Marvel နှင့် သက်တမ်းရှည် စာချုပ်ကြောင့် တခြားဇာတ်ကောင်တွေ ဆုံးရှုံးခဲ့ ရတယ်ဆိုတဲ့ Elizabeth Olsen

Elizabeth Olsen ဟာ သက်တမ်းရှည်တဲ့ Marvel စာချုပ်ကြောင့် တခြားဇာတ်ကောင်တွေ ဆုံးရှုံးခဲ့ရတဲ့အတွက် ‘ဒေါသတကြီး’ ဖြစ်ခဲ့ဖူးကြောင်းသိရပါတယ်။

သူ(မ)ဟာ ၂၀၁၅ ခုနှစ် Avengers: Age of Ultron မှာ Marvel Cinematic Universe (MCU) ရဲ့သရုပ်ဆောင်တစ်ဦးအဖြစ် ပွဲထွက်ပါဝင်လာသူဖြစ်ပါတယ်။ သူ(မ)ဟာလည်း တခြားသရုပ်ဆောင်တွေနည်းတူ ဇာတ်ကားဆက်တွေအတွက် စာချုပ်ချုပ်ဆိုခဲ့ရသူပါ။

ဒါ့ကြောင့် ဒီစာချုပ်သက်တမ်းနဲ့ စာချုပ်အရအလုပ်ချိန် ဖယ်ထားရတဲ့အတွက် တခြားဇာတ်ကား၊ ဇာတ်ကောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ခွင့်တွေ ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ အတိတ်မှာ ဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့လာရရင် မင်းသမီးဖြစ်သူက ဒေါသထွက်လေ့ရှိကြောင်း ထုတ်ဖော်ပြောကြားလာတာပါ။

သူ(မ)ဟာ Marvel ဇာတ်ကားဆက်တွေမှာ Wanda Maximoff (ဝါ) Scarlet Witch အဖြစ်သရုပ်ဆောင်သူဖြစ်ပါတယ်။

သူ(မ)ဟာ ၂၀၁၅ ပွဲထွက်ဇာတ်ကားနောက်ပိုင်း ၂၀၁၆ Captain America: Civil War၊ ၂၀၁၈ Avengers: Infinity War၊ ၂၀၁၉ Avengers: Endgame, ၂၀၂၁ Disney Plus series WandaVision နဲ့ MCU ဇာတ်ကားသစ် Doctor Strange and the Multiverse of Madness မှာ ဒီဇာတ်ကောင်အဖြစ် ပြန်လည်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီနောက်ဆုံးဇာတ်ကားကိုတော့ လွန်ခဲ့တဲ့အပတ်ကမှ ရုံတင်ထုတ်လွှင့်ခဲ့တာပါ။

မင်းသမီးဖြစ်သူက စာချုပ်ကြောင့်တခြားဇာတ်ကွက်တွေနဲ့ လွဲချော်ခဲ့ရတဲ့အကြောင်းကို “ကျွန်မကအလုပ်ရှိကြောင်း သေချာမှုရှိနေပေမယ့်လည်း ကျွန်မနဲ့ပိုကိုက်တဲ့တခြားဇာတ်ကောင်တွေကို သရုပ်ဆောင်ဖို့ ဆုံးရှုံးနေရတာပေါ့။

ကျွန်မအနေနဲ့အဲ့လိုလွတ်သွားလေလေ၊ ကျွန်မကိုဒီလိုအပိုင်းတွေ လာကမ်းလှမ်းမှုက လျော့နည်းသွားရတယ်။ ရုပ်ရှင်ကြည့်ရှုသူအနေနဲ့ ကျွန်မကိုယ်တိုင်ပိုသဘောကျမယ့် ဇာတ်ကောင်၊ ဇာတ်ကားမျိုးတွေကိုလည်း မရိုက်ကူးနိုင်ပဲ ငြင်းဆိုလိုက်ရတာတွေရှိတယ်။

ဒါက ကျွန်မအပွင့်လင်းဆုံးပြောတာပါ။” လို့ဆိုထားခဲ့တာဖြစ်ပြီး Marvel မှာတော့ သီးခြားလွတ်လပ်မှုမျိုးတော့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီအချက်ကတော့ “ကျွန်မတို့က ပေါက်ကရတွေလျှောက်လုပ်ပြီး ဒီလိုဇာတ်ကြောင်းမျိုးက ပရိသတ်ရှိမယ်လို့ မထင်ခဲ့ကြဘူးလေ။

အဲ့တော့ လွတ်လပ်မှုသဘောမျိုး ဖြစ်တာပေါ့။ ဖိအားလည်းမရှိသလို၊ ကြောက်နေတွန့်နေစရာလည်း မရှိတော့ ကောင်းမွန်တဲ့အတွေ့အကြုံမျိုးပဲ ဖြစ်နေခဲ့တာပါ။” လို့ပြောဆိုခဲ့ပါတယ်။

M2T Shwengwegames

Zawgyi

Elizabeth Olsen ဟာ သက္တမ္း႐ွည္တဲ့ Marvel စာခ်ဳပ္ေၾကာင့္ တျခားဇာတ္ေကာင္ေတြ ဆုံး႐ႈံးခဲ့ရတဲ့အတြက္ ‘ေဒါသတႀကီး’ ျဖစ္ခဲ့ဖူးေၾကာင္းသိရပါတယ္။

သူ(မ)ဟာ ၂၀၁၅ ခုႏွစ္ Avengers: Age of Ultron မွာ Marvel Cinematic Universe (MCU) ရဲ႕သ႐ုပ္ေဆာင္တစ္ဦးအျဖစ္ ပြဲထြက္ပါဝင္လာသူျဖစ္ပါတယ္။ သူ(မ)ဟာလည္း တျခားသ႐ုပ္ေဆာင္ေတြနည္းတူ ဇာတ္ကားဆက္ေတြအတြက္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ရသူပါ။

ဒါ့ေၾကာင့္ ဒီစာခ်ဳပ္သက္တမ္းနဲ႔ စာခ်ဳပ္အရအလုပ္ခ်ိန္ ဖယ္ထားရတဲ့အတြက္ တျခားဇာတ္ကား၊ ဇာတ္ေကာင္ေတြအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခြင့္ေတြ ဆုံး႐ႈံးခဲ့ရတာျဖစ္ပါတယ္။ အတိတ္မွာ ဒီလိုအျဖစ္မ်ိဳးနဲ႔ ၾကဳံေတြ႕လာရရင္ မင္းသမီးျဖစ္သူက ေဒါသထြက္ေလ့႐ွိေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာတာပါ။

သူ(မ)ဟာ Marvel ဇာတ္ကားဆက္ေတြမွာ Wanda Maximoff (ဝါ) Scarlet Witch အျဖစ္သ႐ုပ္ေဆာင္သူျဖစ္ပါတယ္။

သူ(မ)ဟာ ၂၀၁၅ ပြဲထြက္ဇာတ္ကားေနာက္ပိုင္း ၂၀၁၆ Captain America: Civil War၊ ၂၀၁၈ Avengers: Infinity War၊ ၂၀၁၉ Avengers: Endgame, ၂၀၂၁ Disney Plus series WandaVision နဲ႔ MCU ဇာတ္ကားသစ္ Doctor Strange and the Multiverse of Madness မွာ ဒီဇာတ္ေကာင္အျဖစ္ ျပန္လည္ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒီေနာက္ဆုံးဇာတ္ကားကိုေတာ့ လြန္ခဲ့တဲ့အပတ္ကမွ ႐ုံတင္ထုတ္လႊင့္ခဲ့တာပါ။

မင္းသမီးျဖစ္သူက စာခ်ဳပ္ေၾကာင့္တျခားဇာတ္ကြက္ေတြနဲ႔ လြဲေခ်ာ္ခဲ့ရတဲ့အေၾကာင္းကို “ကြၽန္မကအလုပ္႐ွိေၾကာင္း ေသခ်ာမႈ႐ွိေနေပမယ့္လည္း ကြၽန္မနဲ႔ပိုကိုက္တဲ့တျခားဇာတ္ေကာင္ေတြကို သ႐ုပ္ေဆာင္ဖို႔ ဆုံး႐ႈံးေနရတာေပါ့။

ကြၽန္မအေနနဲ႔အဲ့လိုလြတ္သြားေလေလ၊ ကြၽန္မကိုဒီလိုအပိုင္းေတြ လာကမ္းလွမ္းမႈက ေလ်ာ့နည္းသြားရတယ္။ ႐ုပ္႐ွင္ၾကည့္႐ႈသူအေနနဲ႔ ကြၽန္မကိုယ္တိုင္ပိုသေဘာက်မယ့္ ဇာတ္ေကာင္၊ ဇာတ္ကားမ်ိဳးေတြကိုလည္း မ႐ိုက္ကူးႏိုင္ပဲ ျငင္းဆိုလိုက္ရတာေတြ႐ွိတယ္။

ဒါက ကြၽန္မအပြင့္လင္းဆုံးေျပာတာပါ။” လို႔ဆိုထားခဲ့တာျဖစ္ၿပီး Marvel မွာေတာ့ သီးျခားလြတ္လပ္မႈမ်ိဳးေတာ့ ရ႐ွိခဲ့တယ္လို႔ ဆိုပါတယ္။ ဒီအခ်က္ကေတာ့ “ကြၽန္မတို႔က ေပါက္ကရေတြေလွ်ာက္လုပ္ၿပီး ဒီလိုဇာတ္ေၾကာင္းမ်ိဳးက ပရိသတ္႐ွိမယ္လို႔ မထင္ခဲ့ၾကဘူးေလ။

အဲ့ေတာ့ လြတ္လပ္မႈသေဘာမ်ိဳး ျဖစ္တာေပါ့။ ဖိအားလည္းမ႐ွိသလို၊ ေၾကာက္ေနတြန္႔ေနစရာလည္း မ႐ွိေတာ့ ေကာင္းမြန္တဲ့အေတြ႕အၾကဳံမ်ိဳးပဲ ျဖစ္ေနခဲ့တာပါ။” လို႔ေျပာဆိုခဲ့ပါတယ္။

M2T Shwengwegames

Leave a Comment