နာရေးကူညီမှုအသင်းမှာ မွေးနေ့အလှူအဖြစ် အလှူငွေများ သွားရောက် လှူဒါန်းခဲ့တဲ့ ထွန်းကိုကို

ပရိသတ်ကြီးရေ ထွန်းကိုကိုကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အပြင် ပရဟိတအလုပ်တွေကိုလည်း ကိုယ်တိုင်လိုက်လံဆောင်ရွက်တာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို များစွာသိမ်းပိုက်ထားခဲ့တဲ့ သူလည်းဖြစ်ပါတယ်။

မနေ့က ဇန်နဝါရီလ (၁၇)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ထွန်းကိုကိုရဲ့ မွေးနေ့ကျရောက်တဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ထွန်းကိုကိုကတော့ မနေ့ကမွေးနေ့ရက်မြတ်လေးမှာတော့ အသက် (၃၅)နှစ်ပြည့်မြောက်သွားခဲ့တဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ထွန်းကိုကိုကတော့ သူ့ရဲ့မွေးနေ့ရက်မြတ်လေးမှာ ကောင်းမှုတွေများစွာပြုလုပ်ခဲ့ပြီး

ရန်ကုန်နာရေးကူညီမှုအသင်းမှာလည်း အလှူငွေ (၃၀၀၀၀၀) ကျပ်ကို သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ ထွန်ကိုကိုရဲ့မွန်မြတ်လှတဲ့ မွေးနေ့အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်စေဖို့ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – နာရေးကူညီမှုအသင်း-ရန်ကုန်
Credit – CeleZone




Credit – CeleZone

Leave a Comment