ဆင်းရဲပေမဲ့ ရိုးသားသည့် စိတ်ဓာတ်ကိုသက်သေပြလိုက်တဲ့ အိန္ဒိယနိုင်ငံက ဖြစ်ရပ်မှန်တစ်ခု

ဆင်းရဲပေမဲ့ ရိုးသားသည့် စိတ်ဓာတ်ကိုသက်သေပြလိုက်တဲ့ အိန္ဒိယနိုင်ငံက ဖြစ်ရပ်မှန်တစ်ခု

ဘာသာပြန် – ဗန်းမော်သိန်းဖေ၊အိန္ဒိယနိုင်ငံကဖြစ်ရပ်မှန်တစ်ခုပါ။အသက် ၄၅ နှစ်အရွယ်ကေဆူဒါကရန်ဆိုတဲ့လူတစ်ယောက်ဟာကန်ဟန်ဂတ်မြို့လေးက စျေးထဲမှာဆိုင်လေးတစ်ခုဖွင့်ပြီးစျေးရောင်းတယ်။

သူ့ဆိုင်လေးမှာချိုချဉ်၊အအေးနဲ့ ထီလက်မှတ်တွေရောင်းတယ်။သူ့ဆိုင်ကနေ တစ်လကိုရူပီငွေ ၁၀,၀၀၀ (ကျပ်တစ်သိန်း ၂ သောင်း) လောက်တော့ ပုံမှန်လေးရနေပါတယ်။တမနက်ခင်းမှာသူ့ဆိုင်မှာ ဝယ်နေကျ

ဖေါက်သယ်တစ်ယောက်ဖြစ်တဲ့ပီအရှိုကန်ကသူ့ဆီကိုဖုန်းဆက်ပြီးထီလက်မှတ် ၁၀ စောင်ဖယ်ထားပေးပါ။နောက်တနေ့မနက်မှာလာယူမယ်လို့ ပြောလိုက်တယ်။ အဲဒီညနေမှာထီဖွင့်လို့ဆူဒါကရန်ကထီတိုက်ကြည့်လိုက်တယ်။ 

အရှိုကန်ဝယ်ဖို့ဖယ်ခိုင်းထားတဲ့ထီလက် မှတ် ၁၀ စောင်ထဲကတစ်စောင်ဟာ ထီပေါက်နေတာကိုတွေ့လိုက်ရတယ်။ ပေါက်တဲ့ဆုကပထမဆုကြီး။ ရူပီငွေ ၁၀ သန်း(ကျပ်သိန်း ၁,၈၀၀)။

ရုတ်တရက်သူဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။နောက်တော့သူ့အဖေကိုအရှိုကန်မှာထားတဲ့အထဲကထီတစ်စောင်ဟာ ပထမဆုကြီးပေါက်နေကြောင်းပြောပြလိုက်တယ်။သူ့အဖေကအရှိုကန်ကို

ဖုန်းဆက်ပြောလိုက်လို့ပြန်ပြောလာတယ်။သူ ချက်ခြင်းအရှိုကန်ဆီဖုန်းဆက်အကြောင်းကြားလိုက်တယ်။အရှိုကန် ရောက်လာပြီးသူ့ရဲ့ရိုးသားမှုကိုအံ့သြချီးကျူးမဆုံးဖြစ်သွားတယ်။

တကယ်တမ်းဆိုရင်ဆူဒါကရန်ကအရှိုကန်ကိုသူ့အတွက်ဖယ်ထားတဲ့ထီလက်မှတ်နံပတ်တွေကိုမပြောပြရသေးပါဘူး။နောက်ပြီးသူ့ဆီကထီလက်မှတ်ဖိုးလည်းမယူရသေးပါဘူး။

သူ့အနေနဲ့ အဲဒီပေါက်တဲ့ထီလက်မှတ်ကို ထီမပေါက်တဲ့လက်မှတ်တစ်စောင်နဲ့ လဲထားလိုက်ရင်လည်းဘယ်သူမှမသိပါဘူး။တရားဥပဒေအရလည်းသူ့ဟာဘာမှ ငြိစွန်းမှုမရှိပါဘူး။

သူ့ကို အဲဒီလိုဘာကြောင့်လုပ်ရတာလဲလို့ မေးကြည့်တော့သူကခုလို ဖြေပါတယ်။ “ကျနော့်အဖေကကျနော်ငယ်ငယ်လေးကတဲကပြောနေကျစကားတစ်ခုရှိတယ်။ မင်းမှာပိုက်ဆံမရှိရင်တောင်းစား။

သူများပစ္စည်းကိုဘယ်တော့မှမခိုးနဲ့ မရိုးမသားနည်းနဲ့မယူနဲ့တဲ့။အဖေ့စကားကြောင့်ပါ”တဲ့။လအတန်ကြာမှာသူဟာရထားစီးသွားရင်တွဲပေါ်မှာကျနေတဲ့ရွှေဆွဲကြိုးတစ်ကုံးကိုရဲလက်ကိုအပ်လိုက်ပါတယ်။

ရဲကစုံစမ်းပြီးပိုင်ရှင်ကို ပြန်ပေးလိုက်ပါတယ်။ဆူဒါကန်ဟာ ထီဆုကြီးမယူလို့ သူ့ဘဝဟာချောင်ချောင်လည်လည်ရှိရဲ့လား။သူ့မှာကလေး ၆ ယောက် ရှိတယ်။ သမီးတစ်ယောက်ကမသန်စွမ်းဖြစ်နေတယ်။

သူ့ဆိုင်ခန်းကိုငှားထားရတာပါ။မနက်တိုင်း ၄ နာရီခွဲထပြီးသူ့ရွာကနေ သူ့ဆိုင်ရှိတဲ့ ကန်ဟန်ဂတ်မြို့ကို ၂ နာရီကြာ ရထားစီးသွားရတယ်။သူဟာတပတ်လုံး တစ်ရက်မှအနားမယူဘဲစျေးရောင်းရတယ်။

မိသားစုစားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေရတယ်။ရိုးသားမှုဟာ ယနေ့ကမ္ဘာပေါ်မှာဒိုင်နိူဆောသတ္တဝါကြီးလို ပျောက်ကွယ်သွားပြီလို့ထင်နေမိတာဒီသတင်းဖတ်လိုက်ရတော့လည်းသြော် ရှိပါသေးလားလို့ တွေးရင်းရင်အေးမိပါတယ်။

Credit

ဆင္းရဲေပမဲ့ ရိုးသားသည့္ စိတ္ဓာတ္ကိုသက္ေသျပလိုက္တဲ့ အိႏၵိယနိုင္ငံက ျဖစ္ရပ္မွန္တစ္ခု

ဘာသာျပန္ – ဗန္းေမာ္သိန္းေဖ၊အိႏၵိယနိုင္ငံကျဖစ္ရပ္မွန္တစ္ခုပါ။အသက္ ၄၅ ႏွစ္အ႐ြယ္ေကဆူဒါကရန္ဆိုတဲ့လူတစ္ေယာက္ဟာကန္ဟန္ဂတ္ၿမိဳ႕ေလးက ေစ်းထဲမွာဆိုင္ေလးတစ္ခုဖြင့္ၿပီးေစ်းေရာင္းတယ္။

သူ႕ဆိုင္ေလးမွာခ်ိဳခ်ဥ္၊အေအးနဲ႕ ထီလက္မွတ္ေတြေရာင္းတယ္။သူ႕ဆိုင္ကေန တစ္လကို႐ူပီေငြ ၁၀,၀၀၀ (က်ပ္တစ္သိန္း ၂ ေသာင္း) ေလာက္ေတာ့ ပုံမွန္ေလးရေနပါတယ္။တမနက္ခင္းမွာသူ႕ဆိုင္မွာ ဝယ္ေနက်

ေဖါက္သယ္တစ္ေယာက္ျဖစ္တဲ့ပီအရွိုကန္ကသူ႕ဆီကိုဖုန္းဆက္ၿပီးထီလက္မွတ္ ၁၀ ေစာင္ဖယ္ထားေပးပါ။ေနာက္တေန႕မနက္မွာလာယူမယ္လို႔ ေျပာလိုက္တယ္။ အဲဒီညေနမွာထီဖြင့္လို႔ဆူဒါကရန္ကထီတိုက္ၾကည့္လိုက္တယ္။ 

အရွိုကန္ဝယ္ဖို႔ဖယ္ခိုင္းထားတဲ့ထီလက္ မွတ္ ၁၀ ေစာင္ထဲကတစ္ေစာင္ဟာ ထီေပါက္ေနတာကိုေတြ႕လိုက္ရတယ္။ ေပါက္တဲ့ဆုကပထမဆုႀကီး။ ႐ူပီေငြ ၁၀ သန္း(က်ပ္သိန္း ၁,၈၀၀)။

႐ုတ္တရက္သူဘာလုပ္ရမွန္းမသိျဖစ္သြားတယ္။ေနာက္ေတာ့သူ႕အေဖကိုအရွိုကန္မွာထားတဲ့အထဲကထီတစ္ေစာင္ဟာ ပထမဆုႀကီးေပါက္ေနေၾကာင္းေျပာျပလိုက္တယ္။သူ႕အေဖကအရွိုကန္ကို

ဖုန္းဆက္ေျပာလိုက္လို႔ျပန္ေျပာလာတယ္။သူ ခ်က္ျခင္းအရွိုကန္ဆီဖုန္းဆက္အေၾကာင္းၾကားလိုက္တယ္။အရွိုကန္ ေရာက္လာၿပီးသူ႕ရဲ႕ရိုးသားမႈကိုအံ့ၾသခ်ီးက်ဴးမဆုံးျဖစ္သြားတယ္။

တကယ္တမ္းဆိုရင္ဆူဒါကရန္ကအရွိုကန္ကိုသူ႕အတြက္ဖယ္ထားတဲ့ထီလက္မွတ္နံပတ္ေတြကိုမေျပာျပရေသးပါဘူး။ေနာက္ၿပီးသူ႕ဆီကထီလက္မွတ္ဖိုးလည္းမယူရေသးပါဘူး။

သူ႕အေနနဲ႕ အဲဒီေပါက္တဲ့ထီလက္မွတ္ကို ထီမေပါက္တဲ့လက္မွတ္တစ္ေစာင္နဲ႕ လဲထားလိုက္ရင္လည္းဘယ္သူမွမသိပါဘူး။တရားဥပေဒအရလည္းသူ႕ဟာဘာမွ ၿငိစြန္းမႈမရွိပါဘူး။

သူ႕ကို အဲဒီလိုဘာေၾကာင့္လုပ္ရတာလဲလို႔ ေမးၾကည့္ေတာ့သူကခုလို ေျဖပါတယ္။ “က်ေနာ့္အေဖကက်ေနာ္ငယ္ငယ္ေလးကတဲကေျပာေနက်စကားတစ္ခုရွိတယ္။ မင္းမွာပိုက္ဆံမရွိရင္ေတာင္းစား။

သူမ်ားပစၥည္းကိုဘယ္ေတာ့မွမခိုးနဲ႕ မရိုးမသားနည္းနဲ႕မယူနဲ႕တဲ့။အေဖ့စကားေၾကာင့္ပါ”တဲ့။လအတန္ၾကာမွာသူဟာရထားစီးသြားရင္တြဲေပၚမွာက်ေနတဲ့ေ႐ႊဆြဲႀကိဳးတစ္ကုံးကိုရဲလက္ကိုအပ္လိုက္ပါတယ္။

ရဲကစုံစမ္းၿပီးပိုင္ရွင္ကို ျပန္ေပးလိုက္ပါတယ္။ဆူဒါကန္ဟာ ထီဆုႀကီးမယူလို႔ သူ႕ဘဝဟာေခ်ာင္ေခ်ာင္လည္လည္ရွိရဲ႕လား။သူ႕မွာကေလး ၆ ေယာက္ ရွိတယ္။ သမီးတစ္ေယာက္ကမသန္စြမ္းျဖစ္ေနတယ္။

သူ႕ဆိုင္ခန္းကိုငွားထားရတာပါ။မနက္တိုင္း ၄ နာရီခြဲထၿပီးသူ႕႐ြာကေန သူ႕ဆိုင္ရွိတဲ့ ကန္ဟန္ဂတ္ၿမိဳ႕ကို ၂ နာရီၾကာ ရထားစီးသြားရတယ္။သူဟာတပတ္လုံး တစ္ရက္မွအနားမယူဘဲေစ်းေရာင္းရတယ္။

မိသားစုစားဝတ္ေနေရးအတြက္ ႀကိဳးစား႐ုန္းကန္ေနရတယ္။ရိုးသားမႈဟာ ယေန႕ကမာၻေပၚမွာဒိုင္နိူေဆာသတၱဝါႀကီးလို ေပ်ာက္ကြယ္သြားၿပီလို႔ထင္ေနမိတာဒီသတင္းဖတ္လိုက္ရေတာ့လည္းေၾသာ္ ရွိပါေသးလားလို႔ ေတြးရင္းရင္ေအးမိပါတယ္။

Credit