ထိုင်းနိုင်ငံ မှာ တက္ကသိုလ်တက်ရောက်နေတဲ့ မြန်မာကျောင်းသား တစ်ဦး အထပ်မြင့်တိုက်ပေါ်မှ ခုန်ချမှုကြောင့် သေဆုံးသွားတယ်လို့ ထိုင်းအခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ နာမည်ကြီး ပုဂ္ဂလိက တက္ကသိုလ်မှာ ပထမနှစ် တက်ရောက်နေတဲ့ အသက် (၂၁) နှစ် အရွယ်ရှိ မြန်မာ ကျောင်းသား ဖြိုးကျော်နိုင်ဆိုသူဟာ ယမန်နေ့ ဇန်နဝါရီ (၂၆) ရက်နေ့က ခုန်ချသေဆုံးခဲ့တယ် လို့ သိရပါတယ်။
အသက်(၂၁)နှစ်အရွယ်ရှိ အဆိုပါအမျိုးသား ဟာ သူနေထိုင်တဲ့အခန်းရဲ့ နောက်ဖေးမှာရှိတဲ့ လသာဆောင်မှာ ဖိနပ်တစ်ရံချွတ်ထားကာ အောက်ကို ခုန်ချခဲ့တာဖြစ်ပြီး ၎င်း နေရာမှာတင်ပဲ သေဆုံးသွားတာဖြစ်တယ်လို့ သတင်းဌာနများမှာ ဖော်ပြထားခဲ့ပြီး သူတက်ရောက်ခဲ့တဲ့ ကျောင်းအမည်ကိုတော့ ထည့်သွင်းဖော်ပြထားခြင်းမရှိဘူး လို့ သိရပါတယ်။
သတင်းဖော်ပြထားချက်အရ ယင်းဖြစ်စဉ်ကို ဒေသခံ ရဲစခန်းမှ စစ်ဆေးရေးအရာရှိများ နှင့် မှုခင်းဆေးသိပ္ပံဌာန ဆရာဝန်များ အပါဝင် ပရဟိတ လူမှုကယ်ဆယ်ရေးနှင့်တကွ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ယင်း ကျောင်းသား ဟာ အထပ်မြင့် (၅) ထပ်တိုက်အခန်း တစ်ခုမှာ တစ်ဦးတည်း နေထိုင်သူဖြစ်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၅) ရက်နေ့က မိသားစုတွေထံ စာပို့ပြီး နှုတ်ဆက်စကားပြောဆိုပြီးနောက်မှာ အဆုံးစီရင်တာမျိုး ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ယူဆကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
Zawgyi (Version)
ထိုင္းႏိုင္ငံ မွာ တကၠသိုလ္တက္ေရာက္ေနတဲ့ ျမန္မာေက်ာင္းသား တစ္ဦး အထပ္ျမင့္တိုက္ေပၚမွ ခုန္ခ်မႈေၾကာင့္ ေသဆုံးသြားတယ္လို႔ ထိုင္းအေျခစိုက္သတင္းေတြမွာ ေဖာ္ျပထားပါတယ္။ ထိုင္းႏိုင္ငံမွာရွိတဲ့ နာမည္ႀကီး ပုဂၢလိက တကၠသိုလ္မွာ ပထမႏွစ္ တက္ေရာက္ေနတဲ့ အသက္ (၂၁) ႏွစ္ အ႐ြယ္ရွိ ျမန္မာ ေက်ာင္းသား ၿဖိဳးေက်ာ္ႏိုင္ဆိုသူဟာ ယမန္ေန႔ ဇန္နဝါရီ (၂၆) ရက္ေန႔က ခုန္ခ်ေသဆုံးခဲ့တယ္ လို႔ သိရပါတယ္။
အသက္(၂၁)ႏွစ္အ႐ြယ္ရွိ အဆိုပါအမ်ိဳးသား ဟာ သူေနထိုင္တဲ့အခန္းရဲ႕ ေနာက္ေဖးမွာရွိတဲ့ လသာေဆာင္မွာ ဖိနပ္တစ္ရံခြၽတ္ထားကာ ေအာက္ကို ခုန္ခ်ခဲ့တာျဖစ္ၿပီး ၎ ေနရာမွာတင္ပဲ ေသဆုံးသြားတာျဖစ္တယ္လို႔ သတင္းဌာနမ်ားမွာ ေဖာ္ျပထားခဲ့ၿပီး သူတက္ေရာက္ခဲ့တဲ့ ေက်ာင္းအမည္ကိုေတာ့ ထည့္သြင္းေဖာ္ျပထားျခင္းမရွိဘူး လို႔ သိရပါတယ္။
သတင္းေဖာ္ျပထားခ်က္အရ ယင္းျဖစ္စဥ္ကို ေဒသခံ ရဲစခန္းမွ စစ္ေဆးေရးအရာရွိမ်ား ႏွင့္ မႈခင္းေဆးသိပၸံဌာန ဆရာဝန္မ်ား အပါဝင္ ပရဟိတ လူမႈကယ္ဆယ္ေရးႏွင့္တကြ သြားေရာက္ၾကည့္ရႈ စစ္ေဆးခဲ့ၿပီး ယင္း ေက်ာင္းသား ဟာ အထပ္ျမင့္ (၅) ထပ္တိုက္အခန္း တစ္ခုမွာ တစ္ဦးတည္း ေနထိုင္သူျဖစ္ကာ ၿပီးခဲ့တဲ့ ဇန္နဝါရီ (၂၅) ရက္ေန႔က မိသားစုေတြထံ စာပို႔ၿပီး ႏႈတ္ဆက္စကားေျပာဆိုၿပီးေနာက္မွာ အဆုံးစီရင္တာမ်ိဳး ျဖစ္ႏိုင္တယ္လို႔ ရဲတပ္ဖြဲ႕က ယူဆေၾကာင္း သတင္းမွာ ေဖာ္ျပထားပါတယ္။