ပျော်ရွှင်စရာမကောင်းတဲ့ အချိန်မှာကျရောက်တဲ့ မွေးနေ့ဖြစ်သော်လည်း အကောင်းဆုံးမွေးနေ့လက်ဆောင်လေး ရရှိခဲ့လို့ ကျေနပ်ပါနေတဲ့ အိမ့်ချစ်

နာမည်ကြီးအဆိုတော် ချစ်ကောင်းရဲ့သမီးလေးဖြစ်တဲ့ အဆိုတော်အိမ့်ချစ်ကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက ဂီတလောကကို ဝင်ရောက်လာသူ တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ ဂီတအမွေကို အပြည့်အဝ ဆက်ခံရရှိထားတာလည်း ဖြစ်ပါတယ်။

သူမရဲ့ အသံလေးကလည်း နားဆင်သူတိုင်းရဲ့ ရင်ထဲထိရောက်သွားအောင်ကို အသံပါဝါအားကောင်းလွန်းတာပါ ။သီချင်းကောင်းလေးတွေ ဖန်တီးတတ်ပြီး ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်နေတဲ့ သူမက လူငယ်ပရိသတ်တွေကြား ရေပန်းစားကျော်ကြားနေတဲ့ အမျိုးသမီး အဆိုတော်မလေးတစ်ဦးပါ ။

လက်ရှိမှာတော့ အိမ့်ချစ်က သူမအရမ်းချစ်ရတဲ့ ချစ်သူနဲ့အတူတူ ရွှေလက်တွဲကာ သာယာပျော်ရွှင်စရာ မိသားစု ဘဝလေးကို ဖြတ်သန်းနေတာဖြစ်ပါတယ်။အခုလည်း သူမရဲ့ မွေးနေ့လေးမှာ မကြာခင်လူလောကထဲ ရောက်လာတော့မယ့် သမီးလေးနဲ့ ပတ်သက်ပြီး အမှတ်တရ ပုံလေးတွေနဲ့အတူ

” Happy Birthday To Me 🌸 ဒီနှစ်မွေးနေ့လေးကတော့ဗိုက်ထဲမှာ မီးမီးလေးနဲ့ပေါ့ ပျော်ရွှင်စရာမကောင်းတဲ့အချိန်မှာကျရောက်တဲ့ မွေးနေ့မှာသမီးလေးရှိနေပြီဆိုတဲ့အတွေးလေးနဲ့တော့ ကျေနပ်ပျော်ရွှင်ရတယ်မေမေ့သမီးလေးရေ မေမေ့ရဲ့ကိုယ်ပွါးလေးဖြစ်လာမယ့်သမီးလေးက မေမေ့အတွက်အကောင်းဆုံးမွေးနေ့လက်ဆောင်လေးပါပဲ

မေမေ့ရဲ့မွေးနေ့ဆုတောင်းလေးကလဲ သမီးလေး ကျန်းကျန်းမာမာနဲ့မွေးဖွားလာဖို့ပါပဲ 👧” ဆိုတဲ့ စာလေးကို ရေးသား ဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit – Yaungchi

Photo – Eaint Chit

Zawgyi






Credit – Yaungchi

Photo – Eaint Chit