Sex Education ( Season 3 ) ထုတ်လွှင့်ပြသမယ့်ရက် နောက်ကျဖွယ်ရှိ

Netflix ရဲ့ အောင်မြင်တဲ့ series တွေထဲက တစ်ခုဖြစ်တဲ့ Sex Education ရဲ့ Season 3 ကတော့ ထုတ်လွှင့်ပြသဖို့ရက်နောက်ကျမယ့်အလားအလာရှိနေပါပြီ။

Season 2 ခုအထိ ထွက်ရှိပြီးထားတဲ့ အဆိုပါ series ဟာ ကိုရိုနာဗိုင်းရပ်စ်အခြေအနေတွေကြောင့် Season အသစ်ရဲ့ ထုတ်လုပ်မှုအပိုင်းကို ကြန့်ကြာနေတာဖြစ်ပြီး လာမယ့် သြဂုတ်လရောက်မှသာ ထုတ်လွှင့်မှုအပိုင်းကို ပြန်လည်စတင်နိုင်မယ်လို့သိရပါတယ်။

Sex Education ဟာ ပထမ Season နှစ်ခုလုံးကို ဇန်နဝါရီလတွေမှာ ပုံမှန်ထုတ်လွှင့်ပြသခဲ့တာဖြစ်ပေမယ့်လည်း အခုလာမယ့် Season 3 ကိုတော့ ဇန်နဝါရီလအတွင်းမှာ ထုတ်လွှင့်ပြသသွားဖို့ မသေချာတော့ဘူးလို့လည်း ဆိုပါတယ်။

ဒါဟာ Season 3 ကို အမြန်ဆုံးကြည့်ရဖို့ စောင့်မျှော်နေတဲ့ ပရိတ်သတ်တွေအတွက်တော့ အားမလို အားမရဖြစ်စရာတစ်ခုပါပဲ။

Sex Education ရဲ့ Season 1 ကိုတော့ ၂၀၁၉ ခုနစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ Netflix ကနေ စတင်ထုတ်လွှင့်ခဲ့ပြီး Season 2 ကိုတော့ ၂၀၂၀ ခုနစ် ဇန်နဝါရီ ၁၇ ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့ပါတယ်။ ဒါ့ကြောင့်မို့ ပရိတ်သတ်တွေအနေနဲ့ Season 3 ကိုလည်း လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ မြင်တွေ့ရဖို့ မျှော်လင့်ထားကြပေမယ့်လည်း အခုလိုမျိုး ပြသဖို့ရက်နောက်ကျမယ်ဆိုတဲ့ သတင်းတွေ အကျယ်တဝင့်ထွက်ပေါ်လာတာဖြစ်ပါတယ်။

soure – pop culture times

Mg Kaung (Thadinlaynyin)

Zawgyi

Sex Education ( Season 3 ) ထုတ္လႊင့္ျပသမယ့္ရက္ ေနာက္က်ဖြယ္႐ွိ

Netflix ရဲ႕ ေအာင္ျမင္တဲ့ series ေတြထဲက တစ္ခုျဖစ္တဲ့ Sex Education ရဲ႕ Season 3 ကေတာ့ ထုတ္လႊင့္ျပသဖို႔ရက္ေနာက္က်မယ့္အလားအလာ႐ွိေနပါၿပီ။

Season 2 ခုအထိ ထြက္႐ွိၿပီးထားတဲ့ အဆိုပါ series ဟာ ကို႐ိုနာဗိုင္းရပ္စ္အေျခအေနေတြေၾကာင့္ Season အသစ္ရဲ႕ ထုတ္လုပ္မႈအပိုင္းကို ၾကန္႔ၾကာေနတာျဖစ္ၿပီး လာမယ့္ ၾသဂုတ္လေရာက္မွသာ ထုတ္လႊင့္မႈအပိုင္းကို ျပန္လည္စတင္ႏိုင္မယ္လို႔သိရပါတယ္။

Sex Education ဟာ ပထမ Season ႏွစ္ခုလုံးကို ဇန္နဝါရီလေတြမွာ ပုံမွန္ထုတ္လႊင့္ျပသခဲ့တာျဖစ္ေပမယ့္လည္း အခုလာမယ့္ Season 3 ကိုေတာ့ ဇန္နဝါရီလအတြင္းမွာ ထုတ္လႊင့္ျပသသြားဖို႔ မေသခ်ာေတာ့ဘူးလို႔လည္း ဆိုပါတယ္။

ဒါဟာ Season 3 ကို အျမန္ဆုံးၾကည့္ရဖို႔ ေစာင့္ေမွ်ာ္ေနတဲ့ ပရိတ္သတ္ေတြအတြက္ေတာ့ အားမလို အားမရျဖစ္စရာတစ္ခုပါပဲ။

Sex Education ရဲ႕ Season 1 ကိုေတာ့ ၂၀၁၉ ခုနစ္ ဇန္နဝါရီလ ၁၁ ရက္ေန႔မွာ Netflix ကေန စတင္ထုတ္လႊင့္ခဲ့ၿပီး Season 2 ကိုေတာ့ ၂၀၂၀ ခုနစ္ ဇန္နဝါရီ ၁၇ ရက္ေန႔မွာ စတင္ထုတ္လႊင့္ခဲ့ပါတယ္။ ဒါ့ေၾကာင့္မို႔ ပရိတ္သတ္ေတြအေနနဲ႔ Season 3 ကိုလည္း လာမယ့္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလမွာ ျမင္ေတြ႕ရဖို႔ ေမွ်ာ္လင့္ထားၾကေပမယ့္လည္း အခုလိုမ်ိဳး ျပသဖို႔ရက္ေနာက္က်မယ္ဆိုတဲ့ သတင္းေတြ အက်ယ္တဝင့္ထြက္ေပၚလာတာျဖစ္ပါတယ္။

soure – pop culture times

Mg Kaung (Thadinlaynyin)