ချစ်စရာပုံလေးတွေနဲ့ အတူ တရုတ်နှစ်သစ်ကူး အတွက် ဆုမွန်ကောင်း တောင်းပေးလာတဲ့ ထိပ်ထားသခင်

အရွယ်လေးနဲ့ မလိုက်အောင် အသည်း ယားစရာ အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူကတော့ ထိပ်ထားသခင်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအပြင် အနုပညာရှင်တွေကလည်း ချစ်နေရတာဖြစ်ပြီး ယခုဆိုရင် ထိပ်ထားလေးက အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးလာတာ တွေ့ရပါတယ်။

ထိပ်ထားသခင်က လူကြီးတွေပြောတဲ့အတိုင်း ချစ်စရာ အမူအရာလေးတွေနဲ့ မကြောက်မရွံပဲ ကလေးပီပီ ပွင့်ပွင့်လင်းလင်း ပြောဆိုလုပ်ပြတတ်ကာ အနုပညာသွေးပါတဲ့ သူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ထိပ်ထားသခင် ရဲ့နေ့စဉ်လှုပ်ရှားမှုလေးတွေနဲ့ ချစ်စရာပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးပါတယ်။

အခုလည်း တရုတ်နှစ်သစ်ကူး အမှတ် တရ အနေနဲ့ ချစ်စရာပုံလေးတွေနဲ့အတူ ” Gong Xi Fa Caiနှစ်သစ်မှစပြီး ကံ ကောင်းခြင်းတွေ ပိုင်ဆိုင်ကြပါစေ ” ဆုမွန်ကောင်း တောင်းပေးလာပါတယ် ။ပုံလေးတိုင်းမှာထိပ်ထားလေးတစ်ယောက် အရမ်း ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Credit – Cele Zone
Photo – ထိပ်ထားသခင်




Credit – Cele Zone
Photo – ထိပ်ထားသခင်

Leave a Comment