ရပ်ကွက်အနီးအနားမှာရှိတဲ့သူတွေအတွက် နှစ်ရက်ဆက်တိုက် ဆန်၊ဆီများလှူဒါန်းပေးခဲ့တဲ့ အောင်လနဲ့ဝိုင်းစုခိုင်သိန်း
ပရိသတ်ကြီးရေ အဆိုတော်အောင်လနဲ့ အဆိုတော်သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းတို့ချစ်သူနှစ်ယောက်ကတော့ အနုပညာအလုပ်တွေကိုလည်း အတူတူတွဲပြီးလုပ်ကိုင်နေကာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုလည်းရရှိနေတာဖြစ်ပါတယ်။ဝိုင်းစုတို့ချစ်သူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး နားလည်မှုတွေနဲ့ရွှေလက်တွဲနေကြတာပဲဖြစ်ပါတယ်။
ဝိုင်းစုတို့ချစ်သူနှစ်ယောက်ကတော့ ဝါသနာလည်းတူ လျှောက်လှမ်းနေတဲ့လမ်းကြောင်းတွေလည်းတူညီတာမို့ တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ဆည်း ပေးရင်း တကယ့်ကိုပျော်ရွှင်ကြည်နူးစရာအချစ်ကမာ္ဘလေးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့ ဝိုင်းစုတို့နှစ်ယာက်က လတ်တလောမှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါတွေကြောင့် အဆင်မပြေဖြစ်နေသူတွေအတွက် တတ်နိုင်သလောက်လှူဒါန်းမှုလေးပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ဝိုင်းစုတော့”မနေ့ကနဲ့ဒီနေ့ နှစ်ရက်ရပ်ကွက်အနီးအနားမှာ ရှိတဲ့သူတွေကိုတတ်နိုင်သလောက်လေး အလှူဒါနလုပ်ဖြစ်တယ်ကပ်ရောဂါကြီး အမြန်ပြီးဆုံးပြီး အေးချမ်းကြပါစေ”ဆိုပြီး တင်ထားခဲ့ပါတယ်။ပရိတ်သတ်ကြီး သာဓုခေါ်နိုင်ဖို့အတွက် ဝိုင်းစုတို့ရဲ့အလှူလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။Source-Wine Su
Credit
Zawgyi