တိလေးတွေ အစာကျွေးရန် အတွက် တစ်သိန်းကျပ်ကို လှူဒါန်းခဲ့တဲ့ မအေးသောင်း

အေးချမ်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ ပရိသတ်တွေကို အမြဲအချစ်ပို ဖမ်းစားထားတဲ့ ပြည်သူ့အချစ်တော်လေးကတော့ သရုပ်ဆောင်မင်းသမီးချောလေး အေးဝတ်ရည်သောင်းပဲ ဖြစ်ပါတယ်။

မိန်းကလေးဆန်ဆန် စွဲမက်ဖွယ်ကောင်းတဲ့ Body အမိုက်စားလေးကို ပိုင်ဆိုင်ထားသူလေး ဖြစ်တာကြောင့် မိန်းကလေးအများစုရဲ့ အားကျခြင်းကို ခံနေရသူလေးလည်းဖြစ်ပါတယ်။

တစ်ခေတ်တစ်ခါကတည်းက နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပြီး ယနေ့တိုင် အောင်မြင်မှုရရှိနေတဲ့သူလည်းဖြစ်ပါတယ်။

ပီပြင်တဲ့ သရုပ်ဆောင်မှုသာမက မြန်မာဆန်ဆန် အမြဲဝတ်တတ်တဲ့ သူမရဲ့ ယဉ်ယဉ်လေး ဖက်ရှင်ကျမှုကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရထားသူလေးပါနော် ။

တိလေးတွေချစ်တတ်ပြီး အလှူအတန်းဆိုလည်း ရက်ရက်ရောရောလှူဒါန်း တတ်တဲ့ မအေးသောင်းကတော့ဒီနေ့မှာ တိလေးတွေအတွက် လှူဒါန်းခဲ့ပါသေးတယ်။

“တိလေး တွေ အတွက် အခုလို လှူရတဲ့အကျိုးအားကြောင့် မ Aye Thaung အပျိုကြီး ဘဝ အမြန်ဆုံး ကျွတ်ပါစေ😂မောင်လေး မောင်လေး မလုပ်တော့ပဲ စိတ်တွေလဲ အ​မြန်ဆုံး​တည်ငြိမ်ပါစေ😂”

ဒီထက်မက လှူနိုင်တန်းနိုင် ပေးကမ်းစွံကျဲနိုင် ပီးသက်ရှည်ကျန်းမာ တဲ့အောင်မြင်တဲ့ သူဌေးမကြီး ဖြစ်ပါစေ😍အမှတ်တယ💕 အလှူလေး မို့ save လိုက်ပါတယ် 💖လို့ တင်ထားပါတယ်။မအေးသောင်းရဲ့ တိလေးတွေချစ်ပြီး လှူဒါန်းခဲ့တဲ့ အလှူလေးကိုသာဓုခေါ်ဆိုခဲ့ပါဦးနော်

Source Eingyinn May Tun, Aye Thaung

Zawgyi







