သမီးလေး ဘီလီယံနဲ့အတူ အင်္ကျီဆင်တူလေးဝတ်ကာ ရိုက်ထားတဲ့ ပုံလေးတွေ ဝေမျှလာတဲ့ သားဂန်း

သားဂန်း တို့ဇနီးမောင်နှံကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိပြီး အနုပညာလမ်းခရီးမှာ အောင်မြင်နေတဲ့ သူတွေပဲ ဖြစ်ပါတယ်။ သာယာပျော်ရွှင် အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ နှစ်ယောက်လုံးက လိုက်ဖက်နေပြီး ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေကလည်း အားကျချစ်ခင်နေရတာပါ ။

ဇနီးမောင်နှံနှစ်ဦးလုံးကလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိပြီး အရမ်းချစ်ကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အလှူအတန်းတွေလုပ်ရင်လည်း စိတ်တူကိုယ်တူတွေဖြစ်တာကြောင့် လှူဒါန်းတဲ့အခါမှာ သဒ္ဒါတရားထက်သန်စွာ ရက်ရက်ရောရော လှူဒါန်းပေးကြတဲ့ သူတွေပဲဖြစ်ပါတယ်။

သူတို့မိသားစုရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ် ။ အခုလည်း သမီးလေး ဘီလီယံနဲ့အတူ အင်္ကျီဆင်တူလေးဝတ်ကာ ရိုက်ထားတဲ့ ပုံလေးတွေ ဝေမျှလာရာ သားအဖနှစ်ယောက်လုံး ချစ်စရာကောင်းလို့ ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone
Photo – Thar Gan

-Zawgyi Font –




Yuan – Cele Zone
Photo – Thar Gan

Leave a Comment