ဝေဖန်မှုတွေကြားက အချစ်ရေးခိုင်မာလာတယ်လို့ပြောလာတဲ့ ဝိုင်းစုခိုင်သိန်း

ဝိုင်းစုခိုင်သိန်းကိုတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေစတင်အားပေးခဲ့တာဖြစ်ပါတယ်။အဲဒီနောက် ဂီတဘက်ကိုကူးပြောင်းလာရင်းမက်လောက်စရာ၊မျက်လှည့်၊ အာဘွား၊ဂါ၊မယ်သီတာ၊ ပြတ်စာ နဲ့ နွားကျောင်းသူစတဲ့တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ ဂီတပိုင်းမှာအချိန်ပေးပြီး ကြိုးစားနေတဲ့ ဝိုင်းစုခိုင်သိန်းကတော့ သရုပ်ဆောင်ပိုင်းနဲ့ ပက်သက်ပြီး ပရိတ်သတ်တွေ လက်ခံပြီး သူမကိုယ်တိုင်ကြိုက်တဲ့ ဇာတ်ကားဆိုရင်တော့ ရိုက်ဖြစ်မယ်လို့ ဆိုပါတယ်။

ဝိုင်းစုခိုင်သိန်း ကတော့ ချစ်သူဖြစ်တဲ့ အဆိုတော် အောင်လ နဲ့ တည်ဆောက်ထားတဲ့အချစ်ရေး အကြောင်းတွေ ပြောပြလာပါတယ်။ဝိုင်းစုခိုင်သိန်းကတော့ လက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ရေးအကြောင်းကို ပြောပြလာပါတယ်။တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ အပြည့်ရှိကြတယ်လို့ ဆိုပါတယ်။

“အစ်မတို့ နှစ်ယောက်စလုံးက တစ်ယောက်နဲ့ တစ်ယောက်ကတော့ ဂရုစိုက်တယ်။ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက်က ဖော်ပြပြီး မချစ်ပြဘူး၊ဂရုတစိုက်မပြဘူး။တကယ့် တကယ်ကျရင် သူလိုအပ်တာလည်း ကိုယ်သိသလို၊ကိုယ်လိုအပ်တာကိုလည်းသူသိတယ်။သူဆိုးတဲ့အရာတွေလည်း ရှိသလို အစ်မ ဆိုးတဲ့ အရာတွေလည်းရှိတယ်။တစ်ယောက်နဲ့ တစ်ယောက် လွှတ်ပေးထားလိုက်တယ်။

မဖြစ်သင့်ဘူးဆိုတဲ့ အရာကို တစ်ယောက်နဲ့ တစ်ယောက် ချော့တစ်လှည့်၊ခြောက်တစ်လှည့် တားတယ်။သူနားလည်ပေးတဲ့ အရာတွေအများကြီးရှိသလိုအစ်မကလည်းသူ့အပေါ် ကောင်းတာတွေရှိတယ်။တစ်ယောက်မကောင်းတာကိုတစ်ယောက်ထောက်ပြမှအဆင်ပြေမှာလေတစ်ယောက်တည်းပဲ ထောက်ပြလို့လည်း အဆင်မပြေဘူး” ဆိုတာကို မီဒီယာတစ်ခုရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

အောင်လ နဲ့ ဝိုင်းစုခိုင်သိန်းတို့နှစ်ယောက်ရဲ့ အချစ်ရေးမှာ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ဒီဝေဖန်မှုတွေကြားက အချစ်ရေးခိုင်မာလာတဲ့ အကြောင်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။

“ဝေဖန်မှု ဆိုတာကတော့အမြဲတမ်းရှိနေမှာပဲ။ဘယ်နေရာ၊ဘယ်အချိန်မဆို ရှိမှာပဲ။အဲဒီဝေဖန်မှုတွေကို ကြောက်ရွံပြီးတော့ နောက်ဆုတ်သွားမယ့် မိန်းကလေးထဲမှာ အစ်မ မပါဘူးဆိုတာတော့ အစ်မပရိသတ်တွေ သိကြပါတယ်။သူကလည်းဒါတွေကို သိပ်စိတ်မဝင်စားတဲ့သူ၊အစ်မကလည်းဒါတွေကိုခေါင်းထဲမထည့်ဘူး။မကောင်းတဲ့အရာတွေကိုခံစားနေဖို့ထက်ကောင်းအောင် ကြိုးစားနေထိုင်သွားမယ်။အစ်မတို့နှစ်ယောက်လည်းဘယ်လောက်အထိကောင်းအောင်နေတယ်ဆိုတာ ဘေးက လူတွေသိတယ်” လို့ဆိုပါတယ်။

အောင်လနဲ့ဝိုင်းစုတို့ စုံတွဲလေးရဲ့ သီချင်းတွေကို ကြိုက်နှစ်သက်ကြလားဆိုတာ ဖြေခဲ့ပါဦးနော် ပရိတ်သတ်ကြီး ။ ဖတ်ရှုပေးတဲ့ အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Zawgyi

ဝိုင္းစုခိုင္သိန္းကိုေတာ့ သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္အားေပးခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ ဂီတဘက္ကို ကူးေျပာင္းလာရင္း မက္ေလာက္စရာ၊ မ်က္လွည့္၊ အာဘြား၊ ဂါ၊ မယ္သီတာ၊ ျပတ္စာ နဲ႔ ႏြားေက်ာင္းသူ စတဲ့ တစ္ကိုယ္ေတာ္အေခြမ်ားစြာကို ထြက္ရွိထားၿပီးျဖစ္ပါတယ္။ ဂီတပိုင္းမွာ အခ်ိန္ေပးၿပီး ႀကိဳးစားေနတဲ့ ဝိုင္းစုခိုင္သိန္းကေတာ့ သ႐ုပ္ေဆာင္ပိုင္းနဲ႔ ပက္သက္ၿပီး ပရိတ္သတ္ေတြ လက္ခံၿပီး သူမကိုယ္တိုင္ႀကိဳက္တဲ့ ဇာတ္ကားဆိုရင္ေတာ့ ႐ိုက္ျဖစ္မယ္လို႔ ဆိုပါတယ္။

ဝိုင္းစုခိုင္သိန္း ကေတာ့ ခ်စ္သူျဖစ္တဲ့ အဆိုေတာ္ ေအာင္လ နဲ႔ တည္ေဆာက္ထားတဲ့ အခ်စ္ေရး အေၾကာင္းေတြ ေျပာျပလာပါတယ္။ ဝိုင္းစုခိုင္သိန္းကေတာ့ လက္ရွိပိုင္ဆိုင္ထားတဲ့ အခ်စ္ေရးအေၾကာင္းကို ေျပာျပလာပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈေတြ အျပည့္ရွိၾကတယ္လို႔ ဆိုပါတယ္။

“ အစ္မတို႔ ႏွစ္ေယာက္စလုံးက တစ္ေယာက္နဲ႔ တစ္ေယာက္ကေတာ့ ဂ႐ုစိုက္တယ္။ ဒါေပမယ့္ တစ္ေယာက္နဲ႔ တစ္ေယာက္က ေဖာ္ျပၿပီး မခ်စ္ျပဘူး၊ ဂ႐ုတစိုက္မျပဘူး။ တကယ့္ တကယ္က်ရင္ သူလိုအပ္တာလည္း ကိုယ္သိသလို၊ ကိုယ္လိုအပ္တာကိုလည္း သူသိတယ္။ သူဆိုးတဲ့အရာေတြလည္း ရွိသလို အစ္မ ဆိုးတဲ့ အရာေတြလည္းရွိတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ လႊတ္ေပးထားလိုက္တယ္။

မျဖစ္သင့္ဘူးဆိုတဲ့ အရာကို တစ္ေယာက္နဲ႔ တစ္ေယာက္ ေခ်ာ့တစ္လွည့္၊ ေျခာက္တစ္လွည့္ တားတယ္။ သူ နားလည္ေပးတဲ့ အရာေတြ အမ်ားႀကီးရွိသလို အစ္မကလည္း သူ႔အေပၚ ေကာင္းတာေတြရွိတယ္။ တစ္ေယာက္ မေကာင္းတာကို တစ္ေယာက္ ေထာက္ျပမွ အဆင္ေျပမွာေလ။ တစ္ေယာက္တည္းပဲ ေထာက္ျပလို႔လည္း အဆင္မေျပဘူး” ဆိုတာကို မီဒီယာတစ္ခုရဲ႕ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့တာ ျဖစ္ပါတယ္။

ေအာင္လ နဲ႔ ဝိုင္းစုခိုင္သိန္း တို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးမွာ ေဝဖန္မႈေတြလည္း ႀကဳံခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒီေဝဖန္မႈေတြၾကားက အခ်စ္ေရးခိုင္မာလာတဲ့ အေၾကာင္း ဆက္လက္ ေျပာျပခဲ့ပါေသးတယ္။

“ ေဝဖန္မႈ ဆိုတာကေတာ့ အၿမဲတမ္းရွိေနမွာပဲ။ ဘယ္ေနရာ၊ ဘယ္အခ်ိန္မဆို ရွိမွာပဲ။ အဲဒီေဝဖန္မႈေတြကို ေၾကာက္႐ြံၿပီးေတာ့ ေနာက္ဆုတ္သြားမယ့္ မိန္းကေလးထဲမွာ အစ္မ မပါဘူးဆိုတာေတာ့ အစ္မ ပရိသတ္ေတြ သိၾကပါတယ္။ သူကလည္း ဒါေတြကို သိပ္စိတ္မဝင္စားတဲ့သူ၊ အစ္မကလည္း ဒါေတြကို ေခါင္းထဲ မထည့္ဘူး။ မေကာင္းတဲ့အရာေတြကို ခံစားေနဖို႔ထက္ ေကာင္းေအာင္ ႀကိဳးစားေနထိုင္သြားမယ္။ အစ္မတို႔ ႏွစ္ေယာက္လည္း ဘယ္ေလာက္အထိ ေကာင္းေအာင္ေနတယ္ဆိုတာ ေဘးက လူေတြသိတယ္” လို႔ဆိုပါတယ္။

ေအာင္လနဲ႔ ဝိုင္းစုတို႔ စုံတြဲေလးရဲ႕ သီခ်င္းေတြကို ႀကိဳက္ႏွစ္သက္ၾကလားဆိုတာ ေျဖခဲ့ပါဦးေနာ္ ပရိတ္သတ္ႀကီး ။ ဖတ္ရႈေပးတဲ့ အတြက္ အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။