အသက် ၇၁ အရွယ် အဖွားတစ်ဦးအတွက် လစဉ် ရာသက်ပန် ထောက်ပံ့ပေးပြီး ရှိသမျှ အကြွေးတွေလည်းဆပ်ပေးမယ်လို့ ဆိုလာတဲ့ မေပန်းချီ

ပရိသတ်ကြီးရေ မေပန်းချီ ကတော့ အနုပညာလမ်းတလျှောက်မှာ ကျရာ ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သူတယောက်ပါ။ ပုရိသတွေ ရော အမျိုးသမီး ပရိသတ်ကြီးကပါ နှစ်သက် သဘောကျတဲ့ အန္ဓာကိုယ် အလှတရားတွေနဲ့ လှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတလက်ဆိုလည်း မမှားပါဘူးနော်။

ရုပ်ကလေးကလည်း လှသလို စကား ပြောဆိုရာမှာလည်း ပြတ်သားပွင့်လင်းတာကြောင့် ပရိသတ်တွေကြားမှာ နာမည် ကြီးသူတစ်ယောက်ပဲဖြစ်ပါတယ်။လတ်ရှိမှာ ရုပ်ရှင်ရိုက်ကူးရေးအလုပ်တွေကိုရပ်နားထားပြီး Live Sale ရောင်းချခြင်းနဲ့ ကြော်ငြာအချိုကိုသာရိုက်ကူးပေးဖြစ်နေတာပဲဖြစ်ပါတယ်။

သူမရဲ့ လှုပ်ရှားမှု တိုင်းကိုလည်း ပရိသတ်ကြီး အတွက် အမြဲလိုလို မျှဝေပေးလေ့ရှိပါတယ်နော်။အခုလည်း အသက်၇၁နှစ်အရွယ် အဖွားတစ်ဦးအတွက်ထောက်ပံ့ကူညီပေးခဲ့တဲ့အကြောင်းကိုတော့

”သားသမီးအတွက်အမြဲကြိုးစားတဲ့မိဘအတွက်သားသမီးကောင်းမရခဲ့ပေမဲ့ ဒီအမေအတွက်အခွင့်အရေးဆိုတာရှိသင့်တယ်ဒါကြောင့် အမေ့အတွက်လစဉ်ရာသက်ပန်ထောက်ပံ့မူ့လေး ကုသိုလ်ပြုပါတယ်အမေကြီးရဲ့ရှိသမျှ့အကြွေးတွေ လဲဆပ်ပေးဖိုဆုံးဖြတ်ထားပါတယ်”ဆိုတဲ့စာလေးနဲ့သူမရဲ့ တစ်သက်တာ ထောက်ပံ့အလှူလေးပြုလုပ်ခဲ့ကြောင်းဗီဒီယိုဖိုင်နှင့်အတူပြောပြခဲ့တာပါ။

 

 

ပရိသတ်တွေလည်း မေပန်းချီရဲ့ကြည်နူးစရာကုသိုလ်အတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးလည်း ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးပါစေလို ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo – May Panche

Credit Cele Gabar

Zawgyi






Photo – May Panche

Credit Cele Gabar

Leave a Comment