အောင်မြင်ကျော်ကြားမှုတစ်ခုအတွက်အညှီအဟောက်ဇာတ်ကားတွေရိုက်ကူးစရာ မလိုဘူးလို့ ပြောလိုက်တဲ့နန်းမွေစံ
အောင်မြင်ကျော်ကြားမှုတစ်ခုအတွက်အညှီအဟောက်ဇာတ်ကားတွေရိုက်ကူးစရာ မလိုဘူးလို့ ပြောလိုက်တဲ့နန်းမွေစံ
ဆရာဝန်မလေးနန်းမွေစံကဆက်စီမော်ဒယ်လ်တစ်ယောက်အဖြစ်အနုပညာလမ်း မမှာနာမည်ကြီးသူတစ်ယောက်ပဲဖြစ်ပါတယ်။ပုရိသကိုကိုတွေစွဲမက်စေတဲ့သူမရဲ့ခန္ဒာကိုယ်ကောက်ကြောင်းအလှနဲ့ မြန်မာဆန်တဲ့သူမရဲ့ရုပ်ရည်ကြောင့် အားပေးသူပရိသတ်အခိုင်အမာရရှိထားသူလေးတစ်ယောက်ဆိုလည်းမမှားပါဘူး။နန်းမွေစံကလက်ရှိမှာတော့သူမကိုယ်တိုင်ရိုက်ကူးထားတဲ့ဗီဒီယိုတစ်ခုကြောင့်ပရိသတ်စိတ်ဝင်စားခြင်းကိုခံနေရတာပဲဖြစ်ပါတယ်။
ထိုဗီဒီယိုနဲ့ဆက်စပ်ပြီးနန်းမွေစံက” ကျွန် မရဲ့တစ်ကိုယ်ရည်တစ်ကာယဗီဒီယိုတွေရိုက်ကူးဖို့ကျွန်မမှာယုံကြည်မှုအပြည့်ရှိပါတယ်။ပြီးတော့ကျွန်မရဲ့ဗီဒီယိုတွေကိုကျွန်မရဲ့ပရိသတ်တွေ မျှဝေပေးဖို့ကိုဆန္ဒလည်းရှိပါတယ်။ဒါပေမယ့်ဒါတွေကကျွန်မတစ်ယောက် တည်းသီးသန့်ရိုက် ကူးထားတဲ့ဗီဒီယိုတွေဖြစ်ပြီးအညှီ အ ဟောက်ဇာတ်ကားမျိုးမဟုတ်ပါဘူး။တကယ်လို့တစ်စုံတစ် ယောက်ကများ ကျွန်မရဲ့ဗီဒီယိုကိုစုံတွဲအညှီအဟောက်ဇာတ်လမ်းအဖြစ်ခေါင်းစဉ်တပ်လာခဲ့မယ်ဆိုရင်တော့အဲ့ဒါကကျွန်မ မဟုတ်ဘူးဆိုတာကိုသတိပေးပါရစေ”
“အဲ့လိုမျိုးလုပ်ရက်ကကျွန်မကို နာမည်ဖျက်ချင်ရုံသက်သက်ပဲဖြစ်ပါတယ်။ ကျွန်မကတော့ကျွန်မရဲ့အောင်မြင်ကျော် ကြားမှုအတွက်အဲ့လိုအညှီအဟောက်ဇာတ်ကားတွေရိုက်စရာမလိုဘူးထင်တာပဲ။ကျွန်မဘယ်တော့မှအဲ့လိုဇာတ်ကားမျိုးကိုရိုက်ကူးမှာမဟုတ်ပါဘူး။ ကျေး ဇူးတင်ပါတယ်။”ဆိုပြီးပြောလာတာပဲ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ်နန်းမွေစံကတော့ပရိသတ်တွေကြားမှာတော်တော်လေးရေပန်းစားနေလျက်ရှိတာပဲဖြစ်ပါတယ်။အချိန်ပေးပြီးဖတ်ရှုပေးတဲ့ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။
Source: Nang Mwe San’s fb
Source: Nang Mwe San’s fb