မွေးနေ့အလှူ အဖြစ် အမာခံ ပရိသတ်တွေနဲ့အတူ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာသို့ သွားရောက် လှူဒါန်းခဲ့တဲ့ မေမီကိုကို

ပရိသတ်ကြီးရေ မေမီကိုကိုကတော့ MRTV -4 ရုပ်သံဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝသိမ်းပိုက်ထားတဲ့ပရိသတ်အချစ်တော်တစ်ယောက်ပါ။

မနေ့က နိုဝင်ဘာလ (၂၆)ရက်နေ့ကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး မေမီကိုကိုရဲ့ မွေးနေ့ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ ဒီနေ့မွေးနေ့ရက်မြတ်လေးမှာတော့ မေမီကိုကိုက အသက် (၃၀)တိတိပြည့်သွားခဲ့တာပဲဖြစ်ပါတယ်။

မေမီကိုကိုကတော့ သူ့ရဲ့ဒီနေ့မှာကျရောက်တဲ့ မွေးနေ့လေးအတွက်ကို မနေ့ကသူ့ရဲ့အမာခံပရိသတ်တွေနဲ့အတူ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာ အလှူသွားရောက်ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

မေမီကိုကိုကလည်း အမာခံဖန်လေးတွေနဲ့ အလှူသွားလုပ်ခဲ့ရတဲ့အတွက် ပျော်ရွှင်ကြောင်း “မွေးနေ့လေးအတွက် Honey KoKo Group က စီစဉ်ပေးဖြစ်တဲ့ မွေးနေ့အကြိုအလှူလေးပါရှင့်။

Honey KoKo တဖွဲ့လုံးကို ကျေးဇူးအထူးတင်ပါတယ် အချစ်တို့ရေ။ ပိုပြီးလည်းချစ်ရပါတယ်”ဆိုပြီး ကျေးဇူးတင်ကာ ကျေနပ်ပီတိဖြစ်ခဲ့ရကြောင်းရေးသားထားခဲ့ပါတယ်။ ပရိသတ်ကြီးရေ မေမီရဲ့ အမာခံဖန်လေးတွေကတော့ တကယ်ကို ချစ်ဖို့ကောင်းလွန်းလှပါပေတယ်နော်။

Credit Cele Zone

Photo May Mi Ko Ko

Zawgyi






Credit Cele Zone

Photo May Mi Ko Ko