ဘဝထဲမှာ စိတ်ညစ် စိတ်ပျက် နေစရာမလိုသင့်တဲ့ အချက် (၁၀)ချက်

ဘဝထဲမှာ စိတ်ညစ် စိတ်ပျက် နေစရာမလိုသင့်တဲ့ အချက် (၁၀)ချက်

၁။ သင့်ကိုခွဲသွားတဲ့သူ

သင့်ကိုခွဲသွားတဲ့သူက သင့်ကိုဆုံးရှုံးသွားတာသင်က သူ့ကိုဆုံးရှုံးသွားတာမဟုတ်ဘူး၊သူခွဲခွာသွားတာကနောက်တစ်လမ်းကအခုလျှောက်နေတဲ့လမ်းထက်ကောင်း လို့ရွေးခြယ်လိုက်တာ။

“ ခွဲခွာခြင်းကအသက်ရှင်စဉ်တစ် လျှောက်လုံးအများကြီးတွေ့ ရဦးမှာ ”

၂။ တစ်ဟုန်ထိုးစီးဆင်းနေတဲ့ အချိန်

အချိန်ကရေထက်တောင်မှစီးဆင်းတာမြန်သေးတယ်၊ဒါ့ကြောင့်လုပ်စရာရှိတာကိုမြန်မြန်လုပ်၊ကြိုးစားစရာရှိတာ မြန်မြန်ကြိုးစား၊ကိုယ့်ပခုံးထက်ကတာဝန် ကိုယ်ကျေအောင်လုပ်။

“ အသက်ရှင်နေပြီးလှုပ်နိုင်သေးချိန်မှာ အချိန်ကိုတန်ဖိုးထားပါ ”

၃။ သင့်ကိုကျောခိုင်းထားတဲ့နံရံ

သင့်ကိုကျောခိုင်းထားတဲ့နံရံက သင့်ကိုဘယ်လိုမှအသက်ရှုလို့မရအောင်လုပ်မယ်၊သင့်မှာအရာရာဆုံးရှုံးသွားပြီလို့ ထင်စေမယ်၊ဒါပေမယ့်သင်လေးလေး နက်နက်တွေးပြီးလက်ခံကြည့်မယ်ဆိုရင် ကျောခိုင်းထားတဲ့နံရံကလည်းတစ်ဖက်ကမျက်နှာနံရံလိုပါပဲ၊တစ်ခါတစ်လေ ပခုံးကိုကော့ရင်ကိုမော့ပြီးသေချာကြည့်ကြည့်မယ်ဆိုရင်အချို့အရာတွေက ကျနော်တို့ထင်ထားသလိုမရှုပ်ထွေးပါဘူး

“ ဘယ်တော့မှနောက်မဆုတ်ပါနဲ့၊ နောက် ဆုတ်လို့နောက်ဆုံးလမ်းလုံးလုံးမရှိတဲ့အဖြစ်ရင်ဆိုင်ရတတ်တယ်”

၄။ ရွေးခြယ်လို့မရတဲ့မွေးဖွားမှု

အချို့သူကမွေးကတည်းက မင်းသားပဲ၊ အချို့ကျတော့မွေးကတည်းက မင်းမျိုး မင်းနွယ်၊ဒါပေမယ့်လူတော်တော်များများကမွေးကတည်းကသာမာန်မိသားစုမှာပဲပေါက်ဖွားလာတာများတယ်၊ဒီကမ္ဘာပေါ်မှာသင်မပြောင်းလဲနိုင်တာမရှိဘူး… တကယ်လို့သင်ပြောင်းလဲချင်ရင်ပေါ့

“ ပန်းတိုင်ကိုဂရုမစိုက်နေဘဲ လမ်းခရီးတစ်လျှောက်လုံးပျော်ရွှင်နေပါမှ လူ့ဘဝပါ ”

၅။ အူကြောင်ကြောင်နိုင်တဲ့အထီးကျန်မှု

ဆိုး၊ကောင်း၊ယုတ်၊လတ်၊မြတ်၊ ဆင်းရဲချမ်းသာမရွေးဘယ်သူမဆို အထီးကျန်တဲ့အရသာကို မြည်းစမ်းဖူးကြတာချည်းပဲ၊အရမ်းကို နက်နဲတဲ့အမှောင်ထုကြီးထဲမှာကိုယ်တစ်ကိုယ်ထီးရောက်နေတယ်ထင်ပြီးခေါင်းမမော့နိုင်တာသင်တစ် ယောက်တည်းမဟုတ်ဘူး၊

“ တကယ်တော့အထီးကျန်ဆန်တယ်ဆိုတာကိုယ့်စိတ်ကိုယ်ပေါ်ပဲမူတည်တာ၊ ကိုယ့်စိတ်ရဲ့တောင့်တမှုအပေါ်မှာ သွားမူတည်နေတာ၊ကိုယ်ဖျောက်ထားရင် သူကပျောက်နေတယ် ”

၆။ဆေးမရှိတဲ့ ချစ်ခင်မှု

အရမ်းကို ချိုမြတဲ့အဆိပ်၊ဖြတ်မရတဲ့ဆေးတစ်မျိုးရှိတယ်။ အဲဒါက အချစ်မဟုတ်ဘူးချစ်ခင်မှုတဲ့။

“လူ့တစ်သက်မှာသူများရဲ့ချစ်ခင်နှစ် သက်မှုကိုလည်းခံရဖူးမယ်၊သူတစ်ပါးကိုလည်းချစ်ခင်ဖူးမယ်၊ ဒါပေမယ့်အချစ်ကတော့တစ်ခုပဲရှိတယ်၊အချစ်တစ်ခုကြောင့်အခြားချစ်ခင်မှုတွေကို လျ စ်လျူရှုခဲ့ဖူးတယ်၊ဒါဆိုအဲဒီအချစ်ပျက် ပြားသွားခဲ့ရင်ကော အရင်က ကိုယ်လျစ်လျူရှုထားတဲ့ချစ်ခင်မှုတွေက ပြန်ရနိုင်မှာလား”

၇။ ဆွဲမထားနိုင်တဲ့ မေ့ပျောက်မှု

ကျနော်တို့အားလုံးထင်ထားကြတာအ ချို့ ကိစ္စတွေကိုတစ်သက်မှာတကယ်မမေ့နိုင်တော့ဘူးပေါ့ဒါပေမယ့်အဲဒီလိုတွေးနေတဲ့အချိန်မှာပင်မမေ့နိုင်တဲ့ကိစ္စတော်တော်များများကို မေ့ပျောက်သွားကြတယ်။

“ လူ့ဘဝဟာအချို့အတိတ်တွေကြောင့်ပဲလှပနေကြရတာပါ၊အချို့မေ့သင့်တဲ့အ တိတ်ကို မေ့ပစ်ပါ၊ မမေ့သင့်တဲ့အတိတ်ကို မနက်ဖြန်အတွက် အားအင်အဖြစ်မွေးယူပါ ”

၈။ အတိတ်

အခုူတစ်စက္ကန့်ကနောက်တစ်စက္ကန့်ရဲ့ အတိတ်ဖြစ်သွားပြီ၊ဒါဆိုငါတို့မှာ ဆုံးရှူံး သွားတဲ့အတိတ်တွေ ဘယ်နည်းလိမ့်မလဲ

စကားတစ်ခွန်းကြားဖူးတယ်၊ “သင့်အတိတ်ကိုပဲသင်တစ်ချိန်လုံးတွေးနေပြီဆိုရင်အခုလက်ရှိနေ့ရက်တွေက အတိတ်နေ့ရက်တွေကလောက်မကောင်းလို့တဲ့ ”

လူတွေဟာလက်ရှိအခြေအနေက အရင်ကထက်ကောင်းစားရင်အတိတ်ကို အ လိုလိုမေ့နေတတ်ကြတယ်။အတိတ်ကို ပြန်တွေးသင့်တာမှန်ပေမယ့်အတိတ်မှာပဲ အသက်မရှင်ပါနဲ့၊ ဒီနေ့မှာအသက်ရှင်ပါ ။

၉။ တပါးသူရဲ့ လှောင်ဖွဲ့မှု

သူများပါးစပ်ကသူများမျက်နှာမှာပေါက်တာ၊ကိုယ့်ရဲ့နားက ကိုယ့်ခေါင်းဘေးမှာပေါက်တာ၊ပြောတာမပြောတာသူ့အပိုင်း၊ နားထောင်၊မထောင်ကမှသာကိုယ့်ရဲ့အပိုင်း၊ းသူများရဲ့လှောင်ဖွဲ့မှုတွေကို ပြန်ပြုံးပြနိုင်ဖို့ကြိုးစားရမယ်။

“သွားဂရုမစိုက်ပါနှင့်”

၁၀။ ရှောင်လွှဲလို့မရတဲ့ သေခြင်းတရား

မွေးဖွားခြင်းကတာထွက်၊ဘဝက ခရီးဆိုရင်၊သေခြင်းတရားကပန်းတိုင်ပဲ။ ဘယ် လိုမှရှောင်လွဲလို့မရဘူး။သေခြင်းတရားက ကွေးသောလက်မဆန့်မီနှင့်ဆန့်သောလက်မကွေးမီကြားထဲမှာရှိတာ၊ဝင်လေနှင့်ထွက်လေကြားထဲမှာတည်ရှိတာ၊ ဝင်လေရှိပြီးထွက်လေပြန်ထွက်မလာရင် အသက်က သေသွားပြီ။

“အချိန်မီ ကောင်းမှုဒါနပြုပါ ”

နိဂုံး

ဘဝမှာတစ်ခါတစ်လေကိုယ်ကကြိုးစားပေမယ့် ဖြစ်မလာတာတွေရှိတယ်သင်မှမဟုတ်ဘူး..သင်ကော၊သူကော.ကျနော်ကောဖြစ်ဖူးတယ်အဲဒီအချိန်ကျရင် စိတ်ကို လျော့သတဲ့လျော့ပြီးလွှတ်ချတတ်ရမယ်ကိုယ်စိတ်အေးချမ်းသွားပြီဆို ကိုယ့်ပတ်ဝန်းကျင်လည်းအေးချမ်းသွားပြီ
ဘာမှ ဆွေးစရာမရှိဘူး.။

Credit

ဘဝထဲမွာ စိတ္ညစ္စိတ္ပ်က္ေနစရာမလိုသင့္တဲ့ အခ်က္ (၁၀)ခ်က္

၁။ သင့္ကိုခြဲသြားတဲ့သူ

သင့္ကိုခြဲသြားတဲ့သူက သင့္ကိုဆုံးရႈံးသြားတာသင္က သူ႕ကိုဆုံးရႈံးသြားတာမဟုတ္ဘူး၊သူခြဲခြာသြားတာကေနာက္တစ္လမ္းကအခုေလွ်ာက္ေနတဲ့လမ္းထက္ေကာင္း လို႔ ေ႐ြးျခယ္လိုက္တာ။

“ ခြဲခြာျခင္းကအသက္ရွင္စဥ္တစ္ ေလွ်ာက္လုံးအမ်ားႀကီးေတြ႕ ရဦးမွာ ”

၂။ တစ္ဟုန္ထိုးစီးဆင္းေနတဲ့ အခ်ိန္

အခ်ိန္ကေရထက္ေတာင္မွစီးဆင္းတာျမန္ေသးတယ္၊ဒါ့ေၾကာင့္လုပ္စရာရွိတာကိုျမန္ျမန္လုပ္၊ႀကိဳးစားစရာရွိတာ ျမန္ျမန္ႀကိဳးစား၊ကိုယ့္ပခုံးထက္ကတာဝန္ ကိုယ္ေက်ေအာင္လုပ္။

“ အသက္ရွင္ေနၿပီးလႈပ္နိုင္ေသးခ်ိန္မွာ အခ်ိန္ကိုတန္ဖိုးထားပါ ”

၃။ သင့္ကိုေက်ာခိုင္းထားတဲ့နံရံ

သင့္ကိုေက်ာခိုင္းထားတဲ့နံရံက သင့္ကိုဘယ္လိုမွအသက္ရႈလို႔မရေအာင္လုပ္မယ္၊သင့္မွာအရာရာဆုံးရႈံးသြားၿပီလို႔ ထင္ေစမယ္၊ဒါေပမယ့္သင္ေလးေလး နက္နက္ေတြးၿပီးလက္ခံၾကည့္မယ္ဆိုရင္ ေက်ာခိုင္းထားတဲ့နံရံကလည္းတစ္ဖက္ကမ်က္ႏွာနံရံလိုပါပဲ၊တစ္ခါတစ္ေလ ပခုံးကိုေကာ့ရင္ကိုေမာ့ၿပီးေသခ်ာၾကည့္ၾကည့္မယ္ဆိုရင္အခ်ိဳ႕အရာေတြက က်ေနာ္တို႔ထင္ထားသလိုမရႈပ္ေထြးပါဘူး

“ ဘယ္ေတာ့မွေနာက္မဆုတ္ပါနဲ႕၊ ေနာက္ ဆုတ္လို႔ေနာက္ဆုံးလမ္းလုံးလုံးမရွိတဲ့အျဖစ္ရင္ဆိုင္ရတတ္တယ္”

၄။ ေ႐ြးျခယ္လို႔မရတဲ့ေမြးဖြားမႈ

အခ်ိဳ႕သူကေမြးကတည္းက မင္းသားပဲ၊ အခ်ိဳ႕က်ေတာ့ေမြးကတည္းက မင္းမ်ိဳး မင္းႏြယ္၊ဒါေပမယ့္လူေတာ္ေတာ္မ်ားမ်ားကေမြးကတည္းကသာမာန္မိသားစုမွာပဲေပါက္ဖြားလာတာမ်ားတယ္၊ဒီကမာၻေပၚမွာသင္မေျပာင္းလဲနိုင္တာမရွိဘူး… တကယ္လို႔သင္ေျပာင္းလဲခ်င္ရင္ေပါ့

“ ပန္းတိုင္ကိုဂ႐ုမစိုက္ေနဘဲ လမ္းခရီးတစ္ေလွ်ာက္လုံးေပ်ာ္႐ႊင္ေနပါမွ လူ႕ဘဝပါ ”

၅။ အူေၾကာင္ေၾကာင္နိုင္တဲ့အထီးက်န္မႈ

ဆိုး၊ေကာင္း၊ယုတ္၊လတ္၊ျမတ္၊ ဆင္းရဲခ်မ္းသာမေ႐ြးဘယ္သူမဆို အထီးက်န္တဲ့အရသာကို ျမည္းစမ္းဖူးၾကတာခ်ည္းပဲ၊အရမ္းကို နက္နဲတဲ့အေမွာင္ထုႀကီးထဲမွာကိုယ္တစ္ကိုယ္ထီးေရာက္ေနတယ္ထင္ၿပီးေခါင္းမေမာ့နိုင္တာသင္တစ္ ေယာက္တည္းမဟုတ္ဘူး၊

“ တကယ္ေတာ့အထီးက်န္ဆန္တယ္ဆိုတာကိုယ့္စိတ္ကိုယ္ေပၚပဲမူတည္တာ၊ ကိုယ့္စိတ္ရဲ႕ေတာင့္တမႈအေပၚမွာ သြားမူတည္ေနတာ၊ကိုယ္ေဖ်ာက္ထားရင္ သူကေပ်ာက္ေနတယ္ ”

၆။ေဆးမရွိတဲ့ ခ်စ္ခင္မႈ

အရမ္းကို ခ်ိဳျမတဲ့အဆိပ္၊ျဖတ္မရတဲ့ေဆးတစ္မ်ိဳးရွိတယ္။ အဲဒါက အခ်စ္မဟုတ္ဘူးခ်စ္ခင္မႈတဲ့။

“လူ႕တစ္သက္မွာသူမ်ားရဲ႕ခ်စ္ခင္ႏွစ္ သက္မႈကိုလည္းခံရဖူးမယ္၊သူတစ္ပါးကိုလည္းခ်စ္ခင္ဖူးမယ္၊ ဒါေပမယ့္အခ်စ္ကေတာ့တစ္ခုပဲရွိတယ္၊အခ်စ္တစ္ခုေၾကာင့္အျခားခ်စ္ခင္မႈေတြကို လ် စ္လ်ဴရႈခဲ့ဖူးတယ္၊ဒါဆိုအဲဒီအခ်စ္ပ်က္ ျပားသြားခဲ့ရင္ေကာ အရင္က ကိုယ္လ်စ္လ်ဴရႈထားတဲ့ခ်စ္ခင္မႈေတြက ျပန္ရနိုင္မွာလား”

၇။ ဆြဲမထားနိုင္တဲ့ ေမ့ေပ်ာက္မႈ

က်ေနာ္တို႔အားလုံးထင္ထားၾကတာအ ခ်ိဳ႕ ကိစၥေတြကိုတစ္သက္မွာတကယ္မေမ့နိုင္ေတာ့ဘူးေပါ့ဒါေပမယ့္အဲဒီလိုေတြးေနတဲ့အခ်ိန္မွာပင္မေမ့နိုင္တဲ့ကိစၥေတာ္ေတာ္မ်ားမ်ားကို ေမ့ေပ်ာက္သြားၾကတယ္။

“ လူ႕ဘဝဟာအခ်ိဳ႕အတိတ္ေတြေၾကာင့္ပဲလွပေနၾကရတာပါ၊အခ်ိဳ႕ေမ့သင့္တဲ့အ တိတ္ကို ေမ့ပစ္ပါ၊ မေမ့သင့္တဲ့အတိတ္ကို မနက္ျဖန္အတြက္ အားအင္အျဖစ္ေမြးယူပါ ”

၈။ အတိတ္

အခုူတစ္စကၠန႔္ကေနာက္တစ္စကၠန႔္ရဲ႕ အတိတ္ျဖစ္သြားၿပီ၊ဒါဆိုငါတို႔မွာ ဆုံးရႉံး သြားတဲ့အတိတ္ေတြ ဘယ္နည္းလိမ့္မလဲ

စကားတစ္ခြန္းၾကားဖူးတယ္၊ “သင့္အတိတ္ကိုပဲသင္တစ္ခ်ိန္လုံးေတြးေနၿပီဆိုရင္အခုလက္ရွိေန႕ရက္ေတြက အတိတ္ေန႕ရက္ေတြကေလာက္မေကာင္းလို႔တဲ့ ”

လူေတြဟာလက္ရွိအေျခအေနက အရင္ကထက္ေကာင္းစားရင္အတိတ္ကို အ လိုလိုေမ့ေနတတ္ၾကတယ္။အတိတ္ကို ျပန္ေတြးသင့္တာမွန္ေပမယ့္အတိတ္မွာပဲ အသက္မရွင္ပါနဲ႕၊ ဒီေန႕မွာအသက္ရွင္ပါ ။

၉။ တပါးသူရဲ႕ ေလွာင္ဖြဲ႕မႈ

သူမ်ားပါးစပ္ကသူမ်ားမ်က္ႏွာမွာေပါက္တာ၊ကိုယ့္ရဲ႕နားက ကိုယ့္ေခါင္းေဘးမွာေပါက္တာ၊ေျပာတာမေျပာတာသူ႕အပိုင္း၊ နားေထာင္၊မေထာင္ကမွသာကိုယ့္ရဲ႕အပိုင္း၊ းသူမ်ားရဲ႕ေလွာင္ဖြဲ႕မႈေတြကို ျပန္ၿပဳံးျပနိုင္ဖို႔ႀကိဳးစားရမယ္။

“သြားဂ႐ုမစိုက္ပါႏွင့္”

၁၀။ ေရွာင္လႊဲလို႔မရတဲ့ ေသျခင္းတရား

ေမြးဖြားျခင္းကတာထြက္၊ဘဝက ခရီးဆိုရင္၊ေသျခင္းတရားကပန္းတိုင္ပဲ။ ဘယ္ လိုမွေရွာင္လြဲလို႔မရဘူး။ေသျခင္းတရားက ေကြးေသာလက္မဆန႔္မီႏွင့္ဆန႔္ေသာလက္မေကြးမီၾကားထဲမွာရွိတာ၊ဝင္ေလႏွင့္ထြက္ေလၾကားထဲမွာတည္ရွိတာ၊ ဝင္ေလရွိၿပီးထြက္ေလျပန္ထြက္မလာရင္ အသက္က ေသသြားၿပီ။

“အခ်ိန္မီ ေကာင္းမႈဒါနျပဳပါ ”

နိဂုံး

ဘဝမွာတစ္ခါတစ္ေလကိုယ္ကႀကိဳးစားေပမယ့္ ျဖစ္မလာတာေတြရွိတယ္သင္မွမဟုတ္ဘူး..သင္ေကာ၊သူေကာ.က်ေနာ္ေကာျဖစ္ဖူးတယ္အဲဒီအခ်ိန္က်ရင္ စိတ္ကို ေလ်ာ့သတဲ့ေလ်ာ့ၿပီးလႊတ္ခ်တတ္ရမယ္ကိုယ္စိတ္ေအးခ်မ္းသြားၿပီဆို ကိုယ့္ပတ္ဝန္းက်င္လည္းေအးခ်မ္းသြားၿပီဘာမွ ေဆြးစရာမရွိဘူး.။

Credit