ဇန်နဝါရီ(၂၅) ရက်နေ့ ၊ နံနက် (၁)နာရီ (၄၅)မိနစ်ခန့်က တောင်ကိုးရီးယားနိုင်ငံ ၊ ဆောဂွီဖိုမြို့ ၊ ဂျယ်ဂျူပင်လယ်ထဲမှာ တရုတ်နိုင်ငံသား (၁၄) ဦးနှင့် မြန်မာနိုင်ငံသား (၈) ယောက် လိုက်ပါလာတဲ့ ကုန်တင်သင်္ဘောတစ်စင်းဟာ နစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ပင်လယ်ပြင်အတွင်း နောက်ဆက်တွဲသတင်းများအရ မြန်မာသင်္ဘောသားတွေပါဝင်တဲ့ ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်မှုမှာ (၂) ဦးသေဆုံးပြီး (၉) ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ပြောကြားခဲ့ပေမယ့် တကယ်တမ်း ပျောက်ဆုံးနေခဲ့တာဟာ (၁၃)ဦး ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။
ကုန်တင်သင်္ဘောနစ်မြုပ်မှုအတွင်း သင်္ဘောပေါ်လိုက်ပါခဲ့သူများအနက် (၂) ဦးမှာ သေဆုံးခဲ့ပြီး (၉) ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ သိရပြီး ရှာဖွေမှုများအတွင်း ဇန်နဝါရီ(၂၅)ရက်နေ့က ရှာဖွေတွေ့ရှိမှုအရ သေဆုံးခဲ့သူ (၂) ဦး ရှိနေခဲ့ပြီး
ယမန်နေ့ ဇန်နဝါရီ (၂၆)ရက်နေ့က ရှာဖွေတွေ့ရှိမှုအရ ကုန်တင်သင်္ဘောနစ်မြုပ်ခဲ့မှုအတွင်း မြန်မာနိုင်ငံသား (၂) ဦးအပါအဝင် စုစုပေါင်း (၈) ဦးသေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။
ဇန်နဝါရီလ (၂၅) ရက်နေ့ နံနက်အစောပိုင်းအချိန်ကစပြီး ဂျယ်ဂျူကျွန်း၊ ဆောဂွီဖိုမြို့အရှေ့တောင်ပိုင်းရဲ့ (၁၄၈) ကီလိုမီတာအကွာက ပင်လယ်ပြင်မှာ မြန်မာသင်္ဘောသား (၈) ဦးအပါအဝင် သင်္ဘောသား (၂၂) ဦးလိုက်ပါလာတဲ့ ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့မှုကြောင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များအပါအဝင် ဂျပန်ရဲတို့ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယမန်နေ့ ဇန်နဝါရီလ (၂၆) ရက်နေ့မှာတော့ ဂျပန်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က လူ (၁၃) ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ထို (၁၃) ဦးအနက် (၈) ဦးမှာ အသက်ပါမလာတော့ဘဲ သေဆုံးသူများအတွင်း မြန်မာနှစ်ဦး ပါဝင်တာဖြစ်တယ်လို့ သိရပါတယ်။
Zawgyi (Version)
ေဟာင္ေကာင္သေဘၤာ္ တိမ္းေမွာက္မႈျဖစ္စဥ္မွာ ျမန္မာႏိုင္ငံသား(၂)ဦးအပါအဝင္ (၈)ဦး ေသဆုံး
ဇန္နဝါရီ(၂၅) ရက္ေန႔ ၊ နံနက္ (၁)နာရီ (၄၅)မိနစ္ခန႔္က ေတာင္ကိုးရီးယားႏိုင္ငံ ၊ ေဆာဂြီဖိုၿမိဳ႕ ၊ ဂ်ယ္ဂ်ဴပင္လယ္ထဲမွာ တ႐ုတ္ႏိုင္ငံသား (၁၄) ဦးႏွင့္ ျမန္မာႏိုင္ငံသား (၈) ေယာက္ လိုက္ပါလာတဲ့ ကုန္တင္သေဘၤာတစ္စင္းဟာ နစ္ျမဳပ္သြားခဲ့တယ္လို႔ သိရပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ပင္လယ္ျပင္အတြင္း ေနာက္ဆက္တြဲသတင္းမ်ားအရ ျမန္မာသေဘၤာသားေတြပါဝင္တဲ့ ကုန္တင္သေဘၤာတစ္စီး နစ္ျမဳပ္မႈမွာ (၂) ဦးေသဆုံးၿပီး (၉) ဦးေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ေျပာၾကားခဲ့ေပမယ့္ တကယ္တမ္း ေပ်ာက္ဆုံးေနခဲ့တာဟာ (၁၃)ဦး ျဖစ္ေနခဲ့တယ္လို႔ သိရပါတယ္။
ကုန္တင္သေဘၤာနစ္ျမဳပ္မႈအတြင္း သေဘၤာေပၚလိုက္ပါခဲ့သူမ်ားအနက္ (၂) ဦးမွာ ေသဆုံးခဲ့ၿပီး (၉) ဦးေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ ႐ိုက္တာသတင္းဌာနက ကမ္းေျခေစာင့္တပ္ဖြဲ႕ရဲ႕ ေျပာဆိုခ်က္အရ သိရၿပီး ရွာေဖြမႈမ်ားအတြင္း ဇန္နဝါရီ(၂၅)ရက္ေန႔က ရွာေဖြေတြ႕ရွိမႈအရ ေသဆုံးခဲ့သူ (၂) ဦး ရွိေနခဲ့ၿပီး
ယမန္ေန႔ ဇန္နဝါရီ (၂၆)ရက္ေန႔က ရွာေဖြေတြ႕ရွိမႈအရ ကုန္တင္သေဘၤာနစ္ျမဳပ္ခဲ့မႈအတြင္း ျမန္မာႏိုင္ငံသား (၂) ဦးအပါအဝင္ စုစုေပါင္း (၈) ဦးေသဆုံးခဲ့တယ္လို႔ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရပါတယ္။
ဇန္နဝါရီလ (၂၅) ရက္ေန႔ နံနက္အေစာပိုင္းအခ်ိန္ကစၿပီး ဂ်ယ္ဂ်ဴကြၽန္း၊ ေဆာဂြီဖိုၿမိဳ႕အေရွ႕ေတာင္ပိုင္းရဲ႕ (၁၄၈) ကီလိုမီတာအကြာက ပင္လယ္ျပင္မွာ ျမန္မာသေဘၤာသား (၈) ဦးအပါအဝင္ သေဘၤာသား (၂၂) ဦးလိုက္ပါလာတဲ့ ကုန္တင္သေဘၤာတစ္စီး နစ္ျမဳပ္ခဲ့မႈေၾကာင့္ ကမ္းေျခေစာင့္တပ္ဖြဲ႕ဝင္မ်ားအပါအဝင္ ဂ်ပန္ရဲတို႔ ပူးေပါင္းကာ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ၿပီး ယမန္ေန႔ ဇန္နဝါရီလ (၂၆) ရက္ေန႔မွာေတာ့ ဂ်ပန္ကမ္း႐ိုးတန္းေစာင့္တပ္ဖြဲ႕က လူ (၁၃) ဦးကို ကယ္ဆယ္ႏိုင္ခဲ့ေသာ္လည္း ထို (၁၃) ဦးအနက္ (၈) ဦးမွာ အသက္ပါမလာေတာ့ဘဲ ေသဆုံးသူမ်ားအတြင္း ျမန္မာႏွစ္ဦး ပါဝင္တာျဖစ္တယ္လို႔ သိရပါတယ္။