ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီး ပြောလာတဲ့ မင်းသမီး Katrina Kaif

Katrina Kaif ဟာ ကိုယ်ဝန်မရရှိသေးပါဘူး။ Merry Christmas မင်းသမီးဖြစ်သူက ဒီအကြောင်းကို ပြန်လည်ဖြေရှင်းပေးခဲ့ပါတယ်။

Merry Christmas မင်းသမီးဖြစ်သူ Katrina Kaif ဟာ Vicky Kaushal နဲ့ရရှိထားတဲ့ ပထမဆုံးကလေးကို မျှော်လင့်နေရပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ Katrina ဟာ ကိုယ်ဝန် (၂) လရှိနေပြီဆိုတဲ့ အဲ့သတင်းကို မင်းသမီးဖြစ်သူရဲ့အဖွဲ့က ပြန်လည်ဖြေရှင်းပေးခဲ့တာပါ။

Katrina Kaif နဲ့ Vicky တို့နှစ်ဦးဟာ လွန်ခဲ့တဲ့ (၆) လက မင်္ဂလာဆောင်ခဲ့ကြတဲ့ စုံတွဲဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ အခုလိုသတင်းမျိုးထွက်ရှိခဲ့တာဖြစ်ပြီး ဒီသတင်းနဲ့ပတ်သက်ပြီး “အဲ့သတင်းကောင်းကို ကြားသိရတာမျိုးမရှိပါဘူး။

Katrina အနေနဲ့ လက်ရှိအချိန်မှာတော့ အလုပ်ပိုင်းကိုသာ အာရုံစိုက်နေပြီး မင်္ဂလာခရီးရဲ့ အစပိုင်းအချိန်၊ အခိုက်အတန့်တွေကိုသာ ပျော်ရွှင်၊ ကြည်နူးစွာခံစားနေမိပါတယ်။” လို့ မင်းသမီးရဲ့အသင်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။

Katrina က ကလေးချစ်သူဖြစ်ပြီး သူအိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း ကလေးယူသွားလို့တဲ့အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ဖူးသူဖြစ်ပါတယ်။ Katrina ဟာ Merry Christmas ဇာတ်ကားသစ်မှာ ပါဝင်လာဖို့ရှိနေပြီး Tiger 3 ဇာတ်ကားမှာလည်း Salman Khan၊ Phone Bhoot တို့နဲ့အတူ မြင်တွေ့ရဖို့ရှိနေသူဖြစ်ပါတယ်။

M2T Shwengwegames

Zawgyi





M2T Shwengwegames

Leave a Comment