သရုပ်ဆောင် သီဟတင်စိုးအပေါ် လိမ်လည်တိုင်ကြားခဲ့သည့် အိမ်အကူ ဒေါ်ခင်မာမြင့်ကို ထောင်(၇)နှစ် ၊ ပွဲစား ဒေါ်ညိုကို ထောင်(၅) နှစ် အသီးသီး ပြစ်ဒဏ်ချမှတ်

သရုပ်ဆောင် သီဟတင်စိုးအပေါ် လိမ်လည်တိုင်ကြားခဲ့သည့် အိမ်အကူ ဒေါ်ခင်မာမြင့်ကို ထောင်(၇)နှစ် ၊ ပွဲစား ဒေါ်ညိုကို ထောင်(၅) နှစ် အသီးသီး ပြစ်ဒဏ်ချမှတ်

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုး အပေါ်မုဒိမ်းမှုဖြင့်အရေးယူပေးရန် လိမ်လည်တိုင်ကြားခဲ့သည့် အိမ်အကူ ဒေါ် ခင်မာမြင့်ကို ထောင်(၇)နှစ် ၊ပွဲစား ဒေါ်ညိုကို ထောင်(၅) နှစ် ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ရာဇသတ်ကြီး ပုဒ်မ ၃၈၉ (ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်ရန် တစ်ဦးတစ်ယောက်သောသူအား ပြစ်မှုတစ်ခုနှင့် စွပ်စွဲမည်ဟုကြောက်အောင် ပြုခြင်း)အမှုတွင် တရားစွဲခံထားရသော အိမ်အကူ ဒေါ်ခင်မာမြင့်နှင့် ပွဲစား ဒေါ်ညိုတို့ကို ဇူလိုင် ၃၀ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့ နယ် တရားရုံးက အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိ ရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာရှိ ရုပ်ရှင်သရုပ်ဆောင် သီဟ တင် စိုး နေ အိမ်တွင် အသက်(၇၅)နှစ်အရွယ်ရှိဒေါ်ဇင်မာဦး၏ မိခင်ဖြစ်သူအား ပြုစုရန် အိမ်အကူဖြစ်သူ ခင်မာမြင့်(၄၀)နှစ်အား အခင်းမဖြစ်မီ (၈)ရက်ခန့်က ခေါ်ယူထားရှိခဲ့ရာ ၂၀၁၈ခုနှစ် ဇူလိုင် ၁၃ ရက် ည ၈ နာရီအချိန်ခန့်တွင် ဒေါ်ဇင်မာဦးမှ အပြင်သို့သွားရောက် နေစဉ် သီဟတင်စိုးမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ခင်မာမြင့်အား သားမယားအ ဖြစ် ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရ သုဝဏ္ဏ နယ်မြေရဲစခန်း(ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုင်တန်းသည့် အ မှုနှင့်စပ်လျဉ်း၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မှု ခင်း ဖော် ထုတ် ရေးရဲတပ်ဖွဲ့ဝင်များက စစ် ဆေးဆောင်ရွက်ခဲ့ရာ တိုင်တန်းသည့်အမှုမှာ မှန်ကန်မှု မရှိဘဲ လီဆယ်တိုင် တန်းခြင်း ဖြစ်ကြောင်း ဖော်ထုတ်ရရှိခဲ့သည့်အတွက် ဥပဒေနှင့်အညီထိရောက် စွာ အရေး ယူ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုအမှုမှာ ပြီးခဲ့သည့် ၂၀၁၈ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမှုမှာ စစ်ဆေးချိန် (၂)နှစ်ခန့် အကြာတွင် အဆိုပါတရားစွဲဆိုခံထားရသူများကို ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ခြင်း ဖြစ်သည်။

Credit News watch

Zawgyi

သ႐ုပ္ေဆာင္ သီဟတင္စိုးအေပၚ လိမ္လည္တိုင္ၾကားခဲ့သည့္ အိမ္အကူ ေဒၚခင္မာျမင့္ကို ေထာင္(၇)ႏွစ္ ၊ ပြဲစား ေဒၚညိဳကို ေထာင္(၅) ႏွစ္ အသီးသီး ျပစ္ဒဏ္ခ်မွတ္

႐ုပ္႐ွင္သ႐ုပ္ေဆာင္ သီဟတင္စိုး အေပၚမုဒိမ္းမႈျဖင့္အေရးယူေပးရန္ လိမ္လည္တိုင္ၾကားခဲ့သည့္ အိမ္အကူ ေဒၚ ခင္မာျမင့္ကို ေထာင္(၇)ႏွစ္ ၊ပြဲစား ေဒၚညိဳကို ေထာင္(၅) ႏွစ္ ျပစ္ဒဏ္အသီးသီး ခ်မွတ္လိုက္ေၾကာင္း သတင္းရ႐ွိသည္။

ရာဇသတ္ႀကီး ပုဒ္မ ၃၈၉ (ေျခာက္လွန္႔ေတာင္းယူမႈကို က်ဴးလြန္ရန္ တစ္ဦးတစ္ေယာက္ေသာသူအား ျပစ္မႈတစ္ခုႏွင့္ စြပ္စြဲမည္ဟုေၾကာက္ေအာင္ ျပဳျခင္း)အမႈတြင္ တရားစြဲခံထားရေသာ အိမ္အကူ ေဒၚခင္မာျမင့္ႏွင့္ ပြဲစား ေဒၚညိဳတို႔ကို ဇူလိုင္ ၃၀ ရက္ေန႔တြင္ သဃၤန္းကြၽန္းၿမိဳ႕ နယ္ တရား႐ုံးက အထက္ပါအတိုင္း အမိန္႔ခ်မွတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိ ရသည္။

သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ႀကီးပြားေရး ရပ္ကြက္၊ ျပည္ေထာင္စုရိပ္မြန္အိမ္ရာ႐ွိ ႐ုပ္႐ွင္သ႐ုပ္ေဆာင္ သီဟ တင္ စိုး ေန အိမ္တြင္ အသက္(၇၅)ႏွစ္အ႐ြယ္႐ွိေဒၚဇင္မာဦး၏ မိခင္ျဖစ္သူအား ျပဳစုရန္ အိမ္အကူျဖစ္သူ ခင္မာျမင့္(၄၀)ႏွစ္အား အခင္းမျဖစ္မီ (၈)ရက္ခန္႔က ေခၚယူထား႐ွိခဲ့ရာ ၂၀၁၈ခုႏွစ္ ဇူလိုင္ ၁၃ ရက္ ည ၈ နာရီအခ်ိန္ခန္႔တြင္ ေဒၚဇင္မာဦးမွ အျပင္သို႔သြားေရာက္ ေနစဥ္ သီဟတင္စိုးမွ ေနအိမ္သို႔ ျပန္လည္ေရာက္႐ွိလာၿပီး ခင္မာျမင့္အား သားမယားအ ျဖစ္ ျပဳက်င့္ခဲ့ေၾကာင္း တိုင္တန္းခ်က္အရ သုဝဏၰ နယ္ေျမရဲစခန္း(ပ)၃၈၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ အေရးယူေဆာင္႐ြက္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕သတင္းထုတ္ျပန္ခဲ့သည္။

အဆိုပါ တိုင္တန္းသည့္ အ မႈႏွင့္စပ္လ်ဥ္း၍ အမႈမွန္ေပၚေပါက္ေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ မႈ ခင္း ေဖာ္ ထုတ္ ေရးရဲတပ္ဖြဲ႕ဝင္မ်ားက စစ္ ေဆးေဆာင္႐ြက္ခဲ့ရာ တိုင္တန္းသည့္အမႈမွာ မွန္ကန္မႈ မ႐ွိဘဲ လီဆယ္တိုင္ တန္းျခင္း ျဖစ္ေၾကာင္း ေဖာ္ထုတ္ရ႐ွိခဲ့သည့္အတြက္ ဥပေဒႏွင့္အညီထိေရာက္ စြာ အေရး ယူ ေဆာင္႐ြက္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထိုအမႈမွာ ၿပီးခဲ့သည့္ ၂၀၁၈ခုႏွစ္ ဇူလိုင္လအတြင္း ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အမႈမွာ စစ္ေဆးခ်ိန္ (၂)ႏွစ္ခန္႔ အၾကာတြင္ အဆိုပါတရားစြဲဆိုခံထားရသူမ်ားကို ျပစ္ဒဏ္အသီးသီးခ်မွတ္ခဲ့ျခင္း ျဖစ္သည္။

NW