မွေးနေ့အထိမ်းအမှတ် အဖြစ် ကုသိုလ်ပြုခဲ့တဲ့ ပုံရိပ်များကို မျှဝေလာတဲ့ ဟိန်းဝေယံ

ဟိန်းဝေယံကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပရိသတ်တွေအပေါ်မှာလည်း ရင်းနှီးဖော်ရွေစွာဆက်ဆံတတ်သူတစ်ယောက်ဖြစ်သလို ကုသိုလ်ရေးမှာလည်း လက်မနှေးတတ်သူဖြစ်ပြီး အလှူအတန်းတွေလည်း မကြာခဏ ပြုလုပ်သူ ဖြစ်ပါတယ်။

ယခုတခါမှလည်း မေလ ၁၂ရက်နေ့ကတော့ သူ ရဲ့ အသက် ၃၃နှစ်ပြည့်မွေးနေ့ရက်မှာ သံဃာတော်များအား ဆွမ်းကပ်ပြီး အလှူဒါနပြုခဲ့ပါသေးတယ်။

မွေးနေ့အမှတ်တရပြုခဲ့တဲ့ အလှူပုံရိပ်များကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်

မင်းသားဟိန်းဝေယံရဲ့ အလှူပုံရိပ်များကို ပရိသတ်များ ကုသိုလ်ပွား သာဓု ခေါ်ဆိုနိုင်ရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်

Source Hein Wai Yan

Zawgyi






Source Hein Wai Yan

Leave a Comment