အင်္ဂါနေ့တွင်မွေးဖွားသူများအတွက်ဘဝတစ်သက်တာဟောကိန်းနှင့်အထွေထွေသိမှတ်ဖွယ်ရာများ

( အင်္ဂါ ) သားသမီးများသီဟရာဇာခြင်္သေ့မင်းနေ့မွေးဖွားသူများ

အင်္ဂါသားသမီးများသည်စိတ်သဘောထားကောင်မွန်၍ ထက်မြက်ကြသည်။ကူညီပေးကမ်းလိုစိတ်ရှိကြသည်။စိတ်ဓါတ်မာကျော၍ ဇွဲလုံးလဝရိယရှိသူများဖြစ်ကြမည်။မိမိယုံကြည်မိပြီဆိုလျင် မည်သို့သောအခက်အခဲမည်သို့သောအတားအစီးရှိသည် ဖြစ်စေ စိတ်မြန်လက်မြန်နုင့် အောင်မြင်သည်အထိ ကျိုးစားလုပ်ကိုင်တတ်ကြသူများသာ ဖြစ်ကြသည်

အင်္ဂါသားသမီးများသည်ရိုးရှင်းပွင့်လင်းသော စိတ်အခြေခံရှိသူများသာဖြစ်မည်။ပေါင်းသင်းဆက်ဆံရေး ကောင်းသူများဖြစ်ကြမည်။သူတိုသည် ပြောစရာရှိလျင် ပွင့်စွာပြောဆိုတတ်ကြသာများအများအကျိုးသယ်ပို လိုစိတ်ရှိကြသူများသာဖြစ်ပါသည်

အင်္ဂါသားသမီးများသည်မည်သိုသော နယ်ပယ် မည်သို့သော အလုပ်ဖြစ်စေကျရာနေရာ ကြုံရာ ဘဝတွင် ထွန်းပေါက်အောင်မြင်အောင်လုပ်ဆောင်တတ်ကြသူများသာ ဖြစ်ပါသည်

လူအများ စိတ်မဝင်စားသော အလုပ်များလူအများ မလုပ်နိုင်သော အလုပ်များတွင် ထူးခြားစွာအောင်မြင်အောင်စွမ်းဆောင်နိုင်ကြ သူများသာဖြစ်ပါမည်။သူတို့သည် စူးစမ်းလေ့လာလိုစိတ်ရှိသူများအရာရာသင်ကြားတတ်မြောက်လိုစိတ်ရှိသူများသာဖြစ်ပါမည်။

အင်္ဂါသားသမီးများသည်မွေးရာပါ စိတ်ဝိညာဉ်၏ ရဲစွမ်းသတ္တိ ဇွဲလုံးလ ဝရိယရှိသူများလက်ရုံးရည် နှလုံးရည် ထက်မြက်သူများသာ ဖြစ်ကြပါမည်ဘဝတွင် အလုပ်နင့် ဘဝ ရည်မှန်းချက်များသည် မကြာခဏအပြောင်းအလဲများနုင့်တွေ့ကြုံရတတ်သူများသာ ဖြစ်ပါမည်။

အင်္ဂါသားသမီးများသည်စွန့်စားလုပ်ကိုင်ရသော အလုပ်များ ဆန်းသစ်တီထွင်ရသောအလုပ်များနင့် ရင်ဆိုင်ယှဉ်ပြိုင် ရသော အလုပ်များတွင် ထူးခြားသော ပါရမီထူးများ ပါရှိနေကြသူများဖြစ်ပါမည်

အင်္ဂါသားသမီးများသည်ရဲရင့်သော တိုက်ခိုက်ရေးအလုပ်များစွန့်စားရသော အလုပ်တာဝန်များပင်ပန်းစွာ လုံးလဝရိယအားစိုက်ရသောအလုပ်များတွင်ထူးခြားစွာ စွမ်းဆောင်နိုင်သူများသာ ဖြစ်ပါမည်။သူတို့သည် ရှင်သန်ရာ မိသားစု ပါတ်ဝန်း မိတ်ဆွေအပေါင်းအသင်းများ အပေါ်တွင်အကျိုးပြုကောင်းကျိုးဆောင်ရန် စိတ်သန်သူများသာဖြစ်ကြပါမည်

သူတို့သည် ယုံကြည်ရာသို့ အစွဲသန်သောသဘောရှိသူများခေါင်းမာတတ်ကြသူများ ဖြစ်ါကြပါမည်။စိတ်ခံစားမှု့ အင်အားကြီးမားသူများသာ ဖြစ်ကြပါမည်။သူတို့၏ စိတ်ခံစားမှု့ကို လှို့ဝှက်စွာ မြို့သိတ်ထားတတ်သူများဖြစ်ကြမည်

အင်္ဂါသားသမီးများသည်တသက်တာဘဝ အငြိမ်မနေ လှုပ်ရှားကျိုးစားနေသူများသာဖြစ်ကြပါမည်။မတူညီသော အလုပ်များနင့် ဝေးလံသော အရပ်များသို့ဆက်သွယ်ခြင်း သွားလာရခြင်းများကို စိတ်ပါဝင်စားသူသူတို့ကိုအပြင်ပန်းက ကြည့်ပါက ပေါ့ပေါ့နေသူများဟုထင်မြင်စရာရှိသော်လည်းသူ့တို့အတွင်းစိတ်ထဲ၌ လေးနက်သော လောကအမြင်များရှိနေကြသူများသာ ဖြစ်ပါမည်

အင်္ဂါသားသမီးများသည်သူ့တို့နင့် ဆက်နွယ်သော မိသားစုနင့် မိတ်ဆွေအပေါင်းအသင်းများအပေါ် ကောင်းကျိုးဆောင်သောအနစ်နာခံ၍ အကျ ိးပြုတတ်သော စိတ်ရှိသူများကာကွယ်စောင့်လျောက်တတ်သူများသာ ဖြစ်ကြပါမည်

( ၁ )

* ( အင်္ဂါ သားသမီးများ )မွေးဖွားသည်မှအသက် ၈ နစ်အတွင်း

မိသားစုနင့် အဆွေအမျ ိုးများသို့ကောင်းကျ ိုးသက်ရောက်စေပါမည်။မိသားစုနင့် ဆက်နွယ်သော အလုပ်များတွင် စက်နှင့်စက်သက်ဆိုင်သော ပစ္စည်းများ အကျိုပေးမည်။စျေးဆိုင်များ ဆရာနင့်ပါတ်သက်သော ကောင်းကျိုးများအဆွေ အမျိုးတို၏ အောင်မြင်တိုးတက်မှု့နင့် သူတို့၏ကူညီစောင့်လျောက်မှု့များ ရရှိပါမည်

အင်္ဂါသားသမီးများအသက် ‘ ၈ နစ်အတွင်းအညံ့များပပျောက်စေရန်နှင့်ကံကောင်းစေရန်တန်ခိုးကြီးဘုရား၏အရှေ့တောင်အရပ်အင်္ဂါဂြိုလ်တိုင်တွင် သန့်ရှင်းရေး အမှု့ကုသိုလ်ပြုပါ။အင်္ဂါ ဂြိုလ်မင်းကို ရည်စူး ၍ဆံ ၃ပုံ ဆား ၃ ပုံ လှူ ပါ လိုရာဆုတောင်းပါအင်္ဂါနေ့တွင်လှူ ပါ

( ၂ )

*အင်္ဂါသားသမီးများအသက် ၉ နစ်မှ ၂၅ နစ်အတွင်း

ပညာသင်ကြားခြင်းနင့် ပညာနင့်ပါတ်သက်သော အလုပ်များမိဘများအတွက် မြေနင့်ပါတ်သက်သော ကောင်းကျိုးများရရှိခံစားရစေတတ်ပါမည်ဝေးလံသော အရပ်များ သွားရာ ဆက်သွယ်ရခြင်းနှင့်ဝေးလံသော အရပ်များမှ ငွေကျေး ဥစ္စာဓနများ ရရှိတတ်ပါသည်။

အသိပညာ အတတ်ပညာ နင့် သင်ကြား လုပ်ကိုင်ရခြင်းများထူးခြား အကျိုးပေးမည့် နစ်များသာ ဖြစ်ပါသည်။မိမိထက် အသက်အရွယ်ကြီးသူ များက ချစ်ခင်နစ်သက်မေတ္တာဝင်ခြင်း ခံရ တတ်ပါသည်

အင်္ဂါ သားသမီးများ အသက် ၉ နစ်မှ ၂၅ အတွင်း
အညံ့များပြေပျောက်စေရန်နုင့် ကံကောင်းစေရန်
တန်ခိုးကြီးဘုရား၏ တောင်အရပ် ဗုဒ္ဓဟူးနံဒေါင့်တွင်သန့်ရှင်းရေး အမှု့ကုသိုလ်ပြုပါ ဗုဒ္ဓဟူးဂြိုလ်မင်းကိုရည်စူး၍ ရွှက်လှ ‘ ၄ ညွန့်နင့် ရေ ‘ ၄ ခွက်လှူ ပါ။အင်္ဂါနေ့နင့် ဗုဒ္ဓဟူးနေ့တွင် လှူ ရပါမည်

( ၃ )

အင်္ဂါသားသမီးများအသက် ၂၆ မှ အသက် ၃၅ အတွင်း

မမျော်လင့်သော ဘဝ ဖြစ်စဉ်များနှင့်နေရပ်ဒေသ အပြောင်းအလဲများကြုံရတတ်ပါသည်။မတည်ငြိမ်သောအလုပ် ဘဝ နှင့် အပြောင်းအ ရွေ့များအိမ်ရာ ပြုပြင်တည်ဆောက်ရခြင်းများကြုံမည်။မကြာခဏသော ဘဝလမ်း အချိုးအကွေ့များနှင့်( အင်္ဂါ နေ့ဖွား အမျိုသမီးများအတွက် )
ချစ်မေတ္တာ အိမ်ထောင်ရေးနင့် ဆက်နွယ်သော သောကပြသာနာများ အထူ ဂရုပြုရမည့် နစ်များသာ ဖြစ်ပါမည်

မိသားစု အဆွေအမျိုးများနင့် အဆင်ပြေအောင်နေရမည်။မဆိုင်သူများ၏ ကိစ္စများတွင်ဝင်ရောက် မပါသင့်အရာရာ စိတ်ရှည်သည်းခံ ရပါမည်ငွေကြေး ရင်းနှီးမြုတ်နံမှု့များ မပြုသင့်သော နှစ်များပါ

အင်္ဂါ သားသမီးများ အသက် ‘ ၂၆ မှ ၃၅ အတွင်း
အညံ့များပြေပျောက်စေရန် နင့်ကံကောင်းသေရန်
တန်ခိုးကြီး ဘုရား၏ အနောက်တောင် စနေနံဂြိုလ်တိုင်တွင်သန့်ရှင်းရေး ကုသိုလ်မှု့ပြုပါ။စနေဂြိုလ်မင်းကို ရည်စူး၍ မီးအလင်း ‘ တိုင်လှူ ပါစနေနေ့နုင့် အင်္ဂါနေ့တွင် လှူ ပါ

( ၄ )

*အင်္ဂါသားသမီးများအသက် ၃၆ နှစ်မှ အသက် ၅၄ အတွင်း

မမျော်လင့်သောငွေများစွာရရှိတတ်သော နစ်များပါအမွေ ရရှိတတ်သည် မြေဝင်တတ်သည်။ကောင်းမွန်သော အိမ်ယာတည်ဆောက်ရခြင်းများနှင့်ရင်းနှီးမြုတ်နှံရသော အလုပ်များတွင်ထူးခြားစွာအောင်မြင်ကံကောင်း အကျိုးပေးပါမည်

စျေးဆိုင်တည်ခြင်း ဥယာဉ်ခြံမြေ အလုပ်များပညာနင့် ဆက်နွယ်ပါတ်သက်သော အလုပ်များတွင်ထူခြားသော ကောင်းကျိုးများစွာ ရရှိစေပါမည်။မိမိနေထိုင်ရာပါတ်ဝန်းကျင်တွင် လူအများ၏ ယုံကြည်လေးစားမှု့ရရှိပါမည် ။အလှူအတန်းပေးရတတ်ပါသည် ဓန ဥစ္စာနင့် ဘုန်းတန်ခိုးအောင်မြင်ကံကောင်းစေသော နစ်များသာ ဖြစ်ပါမည်

ဘုန်တန်ခိုး ထူးခြားတောက်ပသော နစ်များ ဖြစ်ပါသည်။မိမိကျင်လည်ရာ လုပ်ငန်း ခွင်နုင့် နေထိုင်ရာ အရပ်တွင်အကြီး အမှူး အုပ်ချုပ်သူဖြစ် တတ်ပါသည်

အင်္ဂါသား သမီး အသက် ‘၃၆ မှ ၅၄ အတွင်းအညံ့များပြေပျောက်စေရန် နုင့် ကံကောင်းစေရန်တန်ခိုးကြီး ဘုရား၏ အနောက်အရပ် ကြာသာပတေးဂြိုလ်တိုင်တွင်သန့်ရှင်းရေး အမှု့ပြုပါ။ကြာသာပတေး ဂြိုလ်မင်းကို ရည်စူး၍ကြွေပုကန်ုပြားပေါ်တွင် ပန်းဖြူ ‘ ၅ ပွင့်တင်၍ လှူ့ပါ။လိုရာဆုတောင်း ပါ။အင်္ဂါနေ့နုင့် ကြာသာပတေးနေ့တွင်လှူ ပါ

( ၅ )

* အင်္ဂါသားသမီးများအသက် ၅၅ မှ အသက် ၆၆ အတွင်း

မိုးတိမ်ဆန်သော နစ်ကာလများသာ ဖြစ်ပါမည်
ဝေးလံသော အရပ်ဒေသများ သို့ဆက်သွယ်သွားလာရခြင်းအလုပ်အကြံ အသစ်များအပေါင်းအသင်းမိတ်ဆွေအသစ်များနှင့် ဆက်သွယ်ရခြင်းများမရောက်ဘူးသော အရပ်များ မလုပ်ဘူးသော အလုပ်များကြံဆောင်လုပ်ကိုင်ရသော နှစ်များသာ ဖြစ်ပါမည်

ထူးခြားသော မိတ်ဆွေ အပေါင်းအသင်းများ၏ မစကူညီမှု့များ ရရှိလာပါမည်။မိမိ၏ အိမ် ခြံမြေနင့် ခိုင်မာသော ပစ္စည်းဥစ္စာများ ကိုထုခွဲရောင်းချခြင်း ပြောင်းလဲခြင်းများအတွက်အထူးသတိထားပြုလုပ်ရမည့် နှစ်များသာ ဖြစ်ပါမည်ကျမ္မာရေးတွက်ဝမ်းဗိုက်ပိုင်း နှင့် သွေး လေ နှင့်တက်နွယ်သောဝေဒနာ စုများသတိထား ရပါမည်

အင်္ဂါ သားသမီးများ အသက် ‘ ၅၅ မှ ၆၆ အတွင်း
အညံ့များပြေပျောက်စေရန်နုင့် ကံကောင်းစေရန်
တန်ခိုးကြီး ဘုရား၏ အနောက်မြောက် ရာဟု ဂြိုလ်တိုင်တွင်သန့်ရှင်းရေး ကုသိုလ်အမှု့ပြုပါ။ရာဟုဂြိုလ်မင်းကို ရည်စူး၍လေယပ် ( ယာပ်တောင် ) လှူ ပါ။အင်္ဂါနေ့နင့် ဗုဒ္ဓဟူး ညနေပိုင်း လှူ ရပါမည်

( ၆ )

* အင်္ဂါသားသမီးများ အသက် ၆၇ မှ အသက် ၈၇ ကာလများ

ကောင်းမွန်သောမြေဝင်ပါမည်။သစ်လွင်သောအိုးအိမ်တိုက်တာများ တည်ဆောက်ရမည်။ချစ်သူခင်သူ ပေါများပါမည်။ရှာဖွေရလွယ်ကူသော ငွေကျေးဥစ္စာဓန များစွာရရှိပါမည်။အလှူအတန်များပေးလှူရပါမည်။ဘုန်းတန်ခိုးတောက်ပပါမည် အရာရာ ထူးခြားကံကောင်းသောနစ်များသာ ဖြစ်ပါမည်

ကျမ္မာပျော်ရွှင် ငြိမ်းချမ်းသော နှစ်များဖြစ်ပါမည်ကျမ္မာရေး သွေးလေ ဝေဒနာစုနှင့်အဖု အကျိတ်များ သတိထားရပါမည်အမဲသားရှောင်သင့်သော နစ်များဖြစ်ပါသည်

အင်္ဂါသား သမီးများ အသက် ‘ ၆၇ မှ ‘ ၈၇ အညံ့များပြေပျောက်စေရန်နုင့် ကံကောင်းစေရန်တန်ခိုးကြီးဘုရား၏ မြောက်စူးစူးသောကြ်ာနံဒေါင့်တွင် သန့်ရှင်းရေးကုသိုလ်ပြုပါ။သောကြ်ာဂြိုလ်မင်း ကိုရည်စူး၍သစ်သီး ‘ ၆ လုံး လှူ ပါ လိုရာဆုတောင်းပါ။အင်္ဂါသောကြ်ာ နေ့များတွင်လှူ ရပါမည်

( ၇ )

* အင်္ဂါသားသမီးများအသက် ၈၈ နစ်မှ အသက် ၉၃ နစ်

သားသမီး နင့် သားသမီးနင့် တူသောသူများ၏ချစ်ခင်ကျင်နာ စောင့်လျောက်မှု့များ ရရှိပါမည်။ထိုသူတို့ကြောင့်ပင် သောကများရတတ်သောနှစ်များပင် ဖြစ်ပါသည်ကျမ္မာရေး ဦးခေါင်း ဦးနှောက်အာရုံကြောတိုင်ရာနှင့်အရိုးအကြာဝေဒနာများ သတိထားရပါမည်။ထူးခြားသော တရားဓမ္မအလင်း ရရှိမည့် နစ်များဖြစ်သည်

အင်္ဂါသားသမီးများ အသက် ‘ ၈၈ မှ ‘ ၉၃ အတွင်း
အညံ့များပြေပျောက်စေရန်နင့် ကံကောင်းစေရန်တန်ခိုးကြီးဘုရား၏ အရှေ့မြောက်အရပ်တနင်္ဂနွေ ဂြိုလ်နံအရပ်တွင် သန့်ရှင်းရေးကုသိုလ်ပြုပါတနင်္ဂနွေ ဂြိုလိမင်းကို ရည်စူး၍အုန်းညွှန့် ‘ ၆ ညွှန့်လှူ ပါ လိုရာဆုတောင်းပါအင်္ဂါနေ့နင့် တနင်္ဂနွေ နေ့တွင်လှူ ရပါမည်

( ၈ )

* ( အင်္ဂါသားသမီးများ သိမှတ်ဖွယ်ရာများ )

* အင်္ဂါ သင်္ကေတရုပ်ပုံ ( ခြင်္သေ့ရုပ် )

* အင်္ဂါဂြိုလ်အရပ် ( အရှေ့တောင် အရပ် )

* အင်္ဂါ ဂြိုလ်သက် ( ၈ နစ် )

* အင်္ဂါ နံသင့် အက္ခရာ ( စ ဆ ဇ စျ ည )

* အင်္ဂါ ကိုယ်စားပြု သင်္ချာ ( 3 – ဂဏန် )

* အင်္ဂါ ဂြိုလ်ဓါတ်သဘာဝ (ဝါယော- လေဓါတ် )

* အင်္ဂါသားသမီးများအတွက် အကျိုးပေးအရာင်များ( အနီရောင်- အနက်ရောင် – အဝါရောင်များ )

* အင်္ဂါသားသမီးများအတွက်အဆောင်ရတနာ(သန္တာ ကျောက်မျက် )

* အင်္ဂါသားသမီးများအတွက်အတူလုပ်ငန်းဆောင်ရွက်ရန် အကျိုးပေးနေ့သားများမှာ( တနင်္လာ – ကြာသာပတေး – သောကြာ )

* အင်္ဂါသားသမီးများအတွက် အရေးကြီးသော အလုပ်များအောင်မြင်လိုပါက( ဗုဒ္ဓဟူး – စနေ – တင်္ဂနွေ နေ့များတွင်လုပ်ဆောင်ပါ)

* အင်္ဂါသားသမီးများစီးပွားလာဘ်လာဘ တိုးတက်စေရန် ( စွယ်တော်သားကို နဂါးရုပ်ထု၍ ဆောင်ပါ။အရုပ်ကို သောကြ်ာနေ့မှာ ထုရပါမည်)

* အင်္ဂါသားသမီးများ ဘေးဘယာ ဝေး ကွာ လိုရာဆန္ဒပြည့်ကြပါစေ

ဆရာမိုးဇော်- ဝိမုဒ္ဓိ လက်ခဏာ+ ဗဒေ အာသဝေ

Ph – Viber – 09 794 415 451