အိမ်ထောင်စု ၅သန်း ၄သိန်းကျော်ကို နှစ်ပတ်အတွင်း တစ်စုလျှင် ၂သောင်းနှုန်းဖြင့် ဒုတိယအကြိမ် ထောက်ပံ့မည်

ရန်ကုန်၊ ဇွန် ၁၉

ကိုဗစ်ကာလ မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများ စားဝတ်နေရေးအတွက်အစိုးရကအိမ်ထောင်စု ၅သန်း ၄သိန်းကျော်ကို နှစ်ပတ်အတွင်းအစိုးရ ခွင့်ပြုချက်ရယူကာ တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂သောင်းနှုန်းထောက်ပံ့သွားမည်ဖြစ်ကြောင်း သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောဆိုသည်။

“ ကျွန်တော်တို့ကတော့ အမြန်ဆုံးလုပ်ခိုင်းထားတယ်။ အမြန်ဆုံးလုပ်ခိုင်းဖို့အတွက်သူတို့က ဘာကြာနေလဲဆိုတော့ စီးပွားရေးကော်မတီတင်ရမယ်။ ပြီးရင်ပြည်ထောင်စုအစိုးရအဖွဲ့ Cabinet ခွင့်ပြုချက် လိုတယ်ပေါ့နော်။အဲဒါသူတို့အမြန်ဆုံးတင်ဖို့လုပ်နေတယ်။ဒါတင်ပြီးသွားရင်တော့သူတို့ မြန်မြန်ဆန်ဆန် ထုတ်ပေးဖို့ဖြစ်လာမှာပေါ့။အဲတော့တစ်ပတ်နှစ်ပတ်အတွင်းတော့ ပြီးပြတ်လိမ့်မယ်ပေါ့။ဒီတစ်ပတ်နှစ်ပတ်အတွင်းမှာ ဒီအကြောင်းအမျိုးမျိုးကြောင့်ကျန်ခဲ့တဲ့အိမ်ထောင်စုပေါင်း ၁ ဒသမ ၄သန်း တစ်သောင်းခွဲပေးတာရယ်။အားလုံးပေါင်း ၅သန်း ၄သိန်းကျော်ကို ကျွန်တော်တို့ ၂သောင်းစီ ထပ်ပေးတာရယ်။အဲဒါကတော့အမြန်ဆုံးလုပ်ခိုင်းထားပါတယ် ”ဟု ၎င်းကပြောဆိုသည်။

ယင်းသို့ ငွေကျပ်နှစ်သောင်းခွဲပေးဆောင်ရာတွင်နေပြည်တော်၊ ရှမ်းပြည်နယ်နှင့်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၃မြို့ကို pilot project အစီအစဉ်ဖြင့် ပေးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ဘယ်ဧရိယာမှာဘယ် Mobile Payment ကအဆင်ပြေမလဲပေါ့။ဒါတွေလည်း ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးတာတွေလုပ်တယ်။လုပ်တဲ့အချိန်မှာအဲတော့ ကျွန်တော်တို့တစ်နိုင်ငံလုံးကို ပေးတာထပ်စာရင် pilot အနေနဲ့ သုံးမြို့နယ် ရွေးထားပါတယ်။အဲဒီ သုံးမြို့နယ်ကတော့နေပြည်တော်မှာရှိတဲ့ ပုဗ္ပသီရိ မြို့နယ်ဖြစ်ပါတယ်။နံပါတ် ၂ကတော့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာဖြစ်ပါတယ်။နံပါတ် ၃ကတော့ ရှမ်းပြည်နယ် ကလောမြို့နယ်ဖြစ်ပါတယ်။ဒီပုဗ္ပသီရိရယ်၊ မိတ္ထီလာရယ်၊ ကလောရယ်။ဒီသုံးမြို့နယ်ကိုတော့ကျွန်တော်တို့ Mobile Payment နဲ့စပြီးတော့ Pilot အနေနဲ့ ပေးမယ်ဆိုပြီး ၂သောင်း ပေးတဲ့ဟာကို လုပ်မှာဖြစ်ပါတယ်။ကျန်တဲ့ဒေသတွေကိုတော့ ကျွန်တော်တို့က Cash ပေါ့နော်။ပိုက်ဆံကိုပဲ Mobile Payment နဲ့ ဒီတိုင်း အုပ်ချုပ်ရေးယန္တရားကတစ်ဆင့် ဖြန့်ဝေတဲ့နည်းနဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးဇော်ဌေးကပြောဆိုသည်။

ထိုသို့ပေးဆောင်မှုများ ပြုလုပ်ရာတွင်ပထမအကြိမ် အခြေခံ စားသောက်ကုန်များထောက်ပံ့ခဲ့စဉ်ကမရရှိခဲ့သော အိမ်ထောင်စု ၁ ဒသမ ၄သိန်း အတွက်လည်း အိမ်ထောင်စု တစ်စုလျှင်ငွေကျပ် တစ်သောင်း အစားထိုးထောက်ပံ့သွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးကပြောဆိုသည်။

“ကျွန်တော်တို့ စာရင်းကောက်တယ်။စားရင်းကောက်တော့ကျတော့ကျန်ရစ်ခဲ့တဲ့ အိမ်ထောင်စုပေါင်း စုစုပေါင်း ၁ ဒသမ ၄ သန်း ထွက်လာပါတယ်။ဒီ ၁ ဒသမ ၄သန်းကို ကျွန်တော်တို့ အိမ်ထောင်စုတစ်စုကိုမြန်မာကျပ်ငွေတစ်သောင်းခွဲအဲတာကို Cash အနေနဲ့ပဲ ကျွန်တော်တို့ပေးခိုင်းထားပြီးဖြစ်ပါတယ်။ဆိုလိုတာကပထမအကြိမ်မှာတော့ ကျွန်တော်တို့က စားနပ်ရိက္ခာတွေ ဝယ်ယူပြီးတော့ ဖြန့်ဝေတဲ့အခါမှာလည်းအောက်ခြေမှာ အမျိုးမျိုးဝေဖန်ပြောဆိုမှုတွေရှိတယ်ပေါ့။တချို့လည်းငါးမျိုးမှာ အကြောင်းအမျိုးမျိုးကြောင့်လျော့နည်းတာတွေ ကိစ္စတွေရှိတယ်ဆိုတဲ့ပြဿနာတွေလည်းကျွန်တော်တို့တွေ့ရတယ်။တချို့လည်း ဒီစားနပ်ရိက္ခာတွေကို စုပုံပြီးတော့ဖြန့်ဝေတဲ့အချိန်မှာ logistics ပိုင်းဆိုင်ရာ အခက်အခဲတွေရှိတယ်ဆိုတာအဲတော့ကျတော့ကာယကံရှင်မိသားစုတွေလက်ထဲကို ငွေပေးတာက ပိုပြီးထိရောက်မလားဆိုတဲ့စဉ်းစားချက်နဲ့ လူကြီးတွေကကျန်ရစ်ခဲ့တဲ့အိမ်ထောင်စုတွေကို တစ်သောင်းခွဲ ပေးဖို့ ဆောင်ရွက်ခိုင်းထားပြီးဖြစ်ပါတယ်”ဟု ၎င်းကပြောဆိုသည်။

နိုင်ငံတော်အစိုးရသည်ပထမအကြိမ်အခြေခံလူတန်းစားများကို အခြေခံစားသောက်ကုန် ၅မျိုးထောက်ပံ့ရာတွင် ငွေကျပ်ဘီလီယံ ၅ဝကျော် သုံးစွဲခဲ့ကြောင်း အစိုးရက တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

Khit Thit Media

Zawgyi

ရန္ကုန္၊ ဇြန္ ၁၉

ကိုဗစ္ကာလ ျမန္မာႏိုင္ငံ႐ွိ အေျခခံလူတန္းစားမ်ား စားဝတ္ေနေရးအတြက္အစိုးရကအိမ္ေထာင္စု ၅သန္း ၄သိန္းေက်ာ္ကို ႏွစ္ပတ္အတြင္းအစိုးရ ခြင့္ျပဳခ်က္ရယူကာ တစ္အိမ္ေထာင္စုလွ်င္ ေငြက်ပ္ ၂ေသာင္းႏႈန္းေထာက္ပံ့သြားမည္ျဖစ္ေၾကာင္းသမၼတ႐ုံး သတင္းစာ႐ွင္းလင္းပြဲတြင္ သမၼတ႐ုံး ေျပာေရးဆိုခြင့္႐ွိသူ ဦးေဇာ္ေဌးကေျပာဆိုသည္။

“ ကြၽန္ေတာ္တို႔ကေတာ့အျမန္ဆုံးလုပ္ခိုင္းထားတယ္။ အျမန္ဆုံးလုပ္ခိုင္းဖို႔အတြက္သူတို႔က ဘာၾကာေနလဲဆိုေတာ့ စီးပြားေရးေကာ္မတီတင္ရမယ္။ၿပီးရင္ျပည္ေထာင္စုအစိုးရအဖြဲ႕ Cabinet ခြင့္ျပဳခ်က္ လိုတယ္ေပါ့ေနာ္။အဲဒါသူတို႔အျမန္ဆုံးတင္ဖို႔လုပ္ေနတယ္။ဒါတင္ၿပီးသြားရင္ေတာ့သူတို႔ ျမန္ျမန္ဆန္ဆန္ ထုတ္ေပးဖို႔ျဖစ္လာမွာေပါ့။အဲေတာ့တစ္ပတ္ႏွစ္ပတ္အတြင္းေတာ့ ၿပီးျပတ္လိမ့္မယ္ေပါ့။ဒီတစ္ပတ္ႏွစ္ပတ္အတြင္းမွာဒီအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္က်န္ခဲ့တဲ့အိမ္ေထာင္စုေပါင္း ၁ ဒသမ ၄သန္းတစ္ေသာင္းခြဲေပးတာရယ္။အားလုံးေပါင္း ၅သန္း ၄သိန္းေက်ာ္ကို ကြၽန္ေတာ္တို႔ ၂ေသာင္းစီ ထပ္ေပးတာရယ္။အဲဒါကေတာ့အျမန္ဆုံးလုပ္ခိုင္းထားပါတယ္ ”ဟု ၎ကေျပာဆိုသည္။

ယင္းသို႔ ေငြက်ပ္ႏွစ္ေသာင္းခြဲေပးေဆာင္ရာတြင္ေနျပည္ေတာ္၊႐ွမ္းျပည္နယ္ႏွင့္မႏၲေလးတိုင္းေဒသႀကီးအတြင္း႐ွိ ၃ၿမိဳ႕ကို pilot project အစီအစဥ္ျဖင့္ ေပးေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဘယ္ဧရိယာမွာဘယ္ Mobile Payment ကအဆင္ေျပမလဲေပါ့။ဒါေတြလည္း ကြၽန္ေတာ္တို႔ ညႇိႏိႈင္းေဆြးေႏြးတာေတြလုပ္တယ္။လုပ္တဲ့အခ်ိန္မွာအဲေတာ့ ကြၽန္ေတာ္တို႔တစ္ႏိုင္ငံလုံးကို ေပးတာထပ္စာရင္ pilot အေနနဲ႔သုံးၿမိဳ႕နယ္ ေ႐ြးထားပါတယ္။အဲဒီ သုံးၿမိဳ႕နယ္ကေတာ့ေနျပည္ေတာ္မွာ႐ွိတဲ့ ပုဗၸသီရိ ၿမိဳ႕နယ္ျဖစ္ပါတယ္။နံပါတ္ ၂ကေတာ့မႏၲေလးတိုင္းေဒသႀကီး မိတၳီလာျဖစ္ပါတယ္။နံပါတ္ ၃ကေတာ့ ႐ွမ္းျပည္နယ္ ကေလာၿမိဳ႕နယ္ျဖစ္ပါတယ္။ဒီပုဗၸသီရိရယ္၊ မိတၳီလာရယ္၊ကေလာရယ္။ဒီသုံးၿမိဳ႕နယ္ကိုေတာ့ကြၽန္ေတာ္တို႔ Mobile Payment နဲ႔စၿပီးေတာ့ Pilot အေနနဲ႔ ေပးမယ္ဆိုၿပီး ၂ေသာင္း ေပးတဲ့ဟာကို လုပ္မွာျဖစ္ပါတယ္။က်န္တဲ့ေဒသေတြကိုေတာ့ ကြၽန္ေတာ္တို႔က Cash ေပါ့ေနာ္။ပိုက္ဆံကိုပဲ Mobile Payment နဲ႔ဒီတိုင္း အုပ္ခ်ဳပ္ေရးယႏၲရားကတစ္ဆင့္ ျဖန္႔ေဝတဲ့နည္းနဲ႔ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္” ဟု ဦးေဇာ္ေဌးကေျပာဆိုသည္။

ထိုသို႔ေပးေဆာင္မႈမ်ား ျပဳလုပ္ရာတြင္ပထမအႀကိမ္ အေျခခံ စားေသာက္ကုန္မ်ားေထာက္ပံ့ခဲ့စဥ္ကမရ႐ွိခဲ့ေသာ အိမ္ေထာင္စု ၁ ဒသမ ၄သိန္း အတြက္လည္း အိမ္ေထာင္စု တစ္စုလွ်င္ေငြက်ပ္တစ္ေသာင္း အစားထိုးေထာက္ပံ့သြားမည္ျဖစ္ေၾကာင္း ဦးေဇာ္ေဌးကေျပာဆိုသည္။

“ကြၽန္ေတာ္တို႔စာရင္းေကာက္တယ္။စားရင္းေကာက္ေတာ့က်ေတာ့က်န္ရစ္ခဲ့တဲ့ အိမ္ေထာင္စုေပါင္း စုစုေပါင္း ၁ ဒသမ ၄ သန္း ထြက္လာပါတယ္။ဒီ ၁ ဒသမ ၄သန္းကို ကြၽန္ေတာ္တို႔အိမ္ေထာင္စုတစ္စုကိုျမန္မာက်ပ္ေငြတစ္ေသာင္းခြဲအဲတာကို Cash အေနနဲ႔ပဲ ကြၽန္ေတာ္တို႔ေပးခိုင္းထားၿပီးျဖစ္ပါတယ္။ဆိုလိုတာကပထမအႀကိမ္မွာေတာ့ကြၽန္ေတာ္တို႔က စားနပ္ရိကၡာေတြ ဝယ္ယူၿပီးေတာ့ ျဖန္႔ေဝတဲ့အခါမွာလည္းေအာက္ေျခမွာအမ်ိဳးမ်ိဳးေဝဖန္ေျပာဆိုမႈေတြ႐ွိတယ္ေပါ့။တခ်ိဳ႕လည္းငါးမ်ိဳးမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေလ်ာ့နည္းတာေတြ ကိစၥေတြ႐ွိတယ္ဆိုတဲ့ျပႆနာေတြလည္းကြၽန္ေတာ္တို႔ေတြ႕ရတယ္။တခ်ိဳ႕လည္းဒီစားနပ္ရိကၡာေတြကို စုပုံၿပီးေတာ့ျဖန္႔ေဝတဲ့အခ်ိန္မွာ logistics ပိုင္းဆိုင္ရာ အခက္အခဲေတြ႐ွိတယ္ဆိုတာအဲေတာ့က်ေတာ့ကာယကံ႐ွင္မိသားစုေတြလက္ထဲကို ေငြေပးတာက ပိုၿပီးထိေရာက္မလားဆိုတဲ့စဥ္းစားခ်က္နဲ႔လူႀကီးေတြကက်န္ရစ္ခဲ့တဲ့အိမ္ေထာင္စုေတြကို တစ္ေသာင္းခြဲ ေပးဖို႔ ေဆာင္႐ြက္ခိုင္းထားၿပီးျဖစ္ပါတယ္”ဟု ၎ကေျပာဆိုသည္။

ႏိုင္ငံေတာ္အစိုးရသည္ပထမအႀကိမ္အေျခခံလူတန္းစားမ်ားကို အေျခခံစားေသာက္ကုန္ ၅မ်ိဳးေထာက္ပံ့ရာတြင္ ေငြက်ပ္ဘီလီယံ ၅ဝေက်ာ္ သုံးစြဲခဲ့ေၾကာင္း အစိုးရက တရားဝင္သတင္းထုတ္ျပန္ခဲ့သည္။

Khit Thit Media