သူငယ်ချင်းဖြစ်သူကင်းကောင်ကွယ်လွန်ခြင်း (၄)နှစ်ပြည့်အတွက် ဆွမ်းကပ်အလှူလေးပြုလုပ်ပေးခဲ့တဲ့ ဇာဂနာ

ပရိသတ်ကြီးရေ ဇာဂနာကတော့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်တစ်ယောက်အပြင် လူရွှင်တော်တစ်ယောက်အနေနဲ့ပါ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ မနေ့က ဇန်နဝါရီလ (၂၂)ရက်နေ့မှာတော့ ဇာဂနာက မွန်မြတ်လှတဲ့ ကောင်းမှုအလှူလေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

အလှူလေးကတော့ သူငယ်ချင်းဖြစ်တဲ့ ပရိသတ်တွေအချစ်တော် သရုပ်ဆောင် လူရွှင်တော်ကင်းကောင်းအတွက် ရည်စူးပြီးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ကင်းကောင်နဲ့ ဇာဂနာတို့သူငယ်ချင်းတွေကတော့ တစ်ခေတ်တစ်ခါ ကအတွဲညီညီနဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အတူတူရရှိထားခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ကင်းကောင်ကတော့ ကွယ်လွန်သွားခဲ့တာ (၄)နှစ်ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။

ဇာဂနာကတော့ မနေ့က သူငယ်ချင်းဖြစ်သူ ကင်းကောင်(၄)နှစ်ပြည့်အတွက် ရည်စူးပြီး သံဃာတော်တွေကို ဆွမ်းကပ်အလှူလေးပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ကင်းကောင်ကတော့ တကယ်ကို သူငယ်ချင်းကောင်းတွေကို ပိုင်ဆိုင်ခဲ့တာပဲနော်။

Source – Zar Ga Nar
Chilli – CeleZone

Zawgyi Font




Source – Zar Ga Nar
Chilli – CeleZone

Leave a Comment