အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော်ကြီးအားဦးထိပ်ထားပြီး ဆင်းရဲနွမ်းပါးတဲ့ အနှေးယာဉ်လုပ်သားတွေအတွက် အခြေခံစားကုန်များ ပါဝင်လှူဒါန်းခဲ့တဲ့ ခြူးလေး

ရုပ်သံဇာတ်လမ်းတွဲတွေကနေ တစ်ဆင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သူတစ်ယောက်ဖြစ်တဲ့ ခြူးလေးကတော့ ာ နာမည်ကျော် ရုပ်ရှင်မင်းသား၊မင်းသမီးတွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။

ခြူးလေးကတော့ ဖေ့စ်ဘုတ်ပေါ်မှာလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။အရင်ကသူရဲ့ ပုံစံတွေကို လုံးဝစွန့်ခွာပြီး အမိုက်စားပြောင်းလဲမှုတွေနဲ့ အရမ်းတွေ လှလာတာကြောင့် ပရိသတ်တွေက အတော်လေး သဘောကျနေကြတာဖြစ်ပါတယ်။

အမြဲ TikTok လေးတွေပေါ့ပေါ့ပါးပါးဆော့တတ်တဲ့ မင်းသမီးလေးတစ်လက် ဖြစ်ပြီး ဝါရင့်အနုပညာရှင်တွေကပါချီးကျူးရတဲ့ထိ သရုပ်ဆောင်ပညာကိုလေ့လာဆည်းပူးတတ်တဲ့သူလေးတစ်ဦးပါ။သရုပ်ဆောင်အပြင်အဆိုဘက်ကိုပါတွဲဖက်လုပ်ကိုင်နေသူလေးဖြစ်ပြီး Music Videoလေးတစ်ပုဒ်ထွက်ရှိထားပါသေးတယ်။

စိတ်ထားကောင်းပြီးချောမောလှတဲ့ခြူလေးကအလှူအတန်းတွေမှာလဲရက်ရောတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အလှူအတန်းနှင့်ပတ်သတ်လျှင်လည်း သဒ္ဒါတရားနှင့်ပြည့်စုံလှတဲ့ ခြူးလေးကတော့ ကဆုန်လပြည့် ဗုဒ္ဓ‌နေ့မှာ အနုပညာရှင်များနှင့်စုပေါင်းကာ အလှူလေးပြုခဲ့ပါသေးတယ်။

အဲ့ဒီအလှူကတော့ ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်မှာ ဆရာတော်ကြီးအားဦးထိပ်ထားပြီး အဆိုတော် ဂေးဂေး၊ အဆိုတော်စိန်လင်းနဲ့ အလှမယ် ဆွေဇင်းထက်တို့နှင့်အတူ တာမွေလေးရပ်ကွက်ရှိ၊ ဆင်းရဲနွမ်းပါးတဲ့ အနှေးယာဉ်လုပ်သားတွေအတွက် ဆန်၊ ဆီ၊ ကုလားပဲ၊ ဆား၊ မားမားခေါက်ဆွဲ၊ ကြက်သွန်နီ စတဲ့အခြေခံစားကုန်တွေကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် အလှူသို့သွားရောက်ခဲ့တဲ့ အမှတ်တရပုံရိပ်များကိုလည်း ဖေ့စ်ဘွတ်စာမျက်နှာမှာဖော်ပြထားတာတွေ့ရပါတယ်။ပရိသတ်ကြီးလည်း သရုပ်ဆောင် ခြူးလေးရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်

Photo Credit-Alodawpyei, Chu Lay

Zawgyi

႐ုပ္သံဇာတ္လမ္းတြဲေတြကေန တစ္ဆင့္ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြကို ရ႐ွိထားတဲ့ သူတစ္ေယာက္ျဖစ္တဲ့ ျခဴးေလးကေတာ့ ာ နာမည္ေက်ာ္ ႐ုပ္႐ွင္မင္းသား၊မင္းသမီးေတြနဲ႔အတူ ႐ုပ္႐ွင္ဇာတ္ကားႀကီးေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနတာျဖစ္ပါတယ္။

ျခဴးေလးကေတာ့ ေဖ့စ္ဘုတ္ေပၚမွာလည္း ပရိသတ္ေတြနဲ႔ အဆက္အသြယ္မျပတ္တဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။အရင္ကသူရဲ႕ ပုံစံေတြကို လုံးဝစြန္႔ခြာၿပီး အမိုက္စားေျပာင္းလဲမႈေတြနဲ႔ အရမ္းေတြ လွလာတာေၾကာင့္ ပရိသတ္ေတြက အေတာ္ေလး သေဘာက်ေနၾကတာျဖစ္ပါတယ္။

အၿမဲ TikTok ေလးေတြေပါ့ေပါ့ပါးပါးေဆာ့တတ္တဲ့ မင္းသမီးေလးတစ္လက္ ျဖစ္ၿပီး ဝါရင့္အႏုပညာ႐ွင္ေတြကပါခ်ီးက်ဴးရတဲ့ထိ သ႐ုပ္ေဆာင္ပညာကိုေလ့လာဆည္းပူးတတ္တဲ့သူေလးတစ္ဦးပါ။သ႐ုပ္ေဆာင္အျပင္အဆိုဘက္ကိုပါတြဲဖက္လုပ္ကိုင္ေနသူေလးျဖစ္ၿပီး Music Videoေလးတစ္ပုဒ္ထြက္႐ွိထားပါေသးတယ္။

စိတ္ထားေကာင္းၿပီးေခ်ာေမာလွတဲ့ျခဴေလးကအလႉအတန္းေတြမွာလဲရက္ေရာတဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။အလႉအတန္းႏွင့္ပတ္သတ္လွ်င္လည္း သဒၵါတရားႏွင့္ျပည့္စုံလွတဲ့ ျခဴးေလးကေတာ့ ကဆုန္လျပည့္ ဗုဒၶ‌ေန႔မွာ အႏုပညာ႐ွင္မ်ားႏွင့္စုေပါင္းကာ အလႉေလးျပဳခဲ့ပါေသးတယ္။

အဲ့ဒီအလႉကေတာ့ ရန္ကုန္ၿမိဳ႕၊ တာေမြၿမိဳ႕နယ္႐ွိ အလိုေတာ္ျပည့္ေက်ာင္းတိုက္မွာ ဆရာေတာ္ႀကီးအားဦးထိပ္ထားၿပီး အဆိုေတာ္ ေဂးေဂး၊ အဆိုေတာ္စိန္လင္းနဲ႔ အလွမယ္ ေဆြဇင္းထက္တို႔ႏွင့္အတူ တာေမြေလးရပ္ကြက္႐ွိ၊ ဆင္းရဲႏြမ္းပါးတဲ့ အေႏွးယာဥ္လုပ္သားေတြအတြက္ ဆန္၊ ဆီ၊ ကုလားပဲ၊ ဆား၊ မားမားေခါက္ဆြဲ၊ ၾကက္သြန္နီ စတဲ့အေျခခံစားကုန္ေတြကို ေပးအပ္လႉဒါန္းခဲ့ပါတယ္။

ဒါ့အျပင္ အလႉသို႔သြားေရာက္ခဲ့တဲ့ အမွတ္တရပုံရိပ္မ်ားကိုလည္း ေဖ့စ္ဘြတ္စာမ်က္ႏွာမွာေဖာ္ျပထားတာေတြ႕ရပါတယ္။ပရိသတ္ႀကီးလည္း သ႐ုပ္ေဆာင္ ျခဴးေလးရဲ႕ အလႉေလးကို သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္

Photo Credit-Alodawpyei, Chu Lay

Leave a Comment