သူမရဲ့ လုပ်ဖော်ကိုင်ဖက် ရှူတင်အဖွဲသားတွေကို မုန့်ဖိုးပေးကာ အလှူဒါနလေးပြုလုပ်ခဲ့တဲ့ မင်းသမီးမြတ်သူသူ

MRTV-4 မင်းသမီးမြတ်သူသူကတော့ ဇာတ်လမ်းတွဲတွေကနေတစ်ဆင့်အနုပညာလမ်းကြောင်းပေါ်ကိုစတင်ဝင်ရောက်လာသူဖြစ်ပြီး သရုပ်ဆောင်ပီပြင်လှတာကြောင့်ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့မင်းသမီးချောတစ်ယောက်ပဲဖြစ်ပါတယ်နော်။

သရုပ်ဆောင်မြတ်သူသူကတော့အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အတူကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့်ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားပါတယ်နော်။

အရမ်းကြိုးစားတဲ့ မင်းသမီးတစ်လက်လို့ စီနီယာတွေကတောင် ချီးကျူးရတဲ့ သူတစ်ယောက်ပါ။အလှုအတန်းနှင့်ပတ်သတ်လျှင်လည်းစေသနာထက်သန်သလို ဘာသာရေးလည်း ကိုင်းရှိုင်းသူတစ်ဦးလည်းဖြစ်ပါတယ်။

အမြဲလိုလိုအလှူအတန်း ကုသိုလ်တွေကိုရောက်တဲ့နေရာမှာရရင်ရသလိုပြုလုပ်တတ်တဲ့ မြတ်သူသူကတော့ လက်ရှိမှာလည်း သူမရဲ့ရှူတင်အပြီးမှာ ရှူတင်အဖွဲသားတွေကိုမုန့်ဖိုးပေးကာ အလှူဒါနလေးပြုလုပ်ခဲ့တာပါ။ချစ်စရာကောင်းကာ အဖွဲသားတွေ အပေါ်အမြဲရက်ရောတတ်တဲ့မင်းသမီးချောလေးရဲ့ ကြည်နူးစရာ အလှူပုံရိပ်လေးကိုဗီဒီယိုဖိုင်လေးနဲ့တကွတင်လာခဲ့တာပါ။

ဟန်ဆောင်မှုကင်းပြီး ရိုးသားတဲ့မြတ်သူသူရဲ့ စိတ်ထားလေးကိုချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးပရိသတ်ကြီးရေ။

Source Myat Thu Thu

Credit Cele Gabar

Zawgyi






Source Myat Thu Thu

Credit Cele Gabar

Leave a Comment