သရုပ်ဆောင်အလုပ်ကနေ ‘အနားယူသွားဖို့’ ရှိနေတဲ့ မင်းသားကြီး Bruce Willis

မင်းသားကြီး Bruce Willis ဟာ Aphasia ဖြစ်ကြောင်း ဆေးစစ်ချက်ထွက်ရှိလာလို့ သရုပ်ဆောင်အလုပ်ကနေ ‘အနားယူသွားဖို့’ ရှိနေပါတယ်။

Aphasia ဟာဆိုရင်တော့ အပြောအဆို၊ ဘာသာစကားနဲ့ပတ်သက်တဲ့ မူမမှန်ရောဂါဖြစ်ပြီး ဒီရောဂါရှိနေကြောင်း ဆေးစစ်ချက်ထွက်ရှိခဲ့တဲ့ မင်းသားကြီး Bruce Willis အနေနဲ့ သရုပ်ဆောင်အလုပ်တွေကနေ “အနားယူသွားဖို့” ရှိနေပါတယ်။

ဒီရောဂါလက္ခဏာရှိသူတွေဟာ ဆိုလိုရင်းရောက်အောင် စကားပြောဆိုရခက်ခဲတာ၊ အခြားသူရဲ့စကားတွေကို နားမလည်နိုင်တာမျိုးတွေ ဖြစ်ပွားလေ့ရှိပြီး အရေးပိုင်းမှာလည်း အလားတူပြဿနာတွေ ကြုံတွေ့ရတတ်ကြောင်း သိရပါတယ်။

“ကျွန်မတို့ချစ်ခင်ရတဲ့ Bruce ဟာ ကျန်းမာရေးအခြေအနေဆိုးတစ်ခုနဲ့ ကြုံတွေ့နေရပြီး Aphasia ဝေဒနာကို ခံစားနေရပါတယ်။ ဒါ့ကြောင့် သူ့ရဲ့သိမှုဆိုင်ရာစွမ်းရည်တွေ ထိခိုက်နေပါတယ်။

ဒီလိုအခြေအနေတွေကြောင့် Bruce ဟာ သူချစ်ခင်တန်ဖိုးထားရတဲ့ သရုပ်ဆောင်အလုပ်ကနေ အနားယူသွားဖို့ရှိနေပါတယ်။” လို့ Demi Moore နဲ့မွေးဖွားခဲ့တဲ့သမီးတစ်ဦးဖြစ်သူ Rumer Willis က သူ့အကောင့်မှာ ပြောကြားခဲ့တာပါ။

“ဒီအခြေအနေက ကျွန်မတို့မိသားစုအတွက် ခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်ပြီး မိသားစုတွေစည်းစည်းလုံးလုံးနဲ့ ကျော်ဖြတ်သွားဖို့ လုပ်ဆောင်နေပါတယ်” လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီပို့စ်ကိုတော့ သူ့ဇနီးဖြစ်သူ Emma Heming Willis နဲ့အတူ သူတို့ရဲ့သမီးနှစ်ဦး Mabel နဲ့ Evelyn အပြင် သူ့ဇနီးဟောင်းဖြစ်သူ Moore နဲ့ သူတို့ရဲ့သမီးသုံးဦး Rumer၊ Scout နဲ့ Tallulah၊ စတဲ့ မိသားစုဝင်အကုန်လုံးက လက်မှတ်ရေးထိုးထားကြပါတယ်။

M2T Shwengwegames

Zawgyi

Source Insider

မင္းသားႀကီး Bruce Willis ဟာ Aphasia ျဖစ္ေၾကာင္း ေဆးစစ္ခ်က္ထြက္႐ွိလာလို႔ သ႐ုပ္ေဆာင္အလုပ္ကေန ‘အနားယူသြားဖို႔’ ႐ွိေနပါတယ္။

Aphasia ဟာဆိုရင္ေတာ့ အေျပာအဆို၊ ဘာသာစကားနဲ႔ပတ္သက္တဲ့ မူမမွန္ေရာဂါျဖစ္ၿပီး ဒီေရာဂါ႐ွိေနေၾကာင္း ေဆးစစ္ခ်က္ထြက္႐ွိခဲ့တဲ့ မင္းသားႀကီး Bruce Willis အေနနဲ႔ သ႐ုပ္ေဆာင္အလုပ္ေတြကေန “အနားယူသြားဖို႔” ႐ွိေနပါတယ္။

ဒီေရာဂါလကၡဏာ႐ွိသူေတြဟာ ဆိုလိုရင္းေရာက္ေအာင္ စကားေျပာဆိုရခက္ခဲတာ၊ အျခားသူရဲ႕စကားေတြကို နားမလည္ႏိုင္တာမ်ိဳးေတြ ျဖစ္ပြားေလ့႐ွိၿပီး အေရးပိုင္းမွာလည္း အလားတူျပႆနာေတြ ၾကဳံေတြ႕ရတတ္ေၾကာင္း သိရပါတယ္။

“ကြၽန္မတို႔ခ်စ္ခင္ရတဲ့ Bruce ဟာ က်န္းမာေရးအေျခအေနဆိုးတစ္ခုနဲ႔ ၾကဳံေတြ႕ေနရၿပီး Aphasia ေဝဒနာကို ခံစားေနရပါတယ္။ ဒါ့ေၾကာင့္ သူ႕ရဲ႕သိမႈဆိုင္ရာစြမ္းရည္ေတြ ထိခိုက္ေနပါတယ္။

ဒီလိုအေျခအေနေတြေၾကာင့္ Bruce ဟာ သူခ်စ္ခင္တန္ဖိုးထားရတဲ့ သ႐ုပ္ေဆာင္အလုပ္ကေန အနားယူသြားဖို႔႐ွိေနပါတယ္။” လို႔ Demi Moore နဲ႔ေမြးဖြားခဲ့တဲ့သမီးတစ္ဦးျဖစ္သူ Rumer Willis က သူ႕အေကာင့္မွာ ေျပာၾကားခဲ့တာပါ။

“ဒီအေျခအေနက ကြၽန္မတို႔မိသားစုအတြက္ ခက္ခဲတဲ့အေျခအေနတစ္ခုျဖစ္ၿပီး မိသားစုေတြစည္းစည္းလုံးလုံးနဲ႔ ေက်ာ္ျဖတ္သြားဖို႔ လုပ္ေဆာင္ေနပါတယ္” လို႔လည္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ဒီပို႔စ္ကိုေတာ့ သူ႕ဇနီးျဖစ္သူ Emma Heming Willis နဲ႔အတူ သူတို႔ရဲ႕သမီးႏွစ္ဦး Mabel နဲ႔ Evelyn အျပင္ သူ႕ဇနီးေဟာင္းျဖစ္သူ Moore နဲ႔ သူတို႔ရဲ႕သမီးသုံးဦး Rumer၊ Scout နဲ႔ Tallulah၊ စတဲ့ မိသားစုဝင္အကုန္လုံးက လက္မွတ္ေရးထိုးထားၾကပါတယ္။

M2T Shwengwegames

Source Insider