ကုန်ကျစရိတ်တွေသိပ်များလို့ အလုပ်တစ်ခုတည်းနဲ့ မကာမိတဲ့ ခေတ်ကြီးမှာအပိုဝင်ငွေရှာနိုင်မယ့် အကောင်းဆုံးနည်းလမ်း (၅) မျိုး

ကုန်ကျစရိတ်တွေသိပ်များလို့ အလုပ်တစ်ခုတည်းနဲ့ မကာမိတဲ့ ခေတ်ကြီးမှာအပိုဝင်ငွေရှာနိုင်မယ့် အကောင်းဆုံးနည်းလမ်း (၅) မျိုး

လူတိုင်းဟာကိုယ့်ကျွမ်းကျင်မှု နဲ့အခြေအနေပေါ် လိုက်ပြီးစားဝတ်နေရေးကိုပြည့်စုံအောင်ဖန်တီးနေကြတာပါ။အခုလိုကုန် ကျစရိတ်တွေသိပ်များလို့အလုပ်တစ်ခုတည်းနဲ့ မကာမိတဲ့ ခေတ်ကြီးမှာ အပိုဝင်ငွေရမယ့်အချိန်ပိုင်းအလုပ်က လေးတွေရှိတာပိုပြီးအဆင်ပြေပါတယ်။အပိုဝင်ငွေရနိုင်မယ့်အလုပ်ဆိုတာ နာမည်အတိုင်းကိုယ့်ရဲ့ပိုနေတဲ့အချိန်ကို ငွေအဖြစ်ပြောင်းပေးတာဖြစ်ပါတယ်။တစ်ချို့အပိုဝင်ငွေရှာဖို့လုပ်တဲ့အလုပ်တွေကအလုပ်အကိုင်ကျွမ်းကျင်မှုနဲ့ အရင်းအနှီးတစ်ချို့လိုပါတယ်။တစ်ချို့ အပိုဝင်ငွေလုပ်ငန်းတွေအတွက်အတတ် ပညာနဲ့ငွေအရင်းအနှီးမလိုပါဘူး။အပိုဝင်ငွေရှာဖို့အကောင်းဆုံးအလုပ်တစ်ချို့ ရှိပါတယ်။

(၁) YouTube ချန်နယ်လေးဖွင့်ပါ

ကိုယ့်ရဲ့ Skill တစ်ခုကိုအားလုံးသိအောင် ချပြပြီး ပိုက်ဆံရှာလို့ရပါတယ်။ ဒီထဲမှာ YouTube မှာချန်နယ်တစ်ခုထောင်ပြီး ငွေရှာတာလည်းပါပါတယ်။ YouTube မှာ သီချင်းတွေတီးပြတာမျိုး ၊အင်္ဂလိပ်စကားပြောသင်ပေးတာမျိုး ၊အင်တာနက်ပေါ်ကထူးဆန်းတဲ့အကြောင်းအရာတွေအကြောင်းပြောပြတာမျိုးနဲ့ အသံ ထွက်စာအုပ်လေးတွေဖတ်ပြတာမျိုး ကိုယ့်အိုင်ဒီယာရှိရင်ရှိသလိုလုပ်လို့ရပါတယ်။

(၂) နိုင်ငံခြားပစ္စည်းတွေ ပြန်ရောင်းပါ

နိုင်ငံတကာ e-Commerce ဝက်ဘ်ဆိုက်ကြီးတွေ ဖြစ်တဲ့ Alibaba ၊ JD.Com ၊ Taobao နဲ့ Amazon တို့နဲ့ချိတ်ဆက်ပြီး ကိုယ့်ပြည်တွင်းမှာရှားတဲ့ပစ္စည်း‌လေးတွေဝယ်ရောင်းလုပ်တာမျိုးကလည်း အပိုရနိုင်ပါတယ်။ကိုယ်ပိုင် Facebook Pageတစ်ခုလောက်ထောင်ဖို့ပဲလိုပါတယ်။တစ်ခါတစ်လေမှာသူများနိုင်ငံက ၅ ဒေါ်လာတန် ပစ္စည်းကိုဒီဘက်မှာ ဒေါ် လာ ၂၀-၃၀ နဲ့ ပြန်ရောင်းလို့ရပါတယ်။ e-Commerce တွေဆီကတိုက်ရိုက်ဝယ်လို့ရမယ့်အကောင့်တော့ရှိထားဖို့လိုမှာပါ။

(၃) Freelancer

အိမ်မှာနေပြီးလုပ်လို့ရတဲ့အပိုအလုပ်တစ်ခုကတော့အလွတ်တန်းအလုပ်ပဲဖြစ်ပါတယ်။ကိုယ်က Coding Skill ကောင်းရင် အလွတ်တန်း Programmer /Developer အနေနဲ့ အပိုဝင်ငွေရှာလို့ရပါတယ်။ ဂရပ်ဖစ်ကျွမ်းကျင်ရင်ဂရပ်ဖစ်ဒီဇိုင်နာ ဒါမှမဟုတ် Illustrator လုပ်နိုင်ပါတယ်။‌ စာရေးကောင်းရင်အလွတ်တန်းစာရေးကောင်းသူလုပ်နိုင်ပါတယ်။

(၄) ကိုယ်ပိုင် Product လေးတွေ ဖန်တီးပါ

ကိုယ်ပိုင်ထုတ်ကုန်လေးတွေဟာတကယ့်လုပ်ငန်းကြီးတွေဖြစ်သွားနိုင်ပါတယ်။ အမှတ်တရလက်ဆောင်ပစ္စည်းလေးတွေကနေအနုပညာပစ္စည်းအထိကိုယ့်နာမည်နဲ့ ထုတ်နိုင်ရင်အခွင့်အလမ်းကတကယ့်ကိုအကြီးကြီး ဖြစ်သွားမှာပါ။တစ်ချို့တွေဆိုကိုယ့်ပိုင် Brand နဲ့ ဆပ်ပြာထုတ်တယ် ၊လွယ်အိတ်လေးတွေ ၊ကီးချိန်းလေးတွေကနေမုန့်မျိုးစုံအထိထုတ်လုပ်ပြီး ချမ်းသာသွားကြတာမျိုး ရှိပါတယ်။

(၅) အပြင်အေးဂျင့်လုပ်ပါ

တကယ်တော့ ပွဲစားပါပဲ။မတူတာက အခုနောက်ပိုင်းမှာအိမ်ခြံမြေအငှားချိတ်ဆက်ပေးသူကနေကမ္ဘာကျော်ဘဏ်လုပ်ငန်းတွေမှာအသက်အာမခံအထိအေးဂျင့်တွေ ရှိပါတယ်။ကိုယ်စားလှယ်လုပ်ငန်းလုပ်သူတွေဟာအချိန်ပြည့်လုပ်စရာမလိုဘဲ ကိုယ်အားတဲ့အချိန်မှာဝင်လုပ်လည်း ရပါတယ်။သူတို့ကတော့ရောင်းရမှုပေါ် လိုက်ပြီးရာခိုင်နှုန်းနဲ့ ရတာဖြစ်ပါတယ်။ကိုယ်ကပြောတတ်ဆိုတတ်အချိတ်အဆက်ကောင်းရင်ဒီအလုပ်ကလည်းကိုက်ပါတယ်။

Credit မူရင်းရေးသားသူ

ကုန္က်စရိတ္ေတြသိပ္မ်ားလို႔ အလုပ္တစ္ခုတည္းနဲ႕ မကာမိတဲ့ ေခတ္ႀကီးမွာအပိုဝင္ေငြရွာနိုင္မယ့္ အေကာင္းဆုံးနည္းလမ္း (၅) မ်ိဳး

လူတိုင္းဟာကိုယ့္ကြၽမ္းက်င္မႈ နဲ႕အေျခ အေနေပၚ လိုက္ၿပီးစားဝတ္ေနေရးကို ျပည့္စုံေအာင္ဖန္တီးေနၾကတာပါ။ အခုလိုကုန္က်စရိတ္ေတြသိပ္မ်ားလို႔ အလုပ္တစ္ခုတည္းနဲ႕ မကာမိတဲ့ ေခတ္ႀကီးမွာ အပိုဝင္ေငြရမယ့္အခ်ိန္ပိုင္းအလုပ္က ေလးေတြရွိတာပိုၿပီးအဆင္ေျပပါတယ္။အပိုဝင္ေငြရနိုင္မယ့္အလုပ္ဆိုတာ နာ မည္အတိုင္းကိုယ့္ရဲ႕ပိုေနတဲ့အခ်ိန္ကို ေငြအျဖစ္ေျပာင္းေပးတာျဖစ္ပါတယ္။တစ္ခ်ိဳ႕အပိုဝင္ေငြရွာဖို႔လုပ္တဲ့အလုပ္ေတြကအလုပ္အကိုင္ကြၽမ္းက်င္မႈနဲ႕ အရင္းအႏွီးတစ္ခ်ိဳ႕လိုပါတယ္။တစ္ခ်ိဳ႕ အပိုဝင္ေငြလုပ္ငန္းေတြအတြက္အတတ္ ပညာနဲ႕ေငြအရင္းအႏွီးမလိုပါဘူး။အပိုဝင္ေငြရွာဖို႔အေကာင္းဆုံးအလုပ္တစ္ခ်ိဳ႕ ရွိပါတယ္။

(၁) YouTube ခ်န္နယ္ေလးဖြင့္ပါ

ကိုယ့္ရဲ႕ Skill တစ္ခုကိုအားလုံးသိေအာင္ ခ်ျပၿပီး ပိုက္ဆံရွာလို႔ရပါတယ္။ ဒီထဲမွာ YouTube မွာခ်န္နယ္တစ္ခုေထာင္ၿပီး ေငြရွာတာလည္းပါပါတယ္။ YouTube မွာ သီခ်င္းေတြတီးျပတာမ်ိဳး၊အဂၤလိပ္စကားေျပာသင္ေပးတာမ်ိဳး ၊အင္တာနက္ေပၚကထူးဆန္းတဲ့အေၾကာင္းအရာေတြအေၾကာင္းေျပာျပတာမ်ိဳးနဲ႕အသံထြက္စာအုပ္ေလးေတြဖတ္ျပတာမ်ိဳး ကိုယ့္အိုင္ဒီယာရွိရင္ရွိသလိုလုပ္လို႔ရပါတယ္။

(၂) နိုင္ငံျခားပစၥည္းေတြ ျပန္ေရာင္းပါ

နိုင္ငံတကာ e-Commerce ဝက္ဘ္ဆိုက္ႀကီးေတြ ျဖစ္တဲ့ Alibaba ၊ JD.Com ၊ Taobao နဲ႕ Amazon တို႔နဲ႕ခ်ိတ္ဆက္ၿပီး ကိုယ့္ျပည္တြင္းမွာရွားတဲ့ပစၥည္း‌ေလးေတြဝယ္ေရာင္းလုပ္တာမ်ိဳးကလည္း အပိုရနိုင္ပါတယ္။ကိုယ္ပိုင္ Facebook Pageတစ္ခုေလာက္ေထာင္ဖို႔ပဲလိုပါတယ္။တစ္ခါတစ္ေလမွာသူမ်ားနိုင္ငံက ၅ ေဒၚလာတန္ ပစၥည္းကိုဒီဘက္မွာ ေဒၚ လာ ၂၀-၃၀ နဲ႕ ျပန္ေရာင္းလို႔ရပါတယ္။ e-Commerce ေတြဆီကတိုက္ရိုက္ဝယ္လို႔ရမယ့္အေကာင့္ေတာ့ရွိထားဖို႔လိုမွာပါ။

(၃) Freelancer

အိမ္မွာေနၿပီးလုပ္လို႔ရတဲ့အပိုအလုပ္တစ္ခုကေတာ့အလြတ္တန္းအလုပ္ပဲျဖစ္ပါတယ္။ကိုယ္ကCoding Skill ေကာင္းရင္ အလြတ္တန္း Programmer /Developer အေနနဲ႕ အပိုဝင္ေငြရွာလို႔ရပါတယ္။ ဂရပ္ဖစ္ကြၽမ္းက်င္ရင္ဂရပ္ဖစ္ဒီဇိုင္နာ ဒါမွမဟုတ္ Illustrator လုပ္နိုင္ပါတယ္။‌ စာ ေရးေကာင္းရင္အလြတ္တန္းစာေရးေကာင္းသူလုပ္နိုင္ပါတယ္။

(၄) ကိုယ္ပိုင္ Product ေလးေတြ ဖန္တီးပါ

ကိုယ္ပိုင္ထုတ္ကုန္ေလးေတြဟာတကယ့္လုပ္ငန္းႀကီးေတြျဖစ္သြားနိုင္ပါတယ္။အမွတ္တရလက္ေဆာင္ပစၥည္းေလးေတြကေနအႏုပညာပစၥည္းအထိကိုယ့္နာမည္နဲ႕ ထုတ္နိုင္ရင္အခြင့္အလမ္းကတကယ့္ကိုအႀကီးႀကီး ျဖစ္သြားမွာပါ။တစ္ခ်ိဳ႕ေတြဆိုကိုယ့္ပိုင္ Brand နဲ႕ ဆပ္ျပာထုတ္တယ္ ၊လြယ္အိတ္ေလးေတြ ၊ကီးခ်ိန္းေလးေတြကေနမုန႔္မ်ိဳးစုံအထိထုတ္လုပ္ၿပီး ခ်မ္းသာသြားၾကတာမ်ိဳး ရွိပါတယ္။

(၅) အျပင္ေအးဂ်င့္လုပ္ပါ

တကယ္ေတာ့ ပြဲစားပါပဲ။မတူတာက အခုေနာက္ပိုင္းမွာအိမ္ၿခံေျမအငွားခ်ိတ္ဆက္ေပးသူကေနကမာၻေက်ာ္ဘဏ္လုပ္ငန္းေတြမွာအသက္အာမခံအထိေအးဂ်င့္ေတြ ရွိပါတယ္။ကိုယ္စားလွယ္လုပ္ငန္းလုပ္သူေတြဟာအခ်ိန္ျပည့္လုပ္စရာမလိုဘဲကိုယ္အားတဲ့အခ်ိန္မွာဝင္လုပ္လည္း ရပါတယ္။သူတို႔ ကေတာ့ေရာင္းရမႈေပၚ လိုက္ၿပီးရာခိုင္ႏႈန္းနဲ႕ ရတာျဖစ္ပါတယ္။ကိုယ္ကေျပာတတ္ဆိုတတ္အခ်ိတ္အဆက္ေကာင္းရင္ဒီအလုပ္ကလည္းကိုက္ပါတယ္။

Credit မူရင္းေရးသားသူ