ဒီနေ့မှာအသက်(၃၉) နှစ်ပြည့်သွားပြီဖြစ်တဲ့ပရိသတ်အချစ်တော် ညီညီမောင် (စမ်းချောင်း) (ခ) သုသု

ဒီနေ့မှာအသက်(၃၉) နှစ်ပြည့်သွားပြီဖြစ်တဲ့ပရိသတ်အချစ်တော် ညီညီမောင် (စမ်းချောင်း) (ခ) သုသု

ပရိသတ်ကြီးရေဒီနေ့ဇွန်လ(၃၀) ရက်နေ့လေးကတော့ သုသုလို့ ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့ မိတ်ကပ်ဖန်တီးရှင်ညီညီမောင်(စမ်းချောင်း)ရဲ့ အသက်(၃၉) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ သုသုကတော့ မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ဖြစ်ပေမယ့် ပျော်စရာဟာသ Tik Tok လေးတွေနဲ့ ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိခဲ့သူပါ။

နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်လာရတဲ့အထိ အောင်မြင်မှုရရှိလာသူလည်း ဖြစ်ပါတယ်။ ဒီနေ့ကျရောက်တဲ့ သူ့ရဲ့မွေးနေ့လေးမှာတော့ “Happy birthday to me… (၃၉) နှစ်ထိ ကျွေးမွေးပေးကမ်းပြုစု ပေးခဲ့ကြသော မိဘ၊ဆွေမျိုး၊ဆရာသမား၊မိတ်ဆွေ ထမင်းရှင် (၇) ရက်သားသမီးများ တလုပ်စားဖူး ကျေးဇူးရှိသူများ အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး စီးပွားတိုး လာဘ်ရွှင်ကျပါစေ ကြောင်းဆုမွန်ကောင်း ပို့သအပ်ပါတယ်ရှင်” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားမျှဝေခဲ့ပါတယ်။ဒါ့အပြင်ဒီနေ့ကျရောက်တဲ့သူ့ရဲ့မွေးနေ့လေးမှာမိတ်ဆွေအ ပေါင်းအသင်းသူငယ်ချင်းတချို့ကို ထမင်း၊ဟင်းနဲ့ ဧည့်ခံကျွေးမွေးခဲ့ပါသေးတယ်။

စိတ်ထားကောင်းပြီးပရိသတ်တွေအ တွက်ပျော်စရာတွေပဲအမြဲမျှဝေပေးနေသူ သုသုကတော့အသက်(၃၉) နှစ်ရှိပြီဖြစ်ပေမယ့်လည်းလူငယ်တစ်ယောက်လို အမြဲလန်းဆန်းတက်ကြွနေတာ အမှန်ပါပဲ ပရိသတ်ကြီးရေဒီနေ့ကျရောက်တဲ့မွေး နေ့လေးကစပြီးဒီထက်မကပျော်ရွှင်အေးချမ်းမှုတွေနဲ့ ဘဝကိုအကောင်းမွန်ဆုံးဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် သုသုရေ

Source – Nyi Nyi Maung
Rainbow- Cele Gabar

ဒီေန႕မွာ အသက္(၃၉) ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ပရိသတ္အခ်စ္ေတာ္ ညီညီေမာင္ (စမ္းေခ်ာင္း) (ခ) သုသု

ပရိသတ္ႀကီးေရဒီေန႕ဇြန္လ(၃၀) ရက္ေန႕ေလးကေတာ့ သုသုလို႔ ပရိသတ္ေတြခ်စ္စနိုးနဲ႕ေခၚၾကတဲ့ မိတ္ကပ္ဖန္တီးရွင္ညီညီေမာင္(စမ္းေခ်ာင္း)ရဲ႕ အသက္(၃၉) ႏွစ္ျပည့္ေမြးေန႕ေလးပဲျဖစ္ပါတယ္။ သုသုကေတာ့ မိတ္ကပ္ဖန္တီးရွင္တစ္ေယာက္ျဖစ္ေပမယ့္ ေပ်ာ္စရာဟာသ Tik Tok ေလးေတြနဲ႕ ပရိသတ္ရဲ႕ခ်စ္ျခင္းေမတၱာကို အျပည့္အဝရရွိခဲ့သူပါ။

ေနာက္ပိုင္းမွာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြပါ ရိုက္လာရတဲ့အထိ ေအာင္ျမင္မႈရရွိလာသူလည္း ျဖစ္ပါတယ္။ ဒီေန႕က်ေရာက္တဲ့ သူ႕ရဲ႕ေမြးေန႕ေလးမွာေတာ့ “Happy birthday to me… (၃၉) ႏွစ္ထိ ေကြၽးေမြးေပးကမ္းျပဳစု ေပးခဲ့ၾကေသာ မိဘ၊ေဆြမ်ိဳး၊ဆရာသမား၊မိတ္ေဆြ ထမင္းရွင္ (၇) ရက္သားသမီးမ်ား တလုပ္စားဖူး ေက်းဇူးရွိသူမ်ား အားလုံး စိတ္ခ်မ္းသာကိုယ္က်န္းမာၿပီး စီးပြားတိုး လာဘ္႐ႊင္က်ပါေစ ေၾကာင္းဆုမြန္ေကာင္း ပို႔သအပ္ပါတယ္ရွင္” ဆိုၿပီး သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားမွ်ေဝခဲ့ပါတယ္။ဒါ့အျပင္ဒီေန႕က်ေရာက္တဲ့သူ႕ရဲ႕ေမြးေန႕ေလးမွာမိတ္ေဆြအ ေပါင္းအသင္းသူငယ္ခ်င္းတခ်ိဳ႕ကို ထမင္း၊ဟင္းနဲ႕ ဧည့္ခံေကြၽးေမြးခဲ့ပါေသးတယ္။

စိတ္ထားေကာင္းၿပီးပရိသတ္ေတြအ တြက္ေပ်ာ္စရာေတြပဲအၿမဲမွ်ေဝေပးေနသူ သုသုကေတာ့အသက္(၃၉) ႏွစ္ရွိၿပီျဖစ္ေပမယ့္လည္းလူငယ္တစ္ေယာက္လို အၿမဲလန္းဆန္းတက္ႂကြေနတာ အမွန္ပါပဲ ပရိသတ္ႀကီးေရဒီေန႕က်ေရာက္တဲ့ေမြး ေန႕ေလးကစၿပီးဒီထက္မကေပ်ာ္႐ႊင္ေအးခ်မ္းမႈေတြနဲ႕ ဘဝကိုအေကာင္းမြန္ဆုံးျဖတ္သန္းနိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ သုသုေရ

Source – Nyi Nyi Maung
Rainbow- Cele Gabar