ကနီမြို့နယ် ဝရာကျေးရွာမှ ကားသမားတစ်ဦး ထီသိန်းတစ်သောင်းခွဲဆုကြီးဆွတ်ခူး

ကနီမြို့နယ် ဝရာကျေးရွာမှ ကားသမားတစ်ဦး ထီသိန်းတစ်သောင်းခွဲဆုကြီးဆွတ်ခူး

ကိုအောင်ကြီး မုံရွာ၊ဇူလိုင်-၁

ယနေ့ထွက်ရှိသော ၁၇ ကြိမ်မြောက် အောင်ဘာလေထီ၏အမြင့်ဆုံး သိန်းတစ်သောင်းခွဲဆုကို စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဝရာကျေးရွာရှိ ကားသမားတစ်ဦးဖြစ်သူကိုသောင်းထိုက်လင်းမှ ဆွတ်ခူးရရှိခဲ့သည်။

သိန်းတစ်သောင်းခွဲပေါက်ခဲ့သော ည- ၈၅၃၀၉၅ ထီလက်မှတ်အား မုံရွာမြို့ ဗိုလ်ချုပ်လမ်း ရဲတိုက်တန်းရှိ အောင်ဆုထူးပိုင် ထီဆိုင်မှ ထိုးခဲ့ခြင်းဖြစ်ကြောင်း ထီဆိုင်ရှင် ကိုစိုးဝင်း ကပြောသည်။

“ကျွန်တော်ပေါက်တယ် ထင်ကြတာ၊ ဆိုင်ကဝန်ထမ်းကောင်မလေးရဲ့အစ်ကိုပေါက်တာပါ။ ဒီကိုလာရင်းထီထိုးနေကြပါ။အခုသူကခရီးလွန်နေလို့ လှမ်းတော့ အကြောင်းကြားထားပါတယ်” ဟု၎င်းကပြောသည်။

မုံရွာမြို့အောင်ဆုထူးပိုင်ထီဆိုင်ပိုင်ရှင် ကိုစိုးဝင်းသည်ယခင် သိန်းတစ်သောင်းအမြင့်ဆုံးဆုချီးမြှင့်စဉ်က ပေါက်ခဲ့ဖူးသူ ဖြစ်ပြီး ယခုအကြိမ်တွင်လည်း ၎င်းပေါက်သည်ဟုဆိုကာ လူမှုကွန်ရက်တွင် သတင်းများပျံ့နှံ့ခဲ့သည်။

#MonywaGazette #ထီ #သိန်းတစ်သောင်းခွဲ #အောင်ဆုထူးပိုင်

ကနီၿမိဳ႕နယ္ ဝရာေက်း႐ြာမွ ကားသမားတစ္ဦး ထီသိန္းတစ္ေသာင္းခြဲဆုႀကီးဆြတ္ခူး

ကိုေအာင္ႀကီး မုံ႐ြာ၊ဇူလိုင္-၁

ယေန႕ထြက္ရွိေသာ ၁၇ ႀကိမ္ေျမာက္ ေအာင္ဘာေလထီ၏အျမင့္ဆုံး သိန္းတစ္ေသာင္းခြဲဆုကို စစ္ကိုင္းတိုင္းေဒသႀကီး ကနီၿမိဳ႕နယ္ ဝရာေက်း႐ြာရွိ ကားသမားတစ္ဦးျဖစ္သူကိုေသာင္းထိုက္လင္းမွ ဆြတ္ခူးရရွိခဲ့သည္။

သိန္းတစ္ေသာင္းခြဲေပါက္ခဲ့ေသာ ည- ၈၅၃၀၉၅ ထီလက္မွတ္အား မုံ႐ြာၿမိဳ႕ ဗိုလ္ခ်ဳပ္လမ္း ရဲတိုက္တန္းရွိ ေအာင္ဆုထူးပိုင္ ထီဆိုင္မွ ထိုးခဲ့ျခင္းျဖစ္ေၾကာင္း ထီဆိုင္ရွင္ ကိုစိုးဝင္း ကေျပာသည္။

“ကြၽန္ေတာ္ေပါက္တယ္ ထင္ၾကတာ၊ ဆိုင္ကဝန္ထမ္းေကာင္မေလးရဲ႕အစ္ကိုေပါက္တာပါ။ ဒီကိုလာရင္းထီထိုးေနၾကပါ။အခုသူကခရီးလြန္ေနလို႔ လွမ္းေတာ့ အေၾကာင္းၾကားထားပါတယ္” ဟု၎ကေျပာသည္။

မုံ႐ြာၿမိဳ႕ေအာင္ဆုထူးပိုင္ထီဆိုင္ပိုင္ရွင္ ကိုစိုးဝင္းသည္ယခင္ သိန္းတစ္ေသာင္းအျမင့္ဆုံးဆုခ်ီးျမႇင့္စဥ္က ေပါက္ခဲ့ဖူးသူ ျဖစ္ၿပီး ယခုအႀကိမ္တြင္လည္း ၎ေပါက္သည္ဟုဆိုကာ လူမႈကြန္ရက္တြင္ သတင္းမ်ားပ်ံ့ႏွံ႕ခဲ့သည္။

#MonywaGazette #ထီ #သိန္းတစ္ေသာင္းခြဲ #ေအာင္ဆုထူးပိုင္