မပေါ့ဆသင့်တဲ့ ဗိုက်အောင့်ခြင်း ၆ မျိုး

မပေါ့ဆသင့်တဲ့ ဗိုက်အောင့်ခြင်း ၆ မျိုး

တစ်ခါတစ်လေ အစာမကြေ၊ရင်ပြည့်နေတာမျိုးကြောင့် ဗိုက်အောင့်တာမျိုးကဖြစ်တတ်ပေမယ့် ဒီလို ဗိုက်အောင့်တာမျိုးဆိုရင်တော့ လုံးဝမပေါ့ဆဘဲ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်နော်…

၁. ရေရှည်ဖြစ်ပေါ်နေတဲ့ ဗိုက်အောင့်ခြင်း

တစ်ခါတစ်လေဗိုက်အောင့်တာမျိုးထက်ပိုပြီးသုံးလထက်ပိုကြာအောင် မကြာ ခဏအောင့်တတ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးပြသင့်နေပါပြီ… ဗိုက်အောင့်တာအပြင် ဝမ်းချုပ်တာ၊ ဝမ်း လျှောတာစတဲ့ လက္ခဏာတွေရှိမရှိကိုပါ စောင့်ကြည့်သင့်ပါတယ်

၂. မူးဝေအော့အန်ပြီးဗိုက်အောင့်တာ

ဗိုက်အောင့်တဲ့အခါ တစ်ဆက်တည်း မူးဝေတာ၊ အော့အန်တာမျိုးရှိမယ်ဆိုရင်တော့ အစာအဆိပ်သင့်တာဖြစ်နိုင်ပါတယ်…တစ်ခါတစ်လေမှာအဲဒီထက်ပိုပြင်းထန်တဲ့ အူလမ်းကြောင်းပိုးဝင်တာ၊ အစာအိမ်အနာဖြစ်တာမျိုးတွေပါဖြစ်နိုင်တာမို့ ဆရာဝန်ဆီအမြန်ဆုံးသွားသင့်ပါတယ်နော်.

၃.သွေးပါပြီး ဗိုက်အောင့်တာ

ဗိုက်လည်းအောင့်နေမယ်၊ အန်တဲ့အခါ၊ဝမ်းသွားတဲ့အခါ သွေးပါနေမယ်ဆိုရင်လည်း မပေါ့ဆသင့်ပါဘူး… ဝမ်းထဲမှာသွေးပါတဲ့အခါ အမြဲတမ်း အနီရောင်ဖြစ်မနေဘဲ အမည်းရောင်လည်းဖြစ်နိုင်တာကို သတိပြုရပါမယ်

၄. ရုတ်တရက်စူးစူးရှရှအောင့်တာ

ရုတ်တရက်ကြီး ပြင်းပြင်းထန်ထန်ဗိုက်အောင့်ပြီး အသက်ပါရှူလို့မရဖြစ်နေပြီဆိုရင်တော့ကျောက်ကပ်မှာကျောက်တည်တာ၊အူအတက်ပေါက်တာမျိုးတွေဖြစ်နိုင်ပါတယ်ဆရာဝန်နဲ့အမြန်ဆုံးမပြသရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်

၅.ကိုယ်အလေးချိန်ကျဆင်းပြီးဗိုက်အောင့်တာ

ဝိတ်ချနေတာမျိုးကြောင့်မဟုတ်ဘဲ ကိုယ်အလေးချိန်ရုတ်တရက်ကျဆင်းမယ်၊ဗိုက်လည်းအောင့်မယ်ဆိုရင်လည်း ကြီးမားတဲ့ရောဂါတစ်ခုခုဖြစ်နေနိုင်တာမို့ ဆရာဝန်ဆီသွားပြီး အမြန်ဆုံးအဖြေရှာသင့်ပါတယ်

၆.ဗိုက်အောင့်ပြီးဖျားတာ

ဗိုက်လည်းအောင့်မယ်၊ခန္ဓာကိုယ်အ လေးချိန်လည်း မြင့်တက်နေမယ်ဆိုရင်တော့ တုပ်ကွေးလိုကူးစက်ရောဂါပိုးတစ်ခုခုဖြစ်တာဖြစ်နိုင်ပါတယ် ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်

Writer- Myat Thinzar(XYZ News)

မေပါ့ဆသင့္တဲ့ ဗိုက္ေအာင့္ျခင္း ၆ မ်ိဳး

တစ္ခါတစ္ေလ အစာမေၾက၊ရင္ျပည့္ေနတာမ်ိဳးေၾကာင့္ ဗိုက္ေအာင့္တာမ်ိဳးကျဖစ္တတ္ေပမယ့္ ဒီလို ဗိုက္ေအာင့္တာမ်ိဳးဆိုရင္ေတာ့ လုံးဝမေပါ့ဆဘဲ ဆရာဝန္နဲ႕ အျမန္ဆုံးျပသသင့္ပါတယ္ေနာ္…

၁. ေရရွည္ျဖစ္ေပၚေနတဲ့ ဗိုက္ေအာင့္ျခင္း

တစ္ခါတစ္ေလဗိုက္ေအာင့္တာမ်ိဳးထက္ပိုၿပီးသုံးလထက္ပိုၾကာေအာင္ မၾကာ ခဏေအာင့္တတ္ေနမယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႕အျမန္ဆုံးျပသင့္ေနပါၿပီ… ဗိုက္ေအာင့္တာအျပင္ ဝမ္းခ်ဳပ္တာ၊ ဝမ္း ေလွ်ာတာစတဲ့ လကၡဏာေတြရွိမရွိကိုပါ ေစာင့္ၾကည့္သင့္ပါတယ္

၂. မူးေဝေအာ့အန္ၿပီးဗိုက္ေအာင့္တာ

ဗိုက္ေအာင့္တဲ့အခါ တစ္ဆက္တည္း မူးေဝတာ၊ ေအာ့အန္တာမ်ိဳးရွိမယ္ဆိုရင္ေတာ့ အစာအဆိပ္သင့္တာျဖစ္နိုင္ပါတယ္…တစ္ခါတစ္ေလမွာအဲဒီထက္ပိုျပင္းထန္တဲ့ အူလမ္းေၾကာင္းပိုးဝင္တာ၊ အစာအိမ္အနာျဖစ္တာမ်ိဳးေတြပါျဖစ္နိုင္တာမို႔ ဆရာဝန္ဆီအျမန္ဆုံးသြားသင့္ပါတယ္ေနာ္.

၃.ေသြးပါၿပီး ဗိုက္ေအာင့္တာ

ဗိုက္လည္းေအာင့္ေနမယ္၊ အန္တဲ့အခါ၊ဝမ္းသြားတဲ့အခါ ေသြးပါေနမယ္ဆိုရင္လည္း မေပါ့ဆသင့္ပါဘူး… ဝမ္းထဲမွာေသြးပါတဲ့အခါ အၿမဲတမ္း အနီေရာင္ျဖစ္မေနဘဲ အမည္းေရာင္လည္းျဖစ္နိုင္တာကို သတိျပဳရပါမယ္

၄. ႐ုတ္တရက္စူးစူးရွရွေအာင့္တာ

႐ုတ္တရက္ႀကီး ျပင္းျပင္းထန္ထန္ဗိုက္ေအာင့္ၿပီး အသက္ပါရႉလို႔မရျဖစ္ေနၿပီဆိုရင္ေတာ့ေက်ာက္ကပ္မွာေက်ာက္တည္တာ၊အူအတက္ေပါက္တာမ်ိဳးေတြျဖစ္နိုင္ပါတယ္ဆရာဝန္နဲ႕အျမန္ဆုံးမျပသရင္ အသက္အႏၲရာယ္ရွိနိုင္ပါတယ္

၅.ကိုယ္အေလးခ်ိန္က်ဆင္းၿပီးဗိုက္ေအာင့္တာ

ဝိတ္ခ်ေနတာမ်ိဳးေၾကာင့္မဟုတ္ဘဲ ကိုယ္အေလးခ်ိန္႐ုတ္တရက္က်ဆင္းမယ္၊ဗိုက္လည္းေအာင့္မယ္ဆိုရင္လည္း ႀကီးမားတဲ့ေရာဂါတစ္ခုခုျဖစ္ေနနိုင္တာမို႔ ဆရာဝန္ဆီသြားၿပီး အျမန္ဆုံးအေျဖရွာသင့္ပါတယ္

၆.ဗိုက္ေအာင့္ၿပီးဖ်ားတာ

ဗိုက္လည္းေအာင့္မယ္၊ခႏၶာကိုယ္အ ေလးခ်ိန္လည္း ျမင့္တက္ေနမယ္ဆိုရင္ေတာ့ တုပ္ေကြးလိုကူးစက္ေရာဂါပိုးတစ္ခုခုျဖစ္တာျဖစ္နိုင္ပါတယ္ ဆရာဝန္နဲ႕အျမန္ဆုံးျပသသင့္ပါတယ္

Writer- Myat Thinzar(XYZ News)