အံ့သြနေရတဲ့ ပိုင်ဖြိုးသု



