အမျိုးသားဖြစ်သူဦးမောင်မောင်ကျော်နှင့် ကွာရှင်းကြောင်း သရုပ်ဆောင်မို့မို့မြင့်အောင်က ကြေညာ

ငွေကြေးအရှုပ်အရှင်းများ ပြုလုပ်သောကြောင့် ၁၉၈၇ ခုနှစ်မှစတင်ပြီး အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့သည့် ဦးမောင်မောင်ကျော်နှင့် သရုပ်ဆောင်မိုမိုမြင့်အောင်တို့ နိုဝင်ဘာ ၂၄ ရက်က နှစ်ဦးသဘောတူကွာရှင်းလိုက်ပြီးဖြစ်ကြောင်း သရုပ်ဆောင်မို့မို့မြင့်အောင်က ယနေ့တွင်ကြေညာထားသည်။

အဆိုပါ ကွာရှင်းမှုကို လသာမြို့နယ်ရှိ အမှတ်(၂) စည်ပင်သာယာတရားရုံး၊ မြို့နယ်တရားသူကြီးရှေ့မှောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ ကွာရှင်းရခြင်းမှာ ဦးမောင်မောင်ကျော်က သရုပ်ဆောင်မို့မို့မြင့်အောင် ခွင့်လွှတ်နိုင်မှုမရှိသည့် ငွေကြေးအရှုပ်အရှင်းများကို အကြိမ်ကြိမ်ကျုးလွန်ခြင်းကြောင့်ဖြစ်ကြောင်းလည်း သရုပ်ဆောင်မို့မို့မြင့်အောင်က ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင် သူမ၏ တရားလွှတ်တော်ရှေ့နေဒေါ်မေသွယ်တင်လတ်မှတစ်ဆင့် အများသိစေရန်ကြေညာထားသည်။

သရုပ်ဆောင်မို့မို့မြင့်အောင်၏ ကြေညာချက်တွင် “ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင်(၁၂/တမန (နိုင်) ၀၆၁၇၀၀) နှင့် ဦးမောင်မောင်ကျော် (၁၂/တမန (နိုင်) ၀၆၁၆၉၉) တို့သည် (၁၇-၂-၁၉၈၇)နေ့မှ စ၍ တရားဝင်အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့ပါသည်။ ကျွန်ုပ် မိတ်ဆွေ ဒေါ်မိုမိုမြင့်အောင်သည် ခင်ပွန်းသည်အား မယားဝတ္တရားနှင့်အညီ ပြုစုပေးခဲ့ပါသည်။

သို့သော် ဦးမောင်မောင်ကျော်သည် ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင် လုံးဝသဘောတူသိရှိခြင်းမရှိသော ငွေကြေးအရှုပ်အရှင်းများ အကြိမ်ကြိမ်ကျူးလွန်ထားကြောင်း သိရှိသောအခါ ကျွန်ုပ်မိတ်ဆွေမှ လက်ခံခွင့်လွှတ်နိုင်စွမ်းမရှိပါ၍ နှစ်ဦးသဘောတူညီချက်အရ (၂၄-၁၁-၂၀၂၂) နေ့၌ မြို့နယ်တရားသူကြီး အမှတ်(၂)စည်ပင်သာယာတရားရုံး၊ လသာမြို့နယ် တွင် တရားဝင်ကွာရှင်းပြီးဖြစ်ပါသည်။

သို့ပါ၍ ပေါင်းသင်းစဉ်ကာလအတွင်း ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင် သိရှိသဘောတူခြင်းမရှိသော ဦးမောင်မောင် ကျော်ကျူးလွန်ခဲ့သော ငွေကြေးအရှုပ်အရှင်းများနှင့် ကွာရှင်းပြီးနောက်ပိုင်း ထပ်မံကျူးလွန်ခဲ့ပါက ယင်းငွေကြေးကိစ္စရပ်များအား ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင်တွင် လုံးဝတာဝန်မရှိပါသဖြင့် ဖြေရှင်းဆောင်ရွက်ပေးမည် မဟုတ်ပါကြောင်း သက်ဆိုင်သူများနှင့် အများသိစေရန် ကြေညာအပ်ပါသည် (မေးမြန်းစုံစမ်းခြင်းသည်းခံပါ)” ဟု ဖော်ပြထားသည်။

Zawgyi

ေငြေၾကးအ႐ႈပ္အ႐ွင္းမ်ား ျပဳလုပ္ေသာေၾကာင့္ ၁၉၈၇ ခုႏွစ္မွစတင္ၿပီး အၾကင္လင္မယားအျဖစ္ ေပါင္းသင္းခဲ့သည့္ ဦးေမာင္ေမာင္ေက်ာ္ႏွင့္ သ႐ုပ္ေဆာင္မိုမိုျမင့္ေအာင္တို႔ ႏိုဝင္ဘာ ၂၄ ရက္က ႏွစ္ဦးသေဘာတူကြာ႐ွင္းလိုက္ၿပီးျဖစ္ေၾကာင္း သ႐ုပ္ေဆာင္မို႔မို႔ျမင့္ေအာင္က ယေန႔တြင္ေၾကညာထားသည္။

အဆိုပါ ကြာ႐ွင္းမႈကို လသာၿမိဳ႕နယ္႐ွိ အမွတ္(၂) စည္ပင္သာယာတရား႐ုံး၊ ၿမိဳ႕နယ္တရားသူႀကီးေ႐ွ႕ေမွာက္တြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ထိုသို႔ ကြာ႐ွင္းရျခင္းမွာ ဦးေမာင္ေမာင္ေက်ာ္က သ႐ုပ္ေဆာင္မို႔မို႔ျမင့္ေအာင္ ခြင့္လႊတ္ႏိုင္မႈမ႐ွိသည့္ ေငြေၾကးအ႐ႈပ္အ႐ွင္းမ်ားကို အႀကိမ္ႀကိမ္က်ဳးလြန္ျခင္းေၾကာင့္ျဖစ္ေၾကာင္းလည္း သ႐ုပ္ေဆာင္မို႔မို႔ျမင့္ေအာင္က ယေန႔ထုတ္ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ သူမ၏ တရားလႊတ္ေတာ္ေ႐ွ႕ေနေဒၚေမသြယ္တင္လတ္မွတစ္ဆင့္ အမ်ားသိေစရန္ေၾကညာထားသည္။

သ႐ုပ္ေဆာင္မို႔မို႔ျမင့္ေအာင္၏ ေၾကညာခ်က္တြင္ “ကြၽႏ္ုပ္မိတ္ေဆြ ေဒၚမို႔မို႔ျမင့္ေအာင္(၁၂/တမန (ႏိုင္) ၀၆၁၇၀၀) ႏွင့္ ဦးေမာင္ေမာင္ေက်ာ္ (၁၂/တမန (ႏိုင္) ၀၆၁၆၉၉) တို႔သည္ (၁၇-၂-၁၉၈၇)ေန႔မွ စ၍ တရားဝင္အၾကင္လင္မယားအျဖစ္ ေပါင္းသင္းခဲ့ပါသည္။ ကြၽႏ္ုပ္ မိတ္ေဆြ ေဒၚမိုမိုျမင့္ေအာင္သည္ ခင္ပြန္းသည္အား မယားဝတၱရားႏွင့္အညီ ျပဳစုေပးခဲ့ပါသည္။

သို႔ေသာ္ ဦးေမာင္ေမာင္ေက်ာ္သည္ ကြၽႏ္ုပ္မိတ္ေဆြ ေဒၚမို႔မို႔ျမင့္ေအာင္ လုံးဝသေဘာတူသိ႐ွိျခင္းမ႐ွိေသာ ေငြေၾကးအ႐ႈပ္အ႐ွင္းမ်ား အႀကိမ္ႀကိမ္က်ဴးလြန္ထားေၾကာင္း သိ႐ွိေသာအခါ ကြၽႏ္ုပ္မိတ္ေဆြမွ လက္ခံခြင့္လႊတ္ႏိုင္စြမ္းမ႐ွိပါ၍ ႏွစ္ဦးသေဘာတူညီခ်က္အရ (၂၄-၁၁-၂၀၂၂) ေန႔၌ ၿမိဳ႕နယ္တရားသူႀကီး အမွတ္(၂)စည္ပင္သာယာတရား႐ုံး၊ လသာၿမိဳ႕နယ္ တြင္ တရားဝင္ကြာ႐ွင္းၿပီးျဖစ္ပါသည္။

သို႔ပါ၍ ေပါင္းသင္းစဥ္ကာလအတြင္း ကြၽႏ္ုပ္မိတ္ေဆြ ေဒၚမို႔မို႔ျမင့္ေအာင္ သိ႐ွိသေဘာတူျခင္းမ႐ွိေသာ ဦးေမာင္ေမာင္ ေက်ာ္က်ဴးလြန္ခဲ့ေသာ ေငြေၾကးအ႐ႈပ္အ႐ွင္းမ်ားႏွင့္ ကြာ႐ွင္းၿပီးေနာက္ပိုင္း ထပ္မံက်ဴးလြန္ခဲ့ပါက ယင္းေငြေၾကးကိစၥရပ္မ်ားအား ကြၽႏ္ုပ္မိတ္ေဆြ ေဒၚမို႔မို႔ျမင့္ေအာင္တြင္ လုံးဝတာဝန္မ႐ွိပါသျဖင့္ ေျဖ႐ွင္းေဆာင္႐ြက္ေပးမည္ မဟုတ္ပါေၾကာင္း သက္ဆိုင္သူမ်ားႏွင့္ အမ်ားသိေစရန္ ေၾကညာအပ္ပါသည္ (ေမးျမန္းစုံစမ္းျခင္းသည္းခံပါ)” ဟု ေဖာ္ျပထားသည္။