ကလေးလေးတစ်ယောက်လိုဖြူစင်တဲ့အပြုံးလေးတွေနဲ့အတူ ချစ်စရာကောင်းတဲ့ပို့စ်လေးတွေပေးကာ ပရိသတ်တွေရဲ့အသည်းကိုခြွေချလိုက်ပြန်တဲ့ ဆောင်းဝတ်ရည်မေ”

ပရိသတ်ကြီးရေ ဆောင်းဝတ် ရည်မေကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ် ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။

ဆောင်းဝတ်ရည်မေလေးကတော့ ဇာတ်လမ်းတွဲတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်လာကာ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိနေတဲ့ မင်းသမီးတစ်လက်လိုဆိုနိုင်နေပါပြီနော်။

တုတုလေးကတော့ လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေ့ါပါးပါး နေထိုင်တတ်တဲ့အမူအကျင့်လေးနဲ့ အပြုံးချိုချိုလေးတွေကြောင့် ပရိသတ်တော်တော်များများရဲ့ အားပေးဝန်းရံမှုကိုရရှိလာတာပဲဖြစ်ပါတယ်။

သူများနဲ့မတူတဲ့ ချစ်စရာစကားပြောပုံလေးနဲ့အတူ ဆောင်းဝတ်ရည်မေကတော့ ကိုရီးယားမင်းသမီးလေးအတိုင်း ဘာခွဲစိတ်ပြုပြင်မှုမှမလုပ်ဘဲ ချောမောလှပနေတဲ့ မင်းသမီးလေးပါပဲ။

ချစ်စရာကောင်းတဲ့ အပြုံး နဲ့ ထူးထူးခြားခြား စကားပြောပုံလေးတွေက ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကတောင် ချစ်ခင် အားပေးရသူလေး လို ဆိုရမှာပါ။

သူမရဲ့ လှုပ်ရှားမှုများကိုပရိသတ်ကြီးကို အမြဲမျှဝေပေးလျက်ရှိသူလည်းဖြစ်ပါတယ်။ဒီနေ့မှာလည်း ဆောင်းဝတ်ရည်မေက🤍 မင်းကိုပဲ အဖြူစင်ဆုံးချစ်မယ် 🤍🤍ကိုယ့်ကိုယ်လည်း အဖြူစင်ဆုံးချစ်ပေး🤍ဆိုတဲ့ စာလေးနဲ့အတူ ချစ်စရာကောင်းတဲ့ ပုံလေးတွေကိုတင်လာတာဖြစ်ပါတယ်နော်။

ဆောင်းဝတ်ရည်မေရဲ့ပုံတိုင်းက အဖြူရောင်ဝတ်စုံလေးဝတ်ဆင်ထားပြီး ကလေးလေးတစ်ယောက်လိုဖြူစင်တဲ့အပြုံးလေးတွေနဲ့အတူ ချစ်စရာကောင်းလွန်းနေတာကြောင့် ပြန် လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း ဆောင်းဝတ်ရည်မေရဲ့ပုံရိပ်လေးတွေကိုကြည့်ကာပျော်ရွှင်ကြည်နူးမိမယ်ထင်ပါတယ်။

Source – Hsaung WutyeeMay

Zawgyi



တုတုလေးကတော့ လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါး နေထိုင်တတ်တဲ့အမူအကျင့်လေးနဲ့ အပြုံးချိုချိုလေးတွေကြောင့် ပရိသတ်တော်တော်များများရဲ့ အားပေးဝန်းရံမှုကိုရရှိလာတာပဲဖြစ်ပါတယ်။




