သင်အသက်(၃၀)အရွယ်ရောက်တဲ့အခါ မဖြစ်မနေရှိထားရမယ့်အတွေ့အကြုံနဲ့အရည်အချင်း(၉)မျိုး

သင်အသက်(၃၀)အရွယ်ရောက်တဲ့အခါ မဖြစ်မနေရှိထားရမယ့်အတွေ့အကြုံနဲ့အရည်အချင်း(၉)မျိုး

အသက် ၃၀ အရွယ်ဆိုတာအရမ်းတော့ မကြီးသေးပေမယ့်အရမ်းလည်းမငယ်တော့ပါဘူး။ဘဝမှာအတွေ့အကြုံတချို့ကို ဒီအရွယ်မှာဖြတ်သန်းပြီးသင့်နေပြီဖြစ်ပြီးနောက်ထပ်ရင်ဆိုင်ရမယ့်အရာတွေကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ဖို့ အားအတန်အသင့်မွေးထားဖို့လိုတဲ့အချိန်လည်းဖြစ်ပါတယ်။ အောင်မြင်ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်ဖို့ အသက် ၃၀ အရွယ်မှာအခုဖော်ပြမယ့်အတွေ့အကြုံနဲ့အရည်အချင်းတွေရှိထားဖို့လိုပါတယ်။

(၁) တစ်ယောက်တည်းလည်းနေတတ်ဖို့လိုတယ်

အသက်၃၀အရွယ်မှာတချို့က အိမ် ထောင်ပြုကြပြီးသားဖြစ်နေတတ်သလို၊ တချို့ကျတော့ချစ်သူရှိပေမယ့် အိမ် ထောင်မပြုရသေးတဲ့သူတွေလည်းရှိပါတယ်။အိမ်ထောင်လည်းမရှိ၊ ချစ်သူလည်းမရှိတဲ့တစ်ကိုယ်တည်းသမားတွေလည်းရှိပါတယ်။သင့်အနေနဲ့ အိမ်ထောင်ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ၊ တစ် ယောက်တည်းနေတတ်အောင်သင်ယူပါ။

တစ်ယောက်တည်းနေတတ်အောင်လို့ဆိုရာမှာအားလုံးနဲ့ခွဲထွက်ပြီး အထီးကျန်ဆန်ဆန်တစ်ယောက်တည်းနေခိုင်းတာမဟုတ်ပါဘူး။ဘယ်သူမှဘေးမှာမရှိလည်းပြဿနာတွေကို တစ် ယောက်တည်းဖြေရှင်းတတ်အောင်၊ ရင်ဆိုင်နိုင်အောင်လုပ်ဖို့ ပြောချင်တာပါ။

(၂) တစ်ယောက်တည်းခရီးထွက်နိုင်ရမယ်

အရင်ကမိသားစု၊သူငယ်ချင်းတွေနဲ့ ခရီးထွက်ခဲ့ပါလိမ့်မယ်။အခုအချိန်မှာတော့ တစ်ယောက်တည်းခရီးထွက်ဖို့အချိန်ကျပါပြီ။ခရီးစဉ်အစအဆုံးကိုယ်တိုင်စီစဉ်ပြီးသွားကြည့်ပါ။ကိုယ့်ရဲ့လိုအပ်ချက်နဲ့ အားသာချက်တွေကိုရှင်းရှင်းလင်းလင်းကိုသိသွားပါလိမ့်မယ်။

(၃) ကိုယ့်ကိုယ်ကိုလက်ခံနိုင်ဖို့လိုနေပြီ

အရင်ကကိုယ့်ကိုယ်ကိုတခြားသူတွေလောက်မလှလို့၊ မတော်လို့၊ပိုက်ဆံမချမ်းသာလို့စသဖြင့် နှိုင်းယှဉ်စဉ်းစားခဲ့တာမျိုးတွေရှိကောင်းရှိခဲ့နိုင်ပါတယ်။ ဒါပေမယ့်အခုတော့အဲ့ဒါတွေကိုရပ်တန်းကရပ်လိုက်ပါတော့။ကိုယ့်ရဲ့အရှိအတိုင်းကိုလက်ခဲ့ပြီးကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်အောင်စဉ်းစားတွေးတောပါ။

(၄) အလုပ်မှာစီနီယာအဆင့်လောက်ရှိရမယ် ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းအစပြုထားသင့်တယ်

အသက် ၃၀ အရွယ်ဆိုတာအပေါ်မှာပြောခဲ့သလိုပါပဲ၊အသက်အရမ်းမကြီးသေးပေမယ့်ငယ်လည်းမငယ်တော့ပါဘူး။ဒါကြောင့်အလုပ်ခွင်မှာလည်းစီနီယာအဆင့်လောက်ရှိသင့်နေပါပြီ။ဒါမှမဟုတ်ရင်လည်းကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုအစပြုဖို့သင့်နေတဲ့အချိန်ဖြစ်နေပါပြီ။

(၅) တခြားလူတွေရဲ့အမြင်ကိုဂရုမစိုက်သင့်တော့ဘူး

ကိုယ့်ရဲ့ ပုံစံ၊အတွေးအခေါ်နဲ့ကိုယ်လုပ်တဲ့အရာတွေနဲ့ပတ်သက်လို့လူတွေဘယ်လိုထင်မြင်ကြမလဲဆိုပြီး စိုးရိမ်နေတာမျိုးကိုရပ်တန်းကရပ်သင့်ပါပြီ။ဘာလို့လဲဆိုတော့အဲ့ဒီလိုဂရုစိုက်နေတာက ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းစေပြီးလုပ်ရမယ့်အလုပ်တွေကို နှောင့်နှေးစေပါတယ်။

(၆) ကိုယ်တကယ်ကြိုက်နှစ်သက်တဲ့ပညာရပ်တစ်ခုသင်သင့်တယ်

ကိုယ်ဝါသနာပါပြီးသင်ခွင့်မရခဲ့တဲ့ပညာရပ်တစ်ခုခုကိုဒီအချိန်မှာ ရဲရဲဝံ့ဝံ့သင်လိုက်ပါ။အဲ့ဒီပညာက ကိုယ့်အတွက် အကျိုးအမြတ်တစ်စုံတစ်ရာမပေးဘူးဆိုရင်တောင်စိတ်ကိုပျော်ရွှင်စေမယ်ဆိုရင် အချိန်ကုန်ရကျိုးနပ်ပါတယ်။ပြီးတော့
အဲ့ဒါကတစ်ချိန်မှာကိုယ့်ကိုအဖော်ပြုပေးမယ့်အရာမျိုးဖြစ်မလာဘူးလို့မပြောနိုင်ဘူးလေ။

(၇) ကိုယ့်ကိုယ်ကိုလက်ဆောင်ပြန်ပေးနိုင်တဲ့သူဖြစ်သင့်တယ်

ဒီအသက်အရွယ်မှာကိုယ်လိုချင်တာတွေကိုကိုယ်တိုင်ဝယ်နိုင်နေသင့်ပါပြီ။ ကိုယ့်ရဲလိုအပ်ချက်တွေအတွက် တစ် ယောက်ယောက်ကိုမှီခိုရတာမျိုးမဟုတ်ဘဲ ကိုယ် တိုင်ဖြည့်ဆည်းနိုင်တဲ့သူမျိုး၊မိဘတွေကိုပြန်ကြည့်နိုင်တဲ့သူမျိုးဖြစ်အောင်လုပ်ရတော့မှာပါ။

(၈) လေ့ကျင့်ခန်းလုပ်၊ တရားထိုင်တဲ့အကျင့်လေးမွေးမြူထားသင့်တယ်

လေ့ကျင့်ခန်းလုပ်တယ်ဆိုတာခန္ဓာကိုယ်အချိုးအစားလှအောင်လုပ်ဖို့ဆိုလိုတာမဟုတ်ပါဘူး။သက်လုံကောင်းစေမယ့်၊ ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေကိုလုပ်ပါ။ ဒါ့အပြင်တစ်နေ့တာမှာမိနစ်အနည်းငယ်လောက်တရားမှတ်တာ၊တရားထိုင်တာ စတဲ့အကျင့်လေးတွေကို စတင်မွေးမြူပါ။

(၉) စိတ်ထဲမှာဖြစ်လာတာတွေကို ဖွင့်ဟတိုင်ပင်ရမယ့်လူတစ်ယောက်ရှိသင့်တယ်

လူတော်တော်များများကဒီအသက် အရွယ်ရောက်ရင်တည်ငြိမ်သင့်ပြီ၊ ရင့်ကျက်သင့်ပြီလို့သတ်မှတ်လိုက်ပြီး ကိုယ်ခံစားနေရတာတွေအားလုံးကို တစ်ယောက်ယောက်ကိုရင်ဖွင့်တိုင်ပင်တာမျိုးမလုပ်ကြတော့ပါဘူး။တကယ်တော့ဒီအရွယ်မှာစိတ်ဖိစီးမှုတွေ၊ခံစားချက်အပြောင်းအလဲတွေများတဲ့အချိန်ဖြစ်တာကြောင့်ကိုယ့်ရဲ့ခံစားချက်တွေကို ရင်ဖွင့်တိုင်ပင်ဖို့အနီးကပ်ရင်းနှီးတဲ့သူတစ်ယောက်တော့ရှိသင့်ပါတယ်။

source – reader’s digest
Credit:Aunty may

သင္အသက္(၃၀)အ႐ြယ္ေရာက္တဲ့အခါ မျဖစ္မေနရွိထားရမယ့္အေတြ႕အႀကဳံနဲ႕အရည္အခ်င္း(၉)မ်ိဳး

အသက္ ၃၀ အ႐ြယ္ဆိုတာအရမ္းေတာ့ မႀကီးေသးေပမယ့္အရမ္းလည္းမငယ္ေတာ့ပါဘူး။ဘဝမွာအေတြ႕အႀကဳံတခ်ိဳ႕ကို ဒီအ႐ြယ္မွာျဖတ္သန္းၿပီးသင့္ေနၿပီျဖစ္ၿပီးေနာက္ထပ္ရင္ဆိုင္ရမယ့္အရာေတြကို တည္တည္ၿငိမ္ၿငိမ္ရင္ဆိုင္နိုင္ဖို႔ အားအတန္အသင့္ေမြးထားဖို႔လိုတဲ့အခ်ိန္လည္းျဖစ္ပါတယ္။ ေအာင္ျမင္ေပ်ာ္႐ႊင္တဲ့သူတစ္ေယာက္ျဖစ္ဖို႔ အသက္ ၃၀ အ႐ြယ္မွာအခုေဖာ္ျပမယ့္အေတြ႕အႀကဳံနဲ႕အရည္အခ်င္းေတြရွိထားဖို႔လိုပါတယ္။

(၁) တစ္ေယာက္တည္းလည္းေနတတ္ဖို႔လိုတယ္

အသက္၃၀အ႐ြယ္မွာတခ်ိဳ႕က အိမ္ ေထာင္ျပဳၾကၿပီးသားျဖစ္ေနတတ္သလို၊ တခ်ိဳ႕က်ေတာ့ခ်စ္သူရွိေပမယ့္ အိမ္ ေထာင္မျပဳရေသးတဲ့သူေတြလည္းရွိပါတယ္။အိမ္ေထာင္လည္းမရွိ၊ ခ်စ္သူလည္းမရွိတဲ့တစ္ကိုယ္တည္းသမားေတြလည္းရွိပါတယ္။သင့္အေနနဲ႕ အိမ္ေထာင္ရွိသည္ျဖစ္ေစ၊မရွိသည္ျဖစ္ေစ၊ တစ္ ေယာက္တည္းေနတတ္ေအာင္သင္ယူပါ။

တစ္ေယာက္တည္းေနတတ္ေအာင္လို႔ဆိုရာမွာအားလုံးနဲ႕ခြဲထြက္ၿပီး အထီးက်န္ဆန္ဆန္တစ္ေယာက္တည္းေနခိုင္းတာမဟုတ္ပါဘူး။ဘယ္သူမွေဘးမွာမရွိလည္းျပႆနာေတြကို တစ္ ေယာက္တည္းေျဖရွင္းတတ္ေအာင္၊ ရင္ဆိုင္နိုင္ေအာင္လုပ္ဖို႔ ေျပာခ်င္တာပါ။

(၂) တစ္ေယာက္တည္းခရီးထြက္နိုင္ရမယ္

အရင္ကမိသားစု၊သူငယ္ခ်င္းေတြနဲ႕ ခရီးထြက္ခဲ့ပါလိမ့္မယ္။အခုအခ်ိန္မွာေတာ့ တစ္ေယာက္တည္းခရီးထြက္ဖို႔အခ်ိန္က်ပါၿပီ။ခရီးစဥ္အစအဆုံးကိုယ္တိုင္စီစဥ္ၿပီးသြားၾကည့္ပါ။ကိုယ့္ရဲ႕လိုအပ္ခ်က္နဲ႕ အားသာခ်က္ေတြကိုရွင္းရွင္းလင္းလင္းကိုသိသြားပါလိမ့္မယ္။

(၃) ကိုယ့္ကိုယ္ကိုလက္ခံနိုင္ဖို႔လိုေနၿပီ

အရင္ကကိုယ့္ကိုယ္ကိုတျခားသူေတြေလာက္မလွလို႔၊ မေတာ္လို႔၊ပိုက္ဆံမခ်မ္းသာလို႔စသျဖင့္ ႏွိုင္းယွဥ္စဥ္းစားခဲ့တာမ်ိဳးေတြရွိေကာင္းရွိခဲ့နိုင္ပါတယ္။ ဒါေပမယ့္အခုေတာ့အဲ့ဒါေတြကိုရပ္တန္းကရပ္လိုက္ပါေတာ့။ကိုယ့္ရဲ႕အရွိအတိုင္းကိုလက္ခဲ့ၿပီးကိုယ့္ကိုယ္ကိုတန္ဖိုးထားတတ္ေအာင္စဥ္းစားေတြးေတာပါ။

(၄) အလုပ္မွာစီနီယာအဆင့္ေလာက္ရွိရမယ္ ဒါမွမဟုတ္ ကိုယ္ပိုင္လုပ္ငန္းအစျပဳထားသင့္တယ္

အသက္ ၃၀ အ႐ြယ္ဆိုတာအေပၚမွာေျပာခဲ့သလိုပါပဲ၊အသက္အရမ္းမႀကီးေသးေပမယ့္ငယ္လည္းမငယ္ေတာ့ပါဘူး။ဒါေၾကာင့္အလုပ္ခြင္မွာလည္းစီနီယာအဆင့္ေလာက္ရွိသင့္ေနပါၿပီ။ဒါမွမဟုတ္ရင္လည္းကိုယ္ပိုင္လုပ္ငန္းေလးတစ္ခုအစျပဳဖို႔သင့္ေနတဲ့အခ်ိန္ျဖစ္ေနပါၿပီ။

(၅) တျခားလူေတြရဲ႕အျမင္ကိုဂ႐ုမစိုက္သင့္ေတာ့ဘူး

ကိုယ့္ရဲ႕ ပုံစံ၊အေတြးအေခၚနဲ႕ကိုယ္လုပ္တဲ့အရာေတြနဲ႕ပတ္သက္လို႔လူေတြဘယ္လိုထင္ျမင္ၾကမလဲဆိုၿပီး စိုးရိမ္ေနတာမ်ိဳးကိုရပ္တန္းကရပ္သင့္ပါၿပီ။ဘာလို႔လဲဆိုေတာ့အဲ့ဒီလိုဂ႐ုစိုက္ေနတာက ကိုယ့္ကိုယ္ကိုယုံၾကည္မႈေလ်ာ့နည္းေစၿပီးလုပ္ရမယ့္အလုပ္ေတြကို ေႏွာင့္ေႏွးေစပါတယ္။

(၆) ကိုယ္တကယ္ႀကိဳက္ႏွစ္သက္တဲ့ပညာရပ္တစ္ခုသင္သင့္တယ္

ကိုယ္ဝါသနာပါၿပီးသင္ခြင့္မရခဲ့တဲ့ပညာရပ္တစ္ခုခုကိုဒီအခ်ိန္မွာ ရဲရဲဝံ့ဝံ့သင္လိုက္ပါ။အဲ့ဒီပညာက ကိုယ့္အတြက္ အက်ိဳးအျမတ္တစ္စုံတစ္ရာမေပးဘူးဆိုရင္ေတာင္စိတ္ကိုေပ်ာ္႐ႊင္ေစမယ္ဆိုရင္ အခ်ိန္ကုန္ရက်ိဳးနပ္ပါတယ္။ၿပီးေတာ့
အဲ့ဒါကတစ္ခ်ိန္မွာကိုယ့္ကိုအေဖာ္ျပဳေပးမယ့္အရာမ်ိဳးျဖစ္မလာဘူးလို႔မေျပာနိုင္ဘူးေလ။

(၇) ကိုယ့္ကိုယ္ကိုလက္ေဆာင္ျပန္ေပးနိုင္တဲ့သူျဖစ္သင့္တယ္

ဒီအသက္အ႐ြယ္မွာကိုယ္လိုခ်င္တာေတြကိုကိုယ္တိုင္ဝယ္နိုင္ေနသင့္ပါၿပီ။ ကိုယ့္ရဲလိုအပ္ခ်က္ေတြအတြက္ တစ္ ေယာက္ေယာက္ကိုမွီခိုရတာမ်ိဳးမဟုတ္ဘဲ ကိုယ္ တိုင္ျဖည့္ဆည္းနိုင္တဲ့သူမ်ိဳး၊မိဘေတြကိုျပန္ၾကည့္နိုင္တဲ့သူမ်ိဳးျဖစ္ေအာင္လုပ္ရေတာ့မွာပါ။

(၈) ေလ့က်င့္ခန္းလုပ္၊ တရားထိုင္တဲ့အက်င့္ေလးေမြးျမဴထားသင့္တယ္

ေလ့က်င့္ခန္းလုပ္တယ္ဆိုတာခႏၶာကိုယ္အခ်ိဳးအစားလွေအာင္လုပ္ဖို႔ဆိုလိုတာမဟုတ္ပါဘူး။သက္လုံေကာင္းေစမယ့္၊ က်န္းမာေရးအတြက္အေထာက္အကူျဖစ္ေစတဲ့ ေလ့က်င့္ခန္းေတြကိုလုပ္ပါ။ ဒါ့အျပင္တစ္ေန႕တာမွာမိနစ္အနည္းငယ္ေလာက္တရားမွတ္တာ၊တရားထိုင္တာ စတဲ့အက်င့္ေလးေတြကို စတင္ေမြးျမဴပါ။

(၉) စိတ္ထဲမွာျဖစ္လာတာေတြကို ဖြင့္ဟတိုင္ပင္ရမယ့္လူတစ္ေယာက္ရွိသင့္တယ္

လူေတာ္ေတာ္မ်ားမ်ားကဒီအသက္ အ႐ြယ္ေရာက္ရင္တည္ၿငိမ္သင့္ၿပီ၊ ရင့္က်က္သင့္ၿပီလို႔သတ္မွတ္လိုက္ၿပီး ကိုယ္ခံစားေနရတာေတြအားလုံးကို တစ္ေယာက္ေယာက္ကိုရင္ဖြင့္တိုင္ပင္တာမ်ိဳးမလုပ္ၾကေတာ့ပါဘူး။တကယ္ေတာ့ဒီအ႐ြယ္မွာစိတ္ဖိစီးမႈေတြ၊ခံစားခ်က္အေျပာင္းအလဲေတြမ်ားတဲ့အခ်ိန္ျဖစ္တာေၾကာင့္ကိုယ့္ရဲ႕ခံစားခ်က္ေတြကို ရင္ဖြင့္တိုင္ပင္ဖို႔အနီးကပ္ရင္းႏွီးတဲ့သူတစ္ေယာက္ေတာ့ရွိသင့္ပါတယ္။

source – reader’s digest
Credit:Aunty may