လမ်းမပေါ်မှာ အရက်မူးပြီး ပက်လက်လန်အိပ်ခဲ့တဲ့ မင်းသမီး Han So Hee
ဇန်န၀ါရီလ 24 ရက်နေ့က မင်းသမီး Han Sohee က နှစ်သစ်ကူးကာလအတွင်း သူမရဲ့ကိုယ်ပိုင် Instagram အကောင့်ကနေ ဓာတ်ပုံတွေအများအပြား တင်ခဲ့ပါတယ်။
“ညီမလေးနဲ့ ကျွန်မ နှစ်ရက်ဆက်တိုက် ဆင်တူအင်္ကျီလေးတွေ ဝတ်တယ်။ ဂိမ်းဆော့တယ်။ အိပ်တယ်။ စားတယ်၊ ဂိမ်းဆော့တယ်။ ” လို့ Caption လေးနဲ့ ရေးပြီးတင်ထားပါတယ်။
မင်းသမီးက ဓာတ်ပုံတွေ ဗီဒီယိုတွေ တင်ပြီး သိပ်မကြာခင်မှာဘဲ Unnie က “ နောက်ထပ် ဘယ်တော့မှ မသောက်တော့ဘူး” လို့ Caption လေးရေးပြီး Photo နဲ့ Video လေးတွေ တင်ခဲ့ပါတယ်။ အရက်မူးပြီး နေကာမျက်မှန်ကြီးနဲ့ လမ်းဘေးမှာ အိပ်နေတဲ့ ဓာတ်ပုံတွေက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ပြီး နာမည်ကြီးနေပါတယ်။
တစ်ချိန်တည်းမှာပင် သူမရဲ့ ပရိသတ်တွေကလည်း “မူးပြီးအိပ်နေတာ သူလား .. အနုပညာရှင်ဖြစ်ပြီး ဟိတ်ဟန်တွေမရှိဘဲ လွတ်လွတ်လပ်လပ်နေတတ်တာလေးကို သဘောကျလိုက်တာ ..” ဆိုပြီး Comment လေးတွေ ရေးခဲ့ကြပါတယ်။
Zawgyi (Version)