Danny Boyle ဟာ Daniel Craig ရဲ့ James Bond ဇာတ်ကားကို ရိုက်ကူးဖို့ အသင့်ဖြစ်နေခဲ့ပြီးမှ တီထွင်ဖန်တီးမှုပိုင်း သဘောထားကွဲလွဲမှုတွေကြောင့် ဒီပရောဂျက်နေ နောက်ဆုတ်ခဲ့ရသူဖြစ်ပါတယ်။
သူဟာ James Bond ဇာတ်ကားဆက်ထုတ်လုပ်သူ Barbara Broccoli၊ Michael G. Wilson တို့နဲ့ ဇာတ်ညွှန်းဖန်တီးမှုပိုင်းမှာ အမြင်မတူခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ “ဇာတ်ကားဆက်တွေနဲ့ မကိုက်ညီကြောင်း” ဒါ့အပြင် “ငါက စာရေးသူတွေနဲ့ တွဲပြီးလုပ်ဆောင်လေ့ရှိတာလေ။ အဲ့တော့ အဲ့လက်တွဲမှုကိုတော့ ငါ့အနေနဲ့ ဖျက်လိုဖျက်စီးလုပ်နိုင်မှာ မဟုတ်ဘူး။” လို့ Oscar ဆုရဖူးသူ Danny Boyle က ဆိုလာခဲ့တာပါ။
“ငါမှတ်မိသေးတယ်။ ’ငါဇာတ်ကားဆက်တွေကို တကယ်တာဝန်ယူသင့်ရဲ့လား’ ပေါ့။ ဘာလို့ဆို ဒီဇာတ်ကားဆက်ထုတ်လုပ်သူတွေက အရင်ပုံစံထက် လုံးဝကွဲထွက်နေတာမျိုးကို လိုချင်ကြတာမဟုတ်ဘူးလေ။ သူတို့က တချို့အပိုင်းတွေကို နည်းနည်းသစ်လွန်အောင်ပြန်လုပ်ချင်ရုံလောက်ပဲ။ ဇာတ်ကြောင်း၊ ဇာတ်အိမ်ပိုင်းကို လုံးဝစိန်ခေါ်တာမျိုး၊ ပြောင်းလဲလိုက်ချင်တာမျိုး မရှိကြဘူး။
ငါတို့ကတော့ ထူးခြားတာမျိုးကိုပဲ လုပ်ချင်တာပေါ့။ ထူးခြားတာကတော့ ငါ့ဇာတ်အိမ်နဲ့ရိုက်ဖြစ်ခဲ့ရင် အခုလိုတော်တော် လူပြောများတဲ့ ကိစ္စဖြစ်နေလောက်မလားပဲ။ Russia မှာဇာတ်အိမ်တည်ထားတာကို။ ဒါကလည်း Cold War နောက်ပိုင်းမှာ ထွက်ပေါ်လာခဲ့တဲ့ Bond ရဲ့မူရင်းဇစ်မြစ်နေရာပါပဲ။
ဒီနေ့ခေတ် Russia ကို တည်ထားတာပေါ့။ ဒီဇာတ်အိမ်အပေါ်မှာ ဇာတ်ကားထုတ်လုပ်သူတွေက ယုံကြည်မှုသိပ်မရှိခဲ့ကြဘူး။ အဲ့ဒါက နှမြောစရာတော့ ကောင်းသား။” လို့ သူက ဆက်လက်ပြောဆိုခဲ့တာပါ။
သူ့အနေနဲ့ နောက်ထပ်အခွင့်ကြုံခဲ့ရင် Bond ဇာတ်ကားကို ရိုက်ကူးဖြစ်ဦးမလားဆိုတဲ့ မေးခွန်းကိုတော့ မရိုက်ကူးဖြစ်လောက်တော့ဘူးလို့ ဖြေကြားခဲ့ပြီး James Bond ဇာတ်ကောင်နေရာမှာ Craig ကိုအစားထိုးဖို့ သူရွေးရရင်တော့ Robert Pattinson မဟုတ်ရင် Paapa Essiedu ကိုရွေးချယ်မိလိမ့်မယ်လို့ ဆိုခဲ့ပါသေးတယ်။
M2T Shwengwegames
Zawgyi
Danny Boyle ဟာ Daniel Craig ရဲ႕ James Bond ဇာတ္ကားကို ႐ိုက္ကူးဖို႔ အသင့္ျဖစ္ေနခဲ့ၿပီးမွ တီထြင္ဖန္တီးမႈပိုင္း သေဘာထားကြဲလြဲမႈေတြေၾကာင့္ ဒီပေရာဂ်က္ေန ေနာက္ဆုတ္ခဲ့ရသူျဖစ္ပါတယ္။
သူဟာ James Bond ဇာတ္ကားဆက္ထုတ္လုပ္သူ Barbara Broccoli၊ Michael G. Wilson တို႔နဲ႔ ဇာတ္ၫႊန္းဖန္တီးမႈပိုင္းမွာ အျမင္မတူခဲ့တာျဖစ္ပါတယ္။ သူ႕အေနနဲ႔ “ဇာတ္ကားဆက္ေတြနဲ႔ မကိုက္ညီေၾကာင္း” ဒါ့အျပင္ “ငါက စာေရးသူေတြနဲ႔ တြဲၿပီးလုပ္ေဆာင္ေလ့႐ွိတာေလ။ အဲ့ေတာ့ အဲ့လက္တြဲမႈကိုေတာ့ ငါ့အေနနဲ႔ ဖ်က္လိုဖ်က္စီးလုပ္ႏိုင္မွာ မဟုတ္ဘူး။” လို႔ Oscar ဆုရဖူးသူ Danny Boyle က ဆိုလာခဲ့တာပါ။
“ငါမွတ္မိေသးတယ္။ ’ငါဇာတ္ကားဆက္ေတြကို တကယ္တာဝန္ယူသင့္ရဲ႕လား’ ေပါ့။ ဘာလို႔ဆို ဒီဇာတ္ကားဆက္ထုတ္လုပ္သူေတြက အရင္ပုံစံထက္ လုံးဝကြဲထြက္ေနတာမ်ိဳးကို လိုခ်င္ၾကတာမဟုတ္ဘူးေလ။ သူတို႔က တခ်ိဳ႕အပိုင္းေတြကို နည္းနည္းသစ္လြန္ေအာင္ျပန္လုပ္ခ်င္႐ုံေလာက္ပဲ။ ဇာတ္ေၾကာင္း၊ ဇာတ္အိမ္ပိုင္းကို လုံးဝစိန္ေခၚတာမ်ိဳး၊ ေျပာင္းလဲလိုက္ခ်င္တာမ်ိဳး မ႐ွိၾကဘူး။
ငါတို႔ကေတာ့ ထူးျခားတာမ်ိဳးကိုပဲ လုပ္ခ်င္တာေပါ့။ ထူးျခားတာကေတာ့ ငါ့ဇာတ္အိမ္နဲ႔႐ိုက္ျဖစ္ခဲ့ရင္ အခုလိုေတာ္ေတာ္ လူေျပာမ်ားတဲ့ ကိစၥျဖစ္ေနေလာက္မလားပဲ။ Russia မွာဇာတ္အိမ္တည္ထားတာကို။ ဒါကလည္း Cold War ေနာက္ပိုင္းမွာ ထြက္ေပၚလာခဲ့တဲ့ Bond ရဲ႕မူရင္းဇစ္ျမစ္ေနရာပါပဲ။
ဒီေန႔ေခတ္ Russia ကို တည္ထားတာေပါ့။ ဒီဇာတ္အိမ္အေပၚမွာ ဇာတ္ကားထုတ္လုပ္သူေတြက ယုံၾကည္မႈသိပ္မ႐ွိခဲ့ၾကဘူး။ အဲ့ဒါက ႏွေျမာစရာေတာ့ ေကာင္းသား။” လို႔ သူက ဆက္လက္ေျပာဆိုခဲ့တာပါ။
သူ႕အေနနဲ႔ ေနာက္ထပ္အခြင့္ၾကဳံခဲ့ရင္ Bond ဇာတ္ကားကို ႐ိုက္ကူးျဖစ္ဦးမလားဆိုတဲ့ ေမးခြန္းကိုေတာ့ မ႐ိုက္ကူးျဖစ္ေလာက္ေတာ့ဘူးလို႔ ေျဖၾကားခဲ့ၿပီး James Bond ဇာတ္ေကာင္ေနရာမွာ Craig ကိုအစားထိုးဖို႔ သူေ႐ြးရရင္ေတာ့ Robert Pattinson မဟုတ္ရင္ Paapa Essiedu ကိုေ႐ြးခ်ယ္မိလိမ့္မယ္လို႔ ဆိုခဲ့ပါေသးတယ္။
M2T Shwengwegames