မင်္ဂလာဆောင် ဓာတ်ပုံတွေကို တရားဝင်ထုတ်ပြန်ခဲ့တဲ့ Hyun Bin နဲ့ Son Ye Jin

Hyun Bin နဲ့ Son Ye Jin တို့ရဲ့မင်္ဂလာဆောင် ဓာတ်ပုံတွေကိုကြည့်ရှုလို့ရပါပြီ။

မတ်လ (၃၁) ရက်နေ့မှာ သရုပ်ဆောင်နှစ်ဦးရဲ့အေဂျင်စီဖြစ်တဲ့ VAST Entertainment နဲ့ MSTeam တို့ဟာ “သရုပ်ဆောင်နှစ်ဦးဖြစ်ကြတဲ့ Son Ye Jin နဲ့ Hyun Bin တို့ဟာ ဒီကနေ့မှာလက်ထပ်ပွဲကျင်းပခဲ့ပြီး မင်္ဂလာမောင်နှံအဖြစ် ခြေလှမ်းသစ်ကို အစပြုခဲ့ပြီဖြစ်ပါတယ်။

မင်္ဂလာပွဲကိုတော့ COVID-19 အခြေအနေတွေကြောင့် အကျဉ်းချုံးမျှသာပြုလုပ်ခဲ့ပြီး ဒီအချက်ကိုလည်း နားလည်ပေးကြဖို့ တောင်းဆိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီသတင်းကို သူတို့မင်္ဂလာဆောင်ဓာတ်ပုံတွေနဲ့ မျှဝေလိုက်ပါတယ်။” လို့ ရေးသားထားခဲ့တာပါ။

ဒါ့အပြင်လည်း “ဒီလိုသစ်လွန်တဲ့ခရီးလမ်းအစမှာ ထောက်ပံ့အားပေးပြီး ချစ်ခြင်းမေတ္တာပို့သပေးကြလို့ ကျေးဇူးတင်ရပါတယ်။ ဒီလိုရရှိတဲ့မေတ္တာတွေကို ပြန်လည်ပေးအပ်နိုင်ဖို့လည်း သရုပ်ဆောင် Hyun Bin နဲ့ Son Ye Jin တို့နဲ့အတူ ဒီအေဂျင်စီတွေကလည်း အစွမ်းကုန်ကြိုးစားသွားပါမယ်လို့ ပြောကြားလိုပါတယ်။” လို့ဆိုခဲ့ပါသေးတယ်။လှပတဲ့မင်္ဂလာဆောင်ဓာတ်ပုံတွေကို အောက်မှာရှုစားကြည့်ကြပါ။

သူတို့နှစ်ဦးဟာ ၂၀၁၈ ဇာတ်ကား “The Negotiation” နဲ့ ၂၀၁၉ Drama “Crash Landing on You” တို့မှာ အတူပါဝင်သရုပ်ဆောင်ခဲ့ကြပြီး သူတို့ချစ်သူတွေဖြစ်နေကြောင်းကိုတော့ ၂၀၂၁ ဇန်နဝါရီလထဲမှာ အတည်ပြုပြောကြားခဲ့ကြသူတွေပါ။

ဒီနှစ်ဖေဖော်ဝါရီလမှာတော့ သူတို့မင်္ဂလာပွဲကို ကြေညာခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးကို ဂုဏ်ပြုကြောင်းပြောကြားလိုပါတယ်

M2T Shwengwegames

Zawgyi

Hyun Bin နဲ႔ Son Ye Jin တို႔ရဲ႕မဂၤလာေဆာင္ ဓာတ္ပုံေတြကိုၾကည့္႐ႈလို႔ရပါၿပီ။

မတ္လ (၃၁) ရက္ေန႔မွာ သ႐ုပ္ေဆာင္ႏွစ္ဦးရဲ႕ေအဂ်င္စီျဖစ္တဲ့ VAST Entertainment နဲ႔ MSTeam တို႔ဟာ “သ႐ုပ္ေဆာင္ႏွစ္ဦးျဖစ္ၾကတဲ့ Son Ye Jin နဲ႔ Hyun Bin တို႔ဟာ ဒီကေန႔မွာလက္ထပ္ပြဲက်င္းပခဲ့ၿပီး မဂၤလာေမာင္ႏွံအျဖစ္ ေျခလွမ္းသစ္ကို အစျပဳခဲ့ၿပီျဖစ္ပါတယ္။

မဂၤလာပြဲကိုေတာ့ COVID-19 အေျခအေနေတြေၾကာင့္ အက်ဥ္းခ်ံဳးမွ်သာျပဳလုပ္ခဲ့ၿပီး ဒီအခ်က္ကိုလည္း နားလည္ေပးၾကဖို႔ ေတာင္းဆိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ဒီသတင္းကို သူတို႔မဂၤလာေဆာင္ဓာတ္ပုံေတြနဲ႔ မွ်ေဝလိုက္ပါတယ္။” လို႔ ေရးသားထားခဲ့တာပါ။

ဒါ့အျပင္လည္း “ဒီလိုသစ္လြန္တဲ့ခရီးလမ္းအစမွာ ေထာက္ပံ့အားေပးၿပီး ခ်စ္ျခင္းေမတၱာပို႔သေပးၾကလို႔ ေက်းဇူးတင္ရပါတယ္။ ဒီလိုရ႐ွိတဲ့ေမတၱာေတြကို ျပန္လည္ေပးအပ္ႏိုင္ဖို႔လည္း သ႐ုပ္ေဆာင္ Hyun Bin နဲ႔ Son Ye Jin တို႔နဲ႔အတူ ဒီေအဂ်င္စီေတြကလည္း အစြမ္းကုန္ႀကိဳးစားသြားပါမယ္လို႔ ေျပာၾကားလိုပါတယ္။” လို႔ဆိုခဲ့ပါေသးတယ္။

လွပတဲ့မဂၤလာေဆာင္ဓာတ္ပုံေတြကို ေအာက္မွာ႐ႈစားၾကည့္ၾကပါ။

သူတို႔ႏွစ္ဦးဟာ ၂၀၁၈ ဇာတ္ကား “The Negotiation” နဲ႔ ၂၀၁၉ Drama “Crash Landing on You” တို႔မွာ အတူပါဝင္သ႐ုပ္ေဆာင္ခဲ့ၾကၿပီး သူတို႔ခ်စ္သူေတြျဖစ္ေနေၾကာင္းကိုေတာ့ ၂၀၂၁ ဇန္နဝါရီလထဲမွာ အတည္ျပဳေျပာၾကားခဲ့ၾကသူေတြပါ။

ဒီႏွစ္ေဖေဖာ္ဝါရီလမွာေတာ့ သူတို႔မဂၤလာပြဲကို ေၾကညာခဲ့တာျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးလုံးကို ဂုဏ္ျပဳေၾကာင္းေျပာၾကားလိုပါတယ္

M2T Shwengwegames