အဖွားနဲ့ ရုပ်တူလွန်းပြီး သူမရဲ့ ငယ်ဘဝ အမှတ်တရလေးတွေကို ပြောပြလာတဲ့ စူးရှထက်

စူးရှထက်ကတော့ ယောက်ျားလေးပရိသတ်တွေကြား ဘေဘီဆိုတဲ့ နာမည်လေးနဲ့ ရေပန်းစားအောင်မြင်နေသူလေး ဖြစ်ပါတယ်။ မြင်သူတိုင်း စွဲမက်သွားစေမယ့် ကောက်ကြောင်းအလှတွေကို ပိုင် ဆိုင်ထားတဲ့ စူးရှထက်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားရတာကြောင့် ကိုယ်ပိုင်လုပ်ငန်းလေးကိုပဲ ဆက်တိုက် လုပ်ကိုင်နေရပါတယ်။

ခပ်မိုက်မိုက် စတိုင်နဲ့ ပုရိသတွေ ရင်မခုန်ဘဲ မနေနိုင်လောက်အောင် ဆွဲဆောင်မှုအားပြင်းတဲ့ စူးရှထက်က အခုမှာတော့ မြင်နေကျ ပုံစံတွေတဲ့ ကွဲထွက်ကာ ရှေးခေတ် အငွေ့အသက်တွေ အပြည့်နဲ့ ဖန်တီး ရိုက်ကူးထားတဲ့ ပုံလေးတွေကို ဖော်ပြလာပါတယ် ။

ပုံလေးတွေနဲ့ ပတ်သက်ပြီး အမှတ်တရလေးကိုလည်း ” တို့အဖွား နဲ့ တစ်ရုပ်ထဲပဲ စူးငယ်ငယ်တုန်းကဆို အဖွားက လေ ဖြတ်နေတော့ စိတ်အားငယ်တယ်လေအမြဲငိုနေတာ စူးက ဘယ်ရမလဲ အိမ်မှာရှိတဲ့ တံမြက်စည်းကို ကွစီးပြီး တစ်ကလုပ် တစ်ကလုပ်နဲ့ မြင်းတွေစီးပြ ဂီတာတွေတီးပြသီချင်းတွေဆိုပြနဲ့ အမျိူးမျိူးလုပ်ပြတာအဖွားမှာ အပျော်တွေလွန်ပြီး ရယ်တာ သေးတွေပါထွက်ကြတယ် သတိရတယ်ကွယ်” ခုလို ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Credit – Cele Zone
Photo – Zar Chi



ပုံလေးတွေနဲ့ ပတ်သက်ပြီး အမှတ်တရလေးကိုလည်း ” တို့အဖွား နဲ့ တစ်ရုပ်ထဲပဲ စူးငယ်ငယ်တုန်းကဆို အဖွားက လေ ဖြတ်နေတော့ စိတ်အားငယ်တယ်လေအမြဲငိုနေတာ စူးက ဘယ်ရမလဲ အိမ်မှာရှိတဲ့ တံမြက်စည်းကို ကွစီးပြီး တစ်ကလုပ် တစ်ကလုပ်နဲ့ မြင်းတွေစီးပြ ဂီတာတွေတီးပြသီချင်းတွေဆိုပြနဲ့ အမျိုးမျိုးလုပ်ပြတာအဖွားမှာ အပျော်တွေလွန်ပြီး ရယ်တာ သေးတွေပါထွက်ကြတယ် သတိရတယ်ကွယ်” ခုလို ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Credit – Cele Zone
Photo – Zar Chi

Leave a Comment