ကွယ်လွန်သူ ဖခင်ကြီးအားရည်စူးပြီး ကောင်းမှု ကုသိုလ်များစွာ ပြုလုပ်ခဲ့တဲ့ လင်းအောင်ခေတ်

ချစ်ပရိသတ်ကြီးရေ ဆယ်ကျော်သက် ကောင်မလေးတွေ အသည်းစွဲ မင်းသားချောလေး ဖြစ်တဲ့ လင်းအောင်ခေတ်ကတော့ သူ့ရဲ့ အေးချမ်းပြီး ယောကျာ်းဆန်တဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်သူဖြစ်ပါတယ်။

မိန်းကလေးပရိသတ်တွေ အများဆုံး အားပေးရရှိသူဖြစ်သလိုတကယ့်ကို ဖော် ရွေပြီးရည်မွန်တဲ့ လင်းအောင်ခေတ်ကိုအနုပညာရှင်အချင်းချင်းလည်း ချစ် ခင်ခြင်းကိုခံရသူဖြစ်ပါတယ်။

သူရဲ့ ဖော်ရွေပွင့်လင်း စွာနေတတ်တဲ့ပုံစံလေးကြောင့် ပရိသတ်အချစ်တော်ကို ခံယူရရှိနေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ လင်းအောင်ခေတ်က ခုကာလမှာလည်း ခက်ခဲနေတဲ့ ပြည်သူတွေကို အလှူလေးတွေနဲ့ တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အား အကူအညီပေးနေတဲ့ မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ် ။

အခုမှာတော့ လင်းအောင်ခေတ်က ဖခင်ကြီး ကွယ်လွန်တာ (၈)လပြည့်ကို ရည်စူးပြီး အလှူ အတန်းများစွာကို ပြုလုပ်ဖြစ်ခဲ့ကြောင်း ဝေမျှလာပါတယ် ။

အလှူပုံတွေနဲ့အတူ ” အဖေနဲ့ ခွဲရတာ ၈ လပြည့်သွားပြီ… အမြဲသတိရနေပါတယ် အဖေ ..အမြဲတမ်းလဲ ရည်စူးပြီး ကုသိုလ် ကောင်းမှုကုသိုလ်တွေလဲ လုပ်ပေးဖြစ်လို့ ရောက်ရာ အရပ်မှ သာဓုခေါ်နိုင်ပါစေ…🙏🏻” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit – Yaungchi

Photo – Lin Aung Khit

zawgyi






Credit – Yaungchi

Photo – Lin Aung Khit