မြောက်ဦးဆရာတော်ဘုရား၏ မအီမြို့အံတော်သိမ် ဘုရားဌာပနာ ပိတ်ပွဲအခမ်းအနားသို့ ချစ်ဇနီးချောနှင့်အတူ တက်ရောက်ခဲ့တဲ့ပုံရိပ်များကိုမျှဝေလာတဲ့ ဘုန်းလျှံ

သရုပ်ဆောင် ဘုန်းလျှံကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အရေးပါတဲ့ ဇာတ်ကော င်နေရာမှာ သရုပ်ဆောင်ရင်း မိန်းကလေးပရိ သတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

ပီပြင်တဲ့သရုပ်ဆောင်ချက်နဲ့ ခပ်ကြမ်းကြမ်ကာရိုက်တာတွေမှာလည်းပိုင်နိုင်လွန်းတဲ့သူ့ကိုတော့ ဗီဒီယိုဇာတ်လမ်းတွဲတွေခေတ်ထဲကအားပေးခဲ့ကြတဲ့ပရိသတ်တွေဟာ အခုချိန်ထိပါပဲနော်။

ဒါပေမယ့် ဘုန်းလျှံက သူ့ရဲ့အမှားတစ်ခုကြောင့် အနုပညာလောကနေ (၈)နှစ်ကြာလောက် အနားယူခဲ့ရပြီး(၂၀၂၀) ခုနှစ်ကနေစပြီး အနုပညာအလုပ်တွေကိုအရင်အတိုင်း ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားနေပြီပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာတော့ဘုန်းလျှံကအိမ်ထောင်ရှင်အမျိုးသားတစ်ယောက်ဖြစ်လို့နေပြီဖြစ်ပြီးဇနီးသည်နဲ့အတူတူသာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး ကိုယ်ပိုင်စားသောက်ကုန် လုပ်ငန်းကိုလည်းတစ်နိုင်တစ်ပိုင်လေး လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့သူ့ရဲ့ဇာတိမြောက်ဦးမြို့ကို ဇနီးသည်နဲ့အတူရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ကဆုန်လပြည့်နေ့မှာ”မြောက်ဦးဆရာတော်ဘုရား၏ မအီမြို့အံတော်သိမ် ဘုရားဌာပနာ ပိတ်ပွဲ🙏🙏🙏ကဆုန်လပြည့်နေ့ 🙏🙏🙏”ဆိုတဲ့စာလေးနဲ့အတူ ဘုရားဌာပနာ ပိတ်ပွဲကို ဇနီးသည်နဲ့အတူတက်ရောက်ဖြစ်ခဲ့တဲ့အမှတ်တရပုံရိပ်လေးတွေကိုတင်လာခဲ့တာဖြစ်ပါတယ်။

Credit CeleGabar

Source:BHoneHlyan

Zawgyi

သ႐ုပ္ေဆာင္ ဘုန္းလွ်ံကေတာ့ ႐ုပ္႐ွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြမွာ အေရးပါတဲ့ ဇာတ္ေကာ င္ေနရာမွာ သ႐ုပ္ေဆာင္ရင္း မိန္းကေလးပရိ သတ္ေတြရဲ႕ အားေပးဝန္းရံမႈကို ရ႐ွိပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။

ပီျပင္တဲ့သ႐ုပ္ေဆာင္ခ်က္နဲ႔ ခပ္ၾကမ္းၾကမ္ကာ႐ိုက္တာေတြမွာလည္းပိုင္ႏိုင္လြန္းတဲ့သူ႕ကိုေတာ့ ဗီဒီယိုဇာတ္လမ္းတြဲေတြေခတ္ထဲကအားေပးခဲ့ၾကတဲ့ပရိသတ္ေတြဟာ အခုခ်ိန္ထိပါပဲေနာ္။

ဒါေပမယ့္ ဘုန္းလွ်ံက သူ႕ရဲ႕အမွားတစ္ခုေၾကာင့္ အႏုပညာေလာကေန (၈)ႏွစ္ၾကာေလာက္ အနားယူခဲ့ရၿပီး(၂၀၂၀) ခုႏွစ္ကေနစၿပီး အႏုပညာအလုပ္ေတြကိုအရင္အတိုင္း ျပန္လည္လုပ္ကိုင္ဖို႔ ႀကိဳးစားေနၿပီပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ လက္႐ွိမွာေတာ့ဘုန္းလွ်ံကအိမ္ေထာင္႐ွင္အမ်ိဳးသားတစ္ေယာက္ျဖစ္လို႔ေနၿပီျဖစ္ၿပီးဇနီးသည္နဲ႔အတူတူသာယာေပ်ာ္႐ႊင္တဲ့အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားၿပီး ကိုယ္ပိုင္စားေသာက္ကုန္ လုပ္ငန္းကိုလည္းတစ္ႏိုင္တစ္ပိုင္ေလး လုပ္ကိုင္ေနၿပီပဲ ျဖစ္ပါတယ္။

လက္႐ွိမွာေတာ့သူ႕ရဲ႕ဇာတိေျမာက္ဦးၿမိဳ႕ကို ဇနီးသည္နဲ႔အတူေရာက္႐ွိေနတာပဲ ျဖစ္ပါတယ္။ကဆုန္လျပည့္ေန႔မွာ”ေျမာက္ဦးဆရာေတာ္ဘုရား၏ မအီၿမိဳ႕အံေတာ္သိမ္ ဘုရားဌာပနာ ပိတ္ပြဲ🙏🙏🙏ကဆုန္လျပည့္ေန႔ 🙏🙏🙏”ဆိုတဲ့စာေလးနဲ႔အတူ ဘုရားဌာပနာ ပိတ္ပြဲကို ဇနီးသည္နဲ႔အတူတက္ေရာက္ျဖစ္ခဲ့တဲ့အမွတ္တရပုံရိပ္ေလးေတြကိုတင္လာခဲ့တာျဖစ္ပါတယ္။

Credit CeleGabar

Source: BHoneHlyan

Leave a Comment