ဝါထပ် ရတဲ့အကြောင်းအရင်း

ဝါထပ် ရတဲ့အကြောင်းအရင်း

ဝါထပ်တယ်ဆိုတာမြတ်စွာဘုရားသတ် မှတ်ပေးခဲ့တာမဟုတ်ပါဘူး၊နက္ခတ်အ ကြောင်းတတ်သိကျွမ်းကျင်တဲ့ပ ညာရှင်တွေကသတ်မှတ်ပေးခဲ့တာပါ။ရှေးရှေးတုန်းကရှင်ဘုရင်တွေကသူတို့ရဲ့ဘဝအခြေအနေအတက်အကျနဲ့ပတ်သက်ပြီးပြုပြင်စရာရှိရင်ပြုပြဖို့ရာနက္ခက်ဗေဒင်ကျွမ်းကျင်ကြတဲ့ဆရာတွေကိုအထူးအခွင့်အရေးပေးပြီးမြှောက်စားထားကြပါတယ်။

အဲဒီဆရာတွေကအခြေအနေအရပ်ရပ်ကိုတွက်ချက်သုံးသပ်ပြီးတော့ဒီနှစ်ဝါထပ်တယ်လို့ရှင်ဘုရင်ကိုအသိပေးလိုက်ရင်ရှင်ျံ့ ဘုရင်ကလည်းဒီနှစ်ဝါထပ်တယ်လို့မိမိရဲ့အာဏာပနှံ့ရာနယ်ပယ်တွေကိုအသိပေးကြေငြာလိုက်တယ်၊အဲဒီလိုရှင်ဘုရင် ကြေငြာလိုက်တဲ့အခါတစ်တိုင်းလုံးတစ်ပြည်လုံးကအသိအမှတ်ပြုလိုက်ကြပါတယ်။အဲဒါကြောင့်ရဟန်းတော်တွေလည်းဒုတိယဝါဆိုလပြည့်ကျော် (၁)ရက်နေ့မှာကိုယ်နေထိုင်တဲ့ကျောင်းမှာ ဝါဆိုဝါကပ်ကြရပါတယ်။

တစ်နှစ်မှာလပေါင်းဘယ်လောက်ရှိလဲ?ရက်သုံးဆယ်ကိုတစ်လ၊တစ်ဆယ့်နှစ်လကိုတစ်နှစ်။တန်ခူးလဆန်း(၁)ရက်နေ့ကစပြီးတော့တပေါင်းလကွယ်နေ့အထိအောင်(၁၂)လကို တစ်နှစ်လို့သိထားကြတယ်။

အဲဒီအယူအဆဟာအပြည့်အစုံမမှန်သေးပါဘူး။အဲဒီ(၁၂)လ (၁)နှစ်နှစ်ဆိုတဲ့အယူအဆဟာနေမင်းကြီးကိုစံနမူနာထား
ပြီးတွက်ချက်ထားကြပါတယ်။ဒီနေ့နေ ထွက်တဲ့အချိန်ကစပြီးနောက်နေ့နေထွက်တဲ့အချိန်ရောက်ရင်လောကမှာတစ် ရက်လို့သတ်မှတ်နေကြတယ်။

အဲဒါဟာအများသိလွယ်အောင်မှတ်ထားတာပါ၊ မတိကျသေးပါဘူး၊တိတိကျကျသိချင်ရင်နက္ခတ်နဲ့သက်မှတ်ရပါတယ်။နေဆိုတာကတနင်္ဂနွဂြေိုဟ်၊ဂြိုဟ်ကြီးကိုးလုံးထဲမှာတစ်ခုအပါအဝင်ပေါ့၊ဂြိုဟ်တွေဟာရွေ့လျားသွားလာနေကြတယ်။နက္ခတ်တွေလည်းရွေ့လျားသွားလာနေကြတယ်။ကောင်းကင်မှာဂြိုဟ်တွေရွေ့ လျားသွားလာပုံကပုံမှန်မရှိပါဘူး၊တစ်ခါတစ်ရံမြန်တယ်၊တစ်ခါတရံနှေးတယ်။

အဲဒါကြောင့်နေမင်းကြီးရဲ့အသွားနှုန်းဟာလည်းမြန်တဲ့အခါရှိသလိုနှေးတဲ့အခါလည်းရှိပါတယ်။ဒါကြောင်မို့နေ့တာကလည်းအတိုအရှည်ဖြစ်ကြရပါတယ်။နက္ခတ်တွေရဲ့အသွားနှုန်းကတော့
ပုံမှန်သွားနေကြတာပါပဲ၊အနှေးအမြန်ပြောင်းလဲမှုမရှိပါဘူး။နေနက္ခတ်ဟာထက်ကောင်းကင်မှာယှဉ်ပြိုင်သွားတဲ့အခါမှာ နက္ခတ်ကအသွားမြန်ပြီးနေကအသွားနှေးပါတယ်၊နက္ခတ်ကရက်ပေါင်း(၃၀)ပြည့်သွားရင်နေကိုကိုးပါတ်လွန်သွားတယ်လို့ ကျမ်းဂန်တွေမှာ ပြဆိုထားပါတယ်။

ပါတ်တဲ့အကြောင်းပြောရရင်နက္ခတ် (၂၇)လုံးအကြောင်းကိုလည်းပြောရမယ်။နက္ခတ်က

၁။အသဝနီနက္ခတ်၊ ၂။ဘရဏီနက္ခတ်၊၃။ကြတ္တိကာနက္ခတ်၊ ၄ရောဟဏီနက္ခတ်၊၅။မိဂသီနက္ခတ်၊ ၆။ဘဒြ္ဒနက္ခတ်၊၇။ပုန္နဖုသျှနက္ခတ်၊ ၈။ဖုသျှနက္ခတ်၊၉။အသလိဿနက္ခတ်၊ ၁၀။မဃနက္ခတ်၊၁၁။ပြုဗ္ဗဖလရုနီနက္ခတ်၊၁၂။ဥတ္တရဖလရုနီနက္ခတ်၊ ၁၃။ဟသတနက္ခတ်၊၁၄။စိတြနက္ခတ်၊ ၁၅။သွာတိနက္ခတ်၊၁၆။ဝိသာခါနက္ခတ်၊ ၁၇။အနုရာဓနက္ခတ်၊

၁၈။ဇေဋ္ဌနက္ခတ်၊၁၉။မူလနက္ခတ်၊ ၂၀။ပြုဗ္ဗာသာဠ်နက္ခတ်၊၂၁ ဥတ္တရာ သာဠ်နက္ခတ်၊ ၂၂။သရဝဏ်နက္ခတ်၊၂၃။ဓနသိဒ္ဓနက္ခတ်၊၂၄။သတ္တဘိသျှနက္ခတ် ၊၂၅။ပြဗ္ဗဘဒြပိုဒ်နက္ခတ်၊၂၆။ဥတ္တရ ဘ ဒြပိုဒ်နက္ခတ်၊၂၇။ရေဝတီနက္ခတ်ဆိုပြီး (၂၇)လုံးရှိပါတယ်။အဲဒီ(၂၇)လုံးကုန်ဆုံးတဲ့နေ့ဟာတစ်နှစ်ပြည့်တဲ့နေ့ပါပဲ။

ကောင်းကင်မှာအစဆုံးအသဝနီနက္ခတ်ကနေနဲ့ယှဉ်ပြိုင်ပြေးနေစဉ် နေကတဖြည်းဖြည်းနောက်ကျသွားတယ်၊နက္ခတ်ကတဖြည်းဖြည်းရှေ့ရောက်သွားတယ်။အသဝနီနက္ခတ်ရဲ့နောက်ကနေပြီး
တော့ရုပ်ပုံလေးတွေနဲ့ဖော်ပြကြတယ်၊ပထမဆုံး(၉)ပါတ်အစုကိုတော့ဆိတ်ရုပ်နဲ့တူတဲ့အတွက်ကြောင့်မိဿရာသီလို့ခေါ်ကြပါတယ်။ဒုတိယ(၉)ပါတ်အစုကိုတော့နွားရုပ်နဲ့တူတာကြောင့် ပြိဿရာသီလို့ခေါ်ကြပါတယ်။

တတိယ(၉)ပါတ်အစုကတော့ဇနီး မောင် နှံနှစ်ယောက်ယှဉ်တွဲနေတဲ့ပုံနဲ့တူလို့ မေထုန်ရာသီလို့ခေါ်ကြပါတယ်။စတုတ္ထ (၉)ပါတ်အစုကတော့ပုဇွန်လုံးပုံနဲ့တူတာကြောင့်ကရကဋ်ရာသီလို့ခေါ်ကြပါတယ်။ပဉ္စမ(၉)ပါတ်အစုကတော့ခြင်္သေ့နဲ့တူလို့သိဟ်ရာသီလို့ခေါ်ကြပါတယ်။ဆဋ္ဌမ(၉)ပါတ်အစုကတော့အပျိုကညာရဲ့ဟန်အသွင်နဲ့တူတာကြောင့် ကန်ရာသီလို့ခေါ်ကြပါတယ်။ သတ္တမ (၉)ပါတ်အစုကတော့ချိန်ခွင်နဲ့တူတာကြောင့်တူရာသီလို့ခေါ်ကြပါတယ်။

အဋ္ဌမ(၉)ပါတ်အစုကတော့ကင်းမြီးကောက်ပုံနဲ့တူတာကြောင့်ဗြိစ်ဆရာသီလို့ခေါ်ကြပါတယ်။နဝမ(၉)ပါတ်အစုကတော့လေးနဲ့တူလို့ ဓနုရာသီလို့ခေါ်ကြပါတယ်။ဒသမ(၉)ပါတ်အစုကတော့
မကန်းသတ္တဝါနဲ့တူတာကြောင့်မကာရရာသီလို့ခေါ်ကြပါတယ်။ဧကာဒသမ (၉)ပါတ်အစုကတော့မကန်းအိုးနဲ့တူလို့ ကုံရာသီလို့ခေါ်ကြပါတယ်။

ဒွါဒသမ(၉)ပါတ်အစုကတော့ ငါးနဲ့တူလို့မိန်ရာသီလို့ခေါ်ကြပါတယ်။ကိုးပါတ်တစ်စုကိုတစ်ရာသီ၊တစ်လလို့ခေါ်ဆို ပါတယ်။ ဒီ(၁၂)ရာသီ(၁၂)လပြည့်ရော တစ်နှစ်ကုန်ဆုံးတော့တာပါပဲ။တစ်နှစ် မှာရက်ပေါင်း(၃၆၅)ရက်လို့သိထားတယ်။ ဒါပေမယ့် တစ်လ၊တစ်ရာသီမှာရက်ပေါင်း(၃၀)နဲ့တွက်ကြည့်ရင်(၁၂)လ
(၁၂)ရာသီမှာရက်ပေါင်း(၃၆၀)ပဲရှိတယ်၊မြန်မာတို့ရဲ့အယူအဆနဲ့ဆိုရင်ရက်မစုံ (၆)လမှာတစ်ရက်စီနှုတ်လိုက်ရင်(၃၅၄)ရက်ပဲရှိပါတယ်။

အမှန်စင်စစ်နက္ခတ်(၂၇)လုံးကုန်ဆုံးသွားတဲ့ရက်တွေဟာ (၃၆၅)ရက်ပဲရှိတယ်။အခုနှစ်စဉ်တွက်နေတဲ့ပြက္ခဒိန်တွေမှာဆိုရင် အားလုံးရက်တွေကိုပေါင်းကြည့်လျှင်(၃၅၄)ရက်ပဲရှိပါတယ်။အဲဒါကြောင့်ရက်တွေပြည့်ပြည့်ဝဝရှိအောင်(၃)နှစ်မှာတစ်ခါဝါထပ်ပေးရပါတယ်။

ဝါထပ်တဲ့နေရာမှာလည်းဝါငယ်ထပ်၊ဝါကြီးထပ်ဆိုပြီးနှစ်မျိုးရှိပါတယ်။ဝါ ထပ်တာကတော့မြန်မာတို့ရဲ့သတ်မှတ်ထားတဲ့(၁၂)လမှာဝါဆိုတစ်လထပ်ပြီးအပိုထည့်ပေးလိုက်တာပါပဲ။အခြား ရက်တွေလတွေတော့ဘာမျှပြောင်းလဲမှုမရှိပါဘူးဝါကြီးထပ်တဲ့နှစ်မှာတော့ဝါဆို တစ်လအပိုထည့်ပေးရုံနဲ့မပြီးသေးပါဘူး။ ဒီဝါကြီးထပ်တဲ့နှစ်နယုန်လမှာလည်းအခါ တိုင်းနှစ်လိုရက်မစုံမဟုတ်ဘဲ၊ရက်စုံ ဖြစ်သွားပါတယ်။

နယုန်လဆုတ်(၁၅)ရက်နေ့မှာလကွယ်တယ်၊အဲဒီလိုရေတွက်ရင်တစ်နှစ်မှာရက်ပေါင်း(၃၆၅)ရက်ပြည့်သွားပါတယ်။အရှင်ဝါသေဋ္ဌာဘိဝံသရေးသားထားသောအပ္ပမာဒဓမ္မရသမဂ္ဂဇင်းမှကောက် နှုတ်ရေးသားထားပါသည်။

Creditအရှင်ပညာသိရီ (ရွှေစည်မြေ)