ပိန်ဆေးနဲ့ အသားဖြူဆေးတွေသုံးတဲ့ အမျိုးသမီးများအတွက် ကြောက်စရာကောင်းတဲ့အန္တရာယ်များ

ပိန်ဆေးနဲ့ အသားဖြူဆေးတွေသုံးတဲ့ အမျိုးသမီးများအတွက် ကြောက်စရာကောင်းတဲ့အန္တရာယ်များ

ထိုင်းနိုင်ငံမှာ အမျိုးသမီးအလှကုန်တွေကိုအတုလုပ်ပြီးလူထုကိုလိမ်ရောင်းနေတဲ့ မက်ဂျစ်စကင်း”Magic Skin” ကုမ္ပဏီ နဲ့လက်အောက်ခံအလှပြင်အသုံး အဆောင်အမျိုးမျိုးကိုဆက်တိုက်ဖမ်းဆီးအရေးယူနေရာမှာပထမဦးဆုံးအသားဖြူဆေးထုတ်လုပ်တဲ့နေရာတွေကို ဝင်ရောက်စီးနင်းရာမှာ ဓါတ်မြေသြစာထုတ်တဲ့နေရာမှာသုံးတဲအမှုန့်နဲ့ကော့စတစ်အစွန်းချွတ်ဆေးတွေကိုသုံးပြီးထုတ်လုပ်ထားတာကို ရဲတွေက စစ်ဆေးတွေ့ရှိခဲ့တာပါ။

Slim Skin အဆီကျဝိတ်ကျနို့မှုန့် တံဆိပ်အရောင်းကိုယ် စားလှယ်Muddharn Samrit မုဒန် စမစ်အသက်၂၄ နှစ်အရွယ်အမျိုးသမီးကိုဖမ်းဆီးလိုက်ပါတယ် ။

၀ိတ်ကျဆေး ပိန်ဆေးကတော့ကော်ဖီမစ် အမှုန့်နဲ့ လိမ်မော်ရည်အမှုန့်နဲ့ပေါင်းပြီး ထုတ်လုပ်ပြီးလိမ်လည်ရောင်းချတာပါ ။

ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ကြော်ငြာထုတ်ခဲ့လို့ထိုင်းနိုင်ငံ နဲ့အိမ်နီးချင်းနိုင်ငံတွေမှာရောင်းအားအကောင်းဆုံးMagic Skin Co., Ltd. မက်ဂျစ်စကင်းအလှကုန်တွေကအမျိုးပေါင်း ၂၀၀ ကျော်ရှိတယ်လို့သိရပါတယ်

အမှန်တကယ်မှာထုတ်လုပ်တဲ့စက်ရုံကတော့မှတ်ပုံတင်ထားတာမရှိကြောင်းနဲ့သုံးစွဲသူတွေအကြားမှာ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်နေတာကို တိုင်ကြားခဲ့သူပေါင်း ၅၀၀၀ လောက် ရှိခဲ့တယ်လို့ရဲမှူးကြီး Vorachai Songmattha က ဆိုပါတယ်သူကိုယ်တိုင် ၀င်ရောက်စစ်ဆေးဖမ်းဆီးမူလုပ်ခဲ့တာပါ ။

ဘတ်ငွေသန်း ၁၀၀၀ ကျော် နဲ့လည်ပါတ်နေတဲ့မက်ဂျစ်စကင်း အလှကုန်လုပ်ငန်း ပိုင်ရှင် ၀နဖါ ရဲ့နေအိမ်မှာဘတ် ငွေ ၁၉ သန်းရွှေထည်အမျိုးပေါင်း၅၃မျိုးနဲ့ အဖိုးတန်ကားတွေပါသိမ်း ဆည်းလိုက်ကြောင်း သိရပါတယ်။

ဘန်ကောက်မြိုပထုံဌာနီကသုံးဧကကျယ်တဲ့၀န်းထဲမှာတည် ဆောက်ထားတဲ့အလှကုန်စက်ရုံဟာတကယ်တော့ တရား ၀င်မှတ်ပုံတင်ထားတာမရှိ ဘဲ တကယ်မှတ်ပုံတင်ထားတာကနကော်စီဌာမရ ပြည်နယ်မှာဖြစ်ပြီးဘန်ကောက်ကတော့ ကိုယ်ပွားအတုစက်ရုံလုပ်ထားတာလို့သိရပါတယ်။ထိုင်းကျန်မာရေးဌာနကတော့ Magic Skin အလှကုန်တွေဟာသုံးစွဲသူတွေအတွက် အန္တရာယ် ရှိတယ်ဆိုတာတရား၀င်ထုတ်ပြန်ခဲ့ပါတယ်။

အနုပညာရှင်တွေကတော ဒီအလှကုန်တွေကို တကယ်သုံးစွဲမကြည့်ပဲ တကယ်အသားဖြူကြောင်းအဆီကျကြောင်း ကိုယ်ရေစစ်လှပချောမောပိန်ပါး ဝိတ်ကျစေဖို့ဒီဆေးတွေအသုံးပြုခဲ့ကြောင်း နဲ့လူထုကိုအန္တရယ်ဖြစ်စေတဲ့အလှကုန်တွေကို ငွေကြေးယူပြိး ကြော်ငြာပေးခဲ့တဲ့အတွက်အနုပညာရှင် ၅၀ကျော်လည်း စစ်ဆေးမူခံနေရပါတယ်။

သူတို့ကတော့ငွေယူပြီးကြောငြာထုတ်ပေးခဲ့တာဖြစ်ပြီးတကယ်ကျန်းမာရေးဌာန့ခွင့်ပြုချက်အတုမှန်းမသိခဲ့ကြဘူးလို့ ပြောကြပါတယ်။စက်ရုံအတွင်းမှာသုံးနေတဲ့ဓါတုဆေးဝါးတွေဟာ ကျန်းမာ ရေးဌာနကစစ်ဆေးပြီး ဖြစ်ကြောင်း ပြောဆိုပေမဲတကယ်တမ်းမှာ Food and Drug Administration (FDA) ခွင်ပြုချက်မပါပဲလုပ်ဆောင်နေတာကိုလည်းတွေ ရှိခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေကဆိုပါတယ် ။

သောက်ဆေးတထုတ်ကို မူရင်းစက်ရုံက ၂၉ဘတ်နဲ့ပေးပြီး အရောင်းကိုယ် စားလှယ်တွေက၂၉၉ဘတ်နဲ့ရောင်းချခဲ့ကြတာပါ။

ထိုင်းမြန်မာနယ်စပ်မဲဆောက်စျေးမှာတော့ပိန်ဆေး အဆီကျဆေး မျက်နှာဖြူဆေးလက်ဖြူဆေး သောက်ဆေးလိမ်း ဆေးစသဖြင့် ကိုယ်ခန္တာနေရာပေါင်းစုံအတွက်ဆေးအမျိုးမျိုးကိုရောင်းချနေတာတွေ့ရသလို့ရွေပြောင်းအလုပ်သမား မိန်းကလေးတွေကြားထဲမှာလည်း အဲဒီဆေးတွေကိုသုံးစွဲနေတာတွေ့ရပါတယ် ။

အဲဒီအတွက် ဒီဆေးတွေကိုသုံးတဲ့အခါမှာအသားရေတွေထိခိုက်ပျက်ဆီးနေတာတွေလည်းရှိသလိုတချို ဆိုရင် မူးဝြေပီးအန်တာ နှလုံးတွေအခုန်မြန်ပြီး ကတုန်ကရင်ဖြစ်တာ တွေ နဲ့လည်းကြုံနေရတာမို့နောက်ထပ်ဆိုးဝါးတဲ့ အန္တရယ်လည်းဖြစ်နိုင်ပါတယ် ။

အလှအပကိုကြိုက်တဲ့မိန်းခလေးတွေအတွက်ဓါတုပစ္စည်းနဲ့လုပ်တဲ့ဆေးမှန်သမျှဟာအန္တရယ်ရှိပါတယ်။ဒီအတွက် ဒီဆေးတွေသုံးစွဲနေတာတွေနဲပတ်သက်လို့သတိပြုကြဖို့မြန်မာအမျိုးသမီးများကိုတိုက်တွန်းလိုက်ရပါတယ်။သွေးလိမ်းတဲ့မြန်မာသနပ်ခါးတုံးဟာအန္တရယ်အကင်းဆုံးဖြစ်တာမို့လိမ်းကြမယ်ဆိုရင်သဘာ ၀အတိုင်းပဲ မျက်နှာတွေအသားတွေ လှပစေပါတယ်။

Credit SAW