မုဒြာ အကြောင်းရာ သိကောင်းစရာများ

မုဒြာ အကြောင်းရာ သိကောင်းစရာများ

စာဖတ်သူ မိတ်ဆွေများ ဗဟုသုတ သိမှတ်ဖွယ်ရာအနေဖြင့် ဘုရားရှင်၏ လက်ဟန် ခြေဟန် သင်္ကေများကို မွတ်သား သိရှိစေရန် အလို်ငွါရေးသားမိသည်။မုဒြာဆိုသည်မှာပါဠိစကားဖြစ်ပါသည်။အဓိပ္ပါယ်ကားလက်ချောင်းလို မြန်မာပြန်ရသည်။မြတ်စွာဘုရားရှင်၏လက်တော်အနေထား၊လက်ဟန်ပုံစံ၊ခြေတော်အနေထား၊ ခြေဟန်ပုံစံတို့ကို“မုဒြာဟုခေါ်ပါသည်။

၁။ ပဒုမာသန မု်ဒာ

ပဒုမာသန မုဒြာဆိုသည်ကားပဒုမ္မာကြာပန်းကဲ့သို့ထိုင်နေတော်မူသည့်ပုံစံဖြစ်ပါသည်။မြတ်စွာဘုရားရှင်၏ပုံတော်တွင်ညာဘက်ခြေဖဝါးကိုဘယ်ဘက်ပေါင်ပေါ်၌တင်လျက်၊ဘယ်ဘက်ခြေဖဝါးကို ညာဘက်ပေါင်ပေါ်၌တင်ထားပြီးတင်ပလ္လင်ခွေအေနအထားပုံသဏ္ဍာန်သည် ပဒုမာသန မုဒြာ၊လက်နှစ်ကိုတော့လက်ချင်းထပ်ထားပြီးတော့တင်ပလ္လင်ခွေပေါ်၌ တင်ထားသည့်ဘုရားပုံသဏ္ဍာန်တော်ကို“ ပဒုမာသနမုဒြာဟုခေါ်ပါသည်။

၂။ ဓမ္မစကြာ မုဒြာ

ဓမ္မစကြာမုဒြာဆိုသည်မှာ ပဥ္စဝဂ္ဂီ-၅-ဦးအားသစ္စာလေးပါ၊မဂ္ဂင်ရှစ်ပါးတရားတို့ကိုတစ်ပါးချင်းတစ်ပါးချင်းစီ လက် ချိုးရေတွက်ပြီးသကာလဓမ္မစကြားတရားဦးဟောတော်မူနေသည့်ပုံစံဖြစ်ပါသည်။မြတ်စွာဘုရား၏လက်တော်နှစ်ဖက်မှာရုပ်ပွား တော် ၏ရင်ညွန့်လောက်မှာရှိပါသည်။လက်ချောင်းအနေထားမှာ ညာဘက္လက္ကလက်ညှိုးကလေးကိုကွေးထားပြီး၊လက်မနှင့်ထိထားသည် ပုံစံဖြစ်ပြီး၊ဘယ္ဘက္လက္က လက္ခလယ္ကို ထိထားရသည်။ညာဘက္ကလက်မနှင့် လက်ညှိုးသည် ဘယ္ဘက္လက္ခလယ္ကိုထိထားရသည်။အဓိပ္ပါယ်ကား-မြတ်စွာဘုရားရှင်သည် သစ္စာလေးပါး၊မဂ္ဂင်တရားရှစ်ပါးတို့ကို တစ်ပါးချင်းတစ်ပါးချင်းစီလက်ချိုးရေတွက်ပြီးဓမ္မစကြားတရားတော်အား ဟောကြားတော်မူနေသည့်ပုံစံဖြစ်ကြောင့် “ဓမ္မစကြာ မုဒြာဟု ခေါ်ဆိုပါသည်။

၃။ ဘူမိဖဿ မုဒြာ

ဘူမိဖဿမုဒြာဆိုသည်မှာမဟာပထဝီမြေကြီးကိုသက်သေညွှန်ပြီးတော့ မာရ္နတ်သားကိုအောင်မြင်တော်မူသည့် တင်ပလ္လင်ခွေထိုင်နေတော်မူသည့်ပုံစံကို“ဘူမိဖဿမုဒြာဟုခေါ်ပါသည်။ဘူမိဖဿမုဒြာသည်ဘယ္ဘက္လက္ဖဝါးကိုလှန်ပြီး၊တင်ပလ္လင်‌ေခွပေါ်၌ ထားရှိပြီး၊ညာဘက်လက် ဖဝါးကိုတော့ညာဘက်ဒူးပေါ်၌မှောက်လျှက်တင်ထားရသည်။လက်ချောင်းတော်အနေထားကားအောက်သို့ စိုက်နေသည့်ပုံစုံဖြစ်ပြီး၊ဘယ်ဘက်လက် က တော့အထက်သို့လှန်ထားသည်။ မဟာပထဝီမြေကြီးကိုသက်သေတည်ပြီး မာရ္နတ်သားကိုအောင်မြင်သည့်ပုံစံကို“ဘူမိဖဿမုဒြာဟုခေါ်ဆိုပါသည်။

၄။ စ်ာန မုဒြာ

စျာနမုဒြာ ဆိုသည်မှာမြတ်စွာဘုရား စျာန်သမာပတ်ဝင်စားနေသည့်ပုံစံပင်ဖြစ်သည်။အေနထားမွာမြတ်စွာဘုရားရှင်သည်ထိုင်နေပြီးသကာလမ်က္လုံးအစုံကိုမှိတ်ထားနေသည့်ပုံစံဖြစ်ပါသည်။ညာဘက္လက္ဖဝါး၊ဘယ္ဘက္လက္ဖဝါးနှစ်ဖက်တို့ကိုလှန်ထားပြီ းတင် ပလ္လင်ခွေပေါ် တင်ထား၍အချင်းချင်းထပ်ထားသည့်ပုံစံ ဖြစ်ပါသည်။တင်ပလ္လင်ခွေထိုင်မေပြီး မ်က္လုံးအစုံမွိတ္ထားကာလက်ဖဝါးနှစ်ဖက်တို့ကိုလှန်၍အချင်းချင်းထပ်ထားပြီး စျာန်သမာပတ်ဝင်စားနေသည့်ပုံဏ္ဍာန်ကို “စ်ာန မုဒြာဟုခေါ်ပါသည်။

၅။ အဘယ မုဒြာ

အဘယမုဒြာဆိုသည်မှာဘေးကင်းပါစေ၊ ရန်ကင်းပါစေ၊ချမ်းသာပါစေလို့ ဆု တောင်းပေးနေသည့်ပုံစံကို “အဘ မုဒြာဟုခေါ်ဆိုပါသည်။အဘယမုဒြာပုံတော်ဟာမတ်တတ်ရပ်နေတဲ့ပုံတော်ဖြစ်ပါသည်။လက်တော်အနေထားက ညာ ဘက်လက်တော်မှလက္ဖဝါးကိုပခုံးတော်နှင့်ညီအောင်တံတောင်ဆစ်မှကွေးထားရပါတယ်။လက္ဖဝါးကိုရှေ့ဘက်လှည့်ထားပြီး၊ဘယ်ဘက်လက်တော်ကိုမှောက်ထားကာအောက်ဘက်ဆီသို့ဆန့်တန်းထားရသည်။အဲဒီလိုပုံသဏ္ဍန်ကို “အဘယ မုဒြာဟုခေါ်ပါသည်။[တနည်း “ဝရ မုဒြာဟုလည်း ခေါ်ကြသည်။

၆။ ပိဏ္ဍ မုဒြာ

ပိဏ္ဍ မုဒြာဆိုသည်မှာသပိတ္ကိုပိုက်ပြီး ဆွမ်းခံကြွနေသည့်ပုံသဏ္ဍာန်ကိုခေါ်ပါသည်။ပုံစံမွာလက်နှစ်ဖက်ဖြင့်သပိတ္ကို ပိုက်ထားပြီးမတ်တတ်ရပ်အနေထားဖြင့်ဆွမ်းခံကြွနေသည့် ပုံသဏ္ဍာန်ကို “ပိဏ္ဍ မုဒြာဟုခေါ်ပါသည်။

၇။ ပရိနိဗ္ဗာန မုဒြာ

လျောင်းတော်မူပြီးပရိနိဗ္ဗာန်စံနေတော်မူသည့် ပုံစံကို “ပရိနိဗ္ဗာနမုဒြာဟုခေါ်ခြင်းဖြစ်သည်။အေနထားမွာမြောက်ဘက်အရပ်သို့ဦးခေါင်းပြုထားပြီး၊အနောက်ဘက်အရပ်သိုမျက်နှာမူလျက်မျက်လုံးတော်အစုံမှာမှိတ်ထားသည့်ပရိနိဗ္ဗာန် စံနေတော်မူသည့်ပုံသဏ္ဍာန်ကို “ပရိနိဗ္ဗာန မုဒြာဟုခေါ်သည်။

မှတ်ချက်။အရှေ့သာလျောင်း၊တောင်ပေါင်းလောင်း၊အနောက်နေရဗာန်၊ မြောက်ပရိနိဗ္ဗာန်ဆိုသည့်အတိုင်း –

အရှေ့သာလျောင်းဆိုသည်က လဲ လျောင်းနေသည့်ပုံတော်သည်အရှေ့ဘက်ကိုဦးခေါင်းတော်ထားတယ်ဆိုလျင်ရွှေသာလျောင်းပုံတော်ဟု ခေါ်ပါသည်။

တောင်ပေါင်းလောင်းဆိုသည်ကလဲ လျောင်းနေသည့် ပုံတော်သည် တောင်ဘက်သို့ ဦးခေါင်တော် ပြုထားတယ်ဆိုလျင် ပေါင်းလောင်းပုံတော်ဟု ခေါ်ပါသည်။

အနောက်နေရဗာန်ဆိုဆိုသည်ကအေနာက္ဘက္ကိုဦးခေါင်းတော်ထားသည့် လဲ လျောင်းနေသည့်ပုံတော်သည်နေရဗာန်ပုံတော်ဟု ခေါ်ပါသည်။

မြောက်ပရိနိဗ္ဗာန်ဆိုသည်ကမြောက်ဘက်သို့ ဦးခေါင်းထားပြီး လဲလျောင်းနေသည့်ပုံစံသည်ပရိနိဗ္ဗာန်စံသည့် လဲ လျောင်းနေသည့်ပရိနိဗ္ဗာနပုံတော်ဟု ခေါ်ဆိုပါသည်။

ဥတ္တရဗောဓိမုဒြာ

လက်ဝဲလက်ညိုးနှင့်လက်မ လက် ယာလက်ညိုးနှင့်လက်မတို့ကိုထိထား၍ ရင်ဘတ်ကိုထိလုနီးပါ ထောင်ပြထားသော လက်ဟန်အနေအထားကို ဥတ္တရမုဒြာ ဟုခေါ်သည်။ဓမ္မစကြာ မုဒြာပုံနှင့်ဆင်တူရိုးမှာဖြစ်သည်။ပါရမီ ၁၀ ပါး ပြီးပြည့်စုံခြင်းကိုပြတော်မူသောသ ဘောရှိသည်။ အရိယသစ္စာနဒဿနမင်္ဂလာနှင့် နိဗ္ဗာန်နကစ္ဆိကိရိယမင်္ဂလာကိုသရူပ်ဆောင်ထားခြင်းကြောင့်ဝိမုတ္တိရသနှင့် သန္တရသတို့ကိုပေါ်လင်ထင်ရှားစေပါ သည်။ဥတ္တရဗောဓိမုဒြာပါသောဘုရားကို ကိုးကွယ်သူသည် ဉာဏ်ပညာကောင်းခြင်း စာမေးပွဲ စာပြန်ပွဲတို့၌ လွယ်ကူစွာအောင်မြင်ခြင်းအကျိုးကျေးဇူးများရရှိနိင်သည်ဟုတန္တရာယာန ကျမ်းများ၌ ဖော်ပြပါရှိပါသည်ဟူ၍မှတ်သားမိပါ သည်။

မူရင်းရေးသားသူအားလေးစားစွာ credit ပေးပါသည်