ကျောင်းကပြုလုပ်တဲ့ International day အတွက် သားဖြစ်သူကို မြန်မာဝတ်စုံလေး ဂုဏ်ယူစွာဆင်ပေးခဲ့တဲ့ ပိုးအိအိခန့်

ပရိသတ်ကြီးရေ ပိုးအိအိခန့်ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူအောင်သူနဲ့အတူ ထိုင်းနိုင်ငံမှာသွားရောက်နေထိုင်နေခဲ့ပါတယ်။

ပိုးအိအိခန့်ကတော့ သူ့ရဲ့သားလေးကိုလည်း ကျောင်းထားရမယ်အရွယ်လေးရောက်လာပြီဖြစ်တာကြောင့် လက်ရှိနေထိုင်နေတဲ့ ထိုင်းနိုင်ငံမှာပဲကျောင်းထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတော့ သားလေးရဲ့ ကျောင်းမှာ International day အတွက် traditional costume လေး ဝတ်ဆင်ရတဲ့အချိန်မှာတော့ ပိုးအိအိခန့်က သားလေးကို မြန်မာဝတ်စုံလေးကို ဂုဏ်ယူစွာနဲ့ ဆင်မြန်းပေးခဲ့ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

မြန်မာဝတ်စုံပုဆိုးတိုက်ပုံလေးနဲ့သားလေးရဲ့ ပုံလေးတွေကိုလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြခဲ့ပြီး ပရိသတ်တွေကလည်း အခုလိုနိုင်ငံရပ်ခြားရောက်နေချိန်မှာတောင် မြန်မာဝတ်စုံကို ဆင်မြန်းပေးခဲ့တဲ့အတွက် ပိုးအိအိခန့်ကို ချီးကျူးနေခဲ့ကြပါသေးတယ်။CeleZone ပရိသတ်ကြီး တိုက်ပုံအင်္ကျီပုဆိုးနဲ့ ကြည့်လိုကောင်းနေတဲ့ သဲကိုးလေးရဲ့ ပုံတွေကို မျှဝေဖော်ပြလိုက်ပါတယ်။

Source – Poe Ei Ei Khant
Chilli – CeleZone

-Zawgyi Font-




Source – Poe Ei Ei Khant
Chilli – CeleZone

Leave a Comment