နှလုံးအဆို့ရှင်မလုံလို့ ခွဲစိတ်ကုသဖို့အတွက်ငွေကြေးအခက်အခဲဖြစ်နေတဲ့ ကျောင်းသားလေးအတွက် သူမနဲ့အတူဝိုင်းပြီးလှူဒါန်းပေးဖို့တောင်းဆိုလိုက်တဲ့ ထက်ထက်မိုးဦး

ပြည့်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦးကတော့ အနုပညာလောကမှာ အောင်မြင်မူပန်တိုင်းကိုဆွတ်ခူးရရှိထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။တစ်ခေတ်တစ်ခါကကြော်ငြာဘုရင်မတစ်ပါးလို့တောင်တင်စားရလောက်အောင်ပရိသတ်တွေရဲ့အားပေးမူကိုရရှိခဲ့ပါတယ်။အခုဆိုရင်တော့ ထက်ထက်မိုးဦးက ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင်တော့ ထက်ထက်မိုးဦးက နှလုံးအဆို့ရှင်မလုံလို့ ခွဲစိတ်ကုသဖို့အတွက်ငွေကြေးအခက်အခဲဖြစ်နေတဲ့ ကျောင်းသားလေးအတွက် သူမနဲ့အတူဝိုင်းပြီးလှူဒါန်းပေးဖို့အခုလိုပဲတောင်းဆိုလာခဲ့ပါတယ်။ “ ဒီပုံလေးကိုတချို့မြင်ဘူးမှာပါမောင်ဟိန်းထက်ထက်နဝမတန်းကျောင်းသားလေးနှလုံးအဆို့ရှင်မလှုံလို့မကြာခင်ပင်လုံဆေးရုံကြီးမှာခွဲစိတ်ကုသရမှာကြောင့်ငွေကြေးမလုံလောက်မှု့အခက်အခဲဖြစ်နေပါတယ်ထက်လဲအလှူငွေပါဝင်ထားပါတယ်ထက်နဲ့အတူဝိုင်းပြီးတတ်နိုင်သလောက်လှူဒါန်းပေးကြဖို့တောင်းဆိုပါတယ်။

မောင်ဟိန်းထက်ထက်ရဲ့မိခင်ဖုန်းနံပါတ်နဲ့ဘဏ်အကောင့်စာအုပ်ဖော်ပြထားပါတယ်တိုက်ရိုက်ဆက်သွယ်လှူတန်းနိုင်ပါတယ်ရှင်ဒေါ်အေးခင်မြ ဖုန်း 09774386745မြန်မာ့ရှေ့ဆောင်ဘဏ် 0840131084004254014အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။”ဆိုပြီး သူ့ရဲ့လူနှုကွန်ရက်ကနေ ပြောထားတာပဲဖြစ်ပါတယ်။အလှူရှင်တွေအမြန်ဆုံးရရှိပြီး ခွဲစိတ်နိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်နော်…။

Source-Htet Htet Moe Oo

Credit Gabar

Zawgyi





Source-Htet Htet Moe Oo

Credit Gabar