မဟာဝိဇိယ စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ဖို့ ပါဝင်လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်

ပရိသတ်ကြီးရေ ခိုင်သင်းကြည်ကတော့ ဒီနေ့မတ်လ (၃၁)ရက်နေ့မှာမွန်မြတ်လှတဲ့ ရွှေသင်္ကန်းကပ်အလှူလေးတစ်ခုကိုပြု လုပ်ခဲ့ပါတယ်။ခိုင်သင်းကြည်ကတော့ အလှူအတန်းတွေကိုရက်ရောစွာနဲ့လှူဒါန်းလေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပြီးလတ်တ လောမှာတော့အပတ်စဉ်ကြာသပတေးနေ့တိုင်းကောင်းမှုတစ်ခုကိုနေ့စဉ်ပြုလုပ်နေတာပဲဖြစ်ပါတယ်။

ခိုင်သင်းကြည်ကတော့ဒီနေ့ မတ်လ (၃၁)ရက်နေ့လေးမှာဆိုရင်လည်း မိဘနှစ်ပါးနဲ့အတူ မဟာဝိဇိယဘုရားကို သွား ရောက်ကာကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့တဲ့အပြင် မဟာဝိဇိယဘုရားကြီး ရွှေသင်္ကန်းကပ်လှူဒါန်းမှုမှာပါဝင်လှူဒါန်းခဲ့ပါတယ်။ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ဖို့ အလှူတစ်သိန်းကျပ်ကိုသဒ္ဓါတရားထက် သန်စွာနဲ့ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ခိုင်သင်းကြည်ကတော့ သူ့ရဲ့My Day ကနေလည်းမိဘတွေနဲ့ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့ကြောင်းနဲ့ ရွှေသင်္ကန်းကပ်လှူတဲ့အလှူလေးပြုလုပ်ခဲ့ကြောင်းကို မျှ ဝေဖော်ပြထားခဲ့ပါတယ်။ပရိသတ်ကြီးရေ ဆုတောင်းပြည့်တန်ခိုးကြီးဘုရားကို ရွှေသင်္ကန်းကပ်လှူရတဲ့ကုသိုလ်ကတော့ တကယ်ကိုမွန်မြတ်လှတဲ့ကုသိုလ်ပါပဲနော်။

Source – Khine Thin Kyi
Credit – CeleGabar




Source – Khine Thin Kyi
Credit – CeleGabar