မန်ယူအသင်းမှ ထွက်ခွာခဲ့တဲ့ ရိုနယ်ဒို နှင့် ပတ်သတ်ပြီး သူ့ရဲ့အမြင်ကို ပြောလာတဲ့ လူးဝစ်ဖီဂို

ရိုနယ်ဒို အနေနဲ့ မန်ချက်စတာယူနိုက်တက် မှာ ဒုတိယအကြိမ် သွားရောက်ကစားမှုဟာ ချက်ခြင်းဆိုသလိုပဲ ရပ်စဲသွားခဲ့ပါတယ်။ ဒီအခြေအနေကို အသင်းဘက်ကရော၊ ဘောလုံးကြယ်ပွင့်အနေနဲ့ရော “နှစ်ဦးသဘောတူ” နှုတ်ဆက်ခဲ့တာလို့ ကြေညာထားပါသေးတယ်။

ဒီဖြစ်စဉ်ဟာ Cristiano Ronaldo အနေနဲ့ ဘောလုံးအသင်းရဲ့ ထိပ်တန်းအကြီးအကဲတွေကို ဝေဖန်ပြောဆိုထားတဲ့ အင်တာဗျူးအပြီးမှာ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Ronaldo ဟာ လက်ရှိအချိန်မှာတော့ ပေါ်တူဂီ အသင်းကပ္ပတိန်အနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား မှာ ပါဝင်ယှဉ်ပြိုင်နေရပါတယ်။ ပေါ်တူဂီ နိုင်ငံအသင်းရဲ့ ကပ္ပတိန်ဟောင်း လူးဝစ်ဖီဂို က သူ့ရဲ့တွဲဖက်ကစားသမားဟောင်း ဘောလုံးကြယ်ပွင့်နဲ့ပတ်သက်ပြီး “အခုလိုအခြေအနေတွေဖြစ်ခဲ့ပြီး ဒီလိုဆုံးဖြတ်လိုက်တာက နှစ်ဦးသဘောတူဖြစ်ပါလိမ့်မယ်။

ဒါက နှစ်ဖက်လုံးအတွက် အကျိုးရှိတဲ့ဆုံးဖြတ်ချက်ပါပဲ။ သူ့အတွက်လည်း သူကကွင်းထဲပါဝင်ကစားနေရတာမဟုတ်သလို အသင်းအနေနဲ့ ကြည့်ရင်လည်း ဒီအသင်းမှာမနေချင်တဲ့ ကစားသမားတစ်ယောက်ဖြစ်နေတာပေါ့။”လို့ ပြောဆိုခဲ့တာပါ။

“သူက တကယ့်အရေးပါတဲ့၊ ထူးခြားတဲ့ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ကွင်းထဲမှာ ပါဝင်မကစားနေရဘူး။ ဒါ့အပြင် နည်းပြအနေနဲ့ကလည်း သူ့ကိုထည့်သွင်းကစားဖို့ မစဉ်းစားခဲ့ဘူးပေါ့။ ဒီအင်တာဗျူးက သူ့အနေနဲ့ အသင်းအပေါ် မကျေနပ်ကြောင်း ပြောဆိုထားတာဖြစ်ပြီး အသင်းဘက်ကလည်း ထုတ်ပယ်လိုက်တာကောင်းမယ်လို့ ဆုံးဖြတ်လိုက်တာပါ။ အခုတော့ အားလုံးကျေနပ်တဲ့ ရလဒ်တစ်ခုဖြစ်လာတာပဲလေ။”လို့လည်း Figo က ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။

အသက် (၃၇) နှစ်အရွယ် ဘောလုံးကြယ်ပွင့်ရဲ့ အနာဂတ်အသင်းနဲ့ ပတ်သက်ပြီးတော့လည်း Figo က “ဒါကတော့ ကျွန်တော်လည်း မပြောတတ်ဘူးပေါ့။ ဒီဆုံးဖြတ်ချက်ကတော့ ပုဂ္ဂိုလ်ရေးနဲ့ ဆိုင်ပါတယ်။ သူ့လက်ရှိအခြေအနေအရ၊ ဘယ်အသင်းတွေက သူ့ကိုကမ်းလှမ်းနေသလဲဆိုတာကို ကြည့်ပြီး သူ့အနေနဲ့ အကိုက်ညီဆုံးတစ်ခုကို ရွေးချယ်ရမှာပေါ့။”လို့လည်း ဆိုခဲ့ပါတယ်။

Manchester United အနေနဲ့ Ronaldo ရဲ့ထွက်ခွာမှုအပေါ် ကျေးဇူးတင်စရာဆိုခဲ့ပြီး ဘောလုံးကြယ်ပွင့်ဟာ Old Trafford ကစားသမားအနေနဲ့ ပွဲပေါင်း (၃၄၆) ပွဲပါဝင်ကစားထားပြီး (၁၄၅) ဂိုးသွင်းယူပေးထားနိုင်သူဖြစ်ပါတယ်။ လက်ရှိနည်းပြ Erik ten Hag အနေနဲ့ကတော့ အသင်းကို အောင်မြင်မှုရရှိနိုင်အောင် ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရပါတယ်။

M2T Shwengwegames

Zawgyi

႐ိုနယ္ဒို အေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ မွာ ဒုတိယအႀကိမ္ သြားေရာက္ကစားမႈဟာ ခ်က္ျခင္းဆိုသလိုပဲ ရပ္စဲသြားခဲ့ပါတယ္။ ဒီအေျခအေနကို အသင္းဘက္ကေရာ၊ ေဘာလုံးၾကယ္ပြင့္အေနနဲ႔ေရာ “ႏွစ္ဦးသေဘာတူ” ႏႈတ္ဆက္ခဲ့တာလို႔ ေၾကညာထားပါေသးတယ္။

ဒီျဖစ္စဥ္ဟာ Cristiano Ronaldo အေနနဲ႔ ေဘာလုံးအသင္းရဲ႕ ထိပ္တန္းအႀကီးအကဲေတြကို ေဝဖန္ေျပာဆိုထားတဲ့ အင္တာဗ်ဴးအၿပီးမွာ ျဖစ္ေပၚလာခဲ့တာျဖစ္ပါတယ္။

Ronaldo ဟာ လက္႐ွိအခ်ိန္မွာေတာ့ ေပၚတူဂီ အသင္းကပၸတိန္အေနနဲ႔ ၂၀၂၂ ကမ႓ာ့ဖလား မွာ ပါဝင္ယွဥ္ၿပိဳင္ေနရပါတယ္။ ေပၚတူဂီ ႏိုင္ငံအသင္းရဲ႕ ကပၸတိန္ေဟာင္း လူးဝစ္ဖီဂို က သူ႕ရဲ႕တြဲဖက္ကစားသမားေဟာင္း ေဘာလုံးၾကယ္ပြင့္နဲ႔ပတ္သက္ၿပီး “အခုလိုအေျခအေနေတြျဖစ္ခဲ့ၿပီး ဒီလိုဆုံးျဖတ္လိုက္တာက ႏွစ္ဦးသေဘာတူျဖစ္ပါလိမ့္မယ္။ ဒါက ႏွစ္ဖက္လုံးအတြက္ အက်ိဳး႐ွိတဲ့ဆုံးျဖတ္ခ်က္ပါပဲ။ သူ႕အတြက္လည္း သူကကြင္းထဲပါဝင္ကစားေနရတာမဟုတ္သလို အသင္းအေနနဲ႔ ၾကည့္ရင္လည္း ဒီအသင္းမွာမေနခ်င္တဲ့ ကစားသမားတစ္ေယာက္ျဖစ္ေနတာေပါ့။”လို႔ ေျပာဆိုခဲ့တာပါ။

“သူက တကယ့္အေရးပါတဲ့၊ ထူးျခားတဲ့ကစားသမားတစ္ေယာက္ျဖစ္ေပမယ့္ ကြင္းထဲမွာ ပါဝင္မကစားေနရဘူး။ ဒါ့အျပင္ နည္းျပအေနနဲ႔ကလည္း သူ႕ကိုထည့္သြင္းကစားဖို႔ မစဥ္းစားခဲ့ဘူးေပါ့။ ဒီအင္တာဗ်ဴးက သူ႕အေနနဲ႔ အသင္းအေပၚ မေက်နပ္ေၾကာင္း ေျပာဆိုထားတာျဖစ္ၿပီး အသင္းဘက္ကလည္း ထုတ္ပယ္လိုက္တာေကာင္းမယ္လို႔ ဆုံးျဖတ္လိုက္တာပါ။ အခုေတာ့ အားလုံးေက်နပ္တဲ့ ရလဒ္တစ္ခုျဖစ္လာတာပဲေလ။”လို႔လည္း Figo က ျဖည့္စြက္ေျပာၾကားခဲ့ပါေသးတယ္။

အသက္ (၃၇) ႏွစ္အ႐ြယ္ ေဘာလုံးၾကယ္ပြင့္ရဲ႕ အနာဂတ္အသင္းနဲ႔ ပတ္သက္ၿပီးေတာ့လည္း Figo က “ဒါကေတာ့ ကြၽန္ေတာ္လည္း မေျပာတတ္ဘူးေပါ့။ ဒီဆုံးျဖတ္ခ်က္ကေတာ့ ပုဂၢိဳလ္ေရးနဲ႔ ဆိုင္ပါတယ္။ သူ႕လက္႐ွိအေျခအေနအရ၊ ဘယ္အသင္းေတြက သူ႕ကိုကမ္းလွမ္းေနသလဲဆိုတာကို ၾကည့္ၿပီး သူ႕အေနနဲ႔ အကိုက္ညီဆုံးတစ္ခုကို ေ႐ြးခ်ယ္ရမွာေပါ့။”လို႔လည္း ဆိုခဲ့ပါတယ္။

Manchester United အေနနဲ႔ Ronaldo ရဲ႕ထြက္ခြာမႈအေပၚ ေက်းဇူးတင္စရာဆိုခဲ့ၿပီး ေဘာလုံးၾကယ္ပြင့္ဟာ Old Trafford ကစားသမားအေနနဲ႔ ပြဲေပါင္း (၃၄၆) ပြဲပါဝင္ကစားထားၿပီး (၁၄၅) ဂိုးသြင္းယူေပးထားႏိုင္သူျဖစ္ပါတယ္။ လက္႐ွိနည္းျပ Erik ten Hag အေနနဲ႔ကေတာ့ အသင္းကို ေအာင္ျမင္မႈရ႐ွိႏိုင္ေအာင္ ႀကိဳးပမ္းလုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။

M2T Shwengwegames