အရင်လိုအပြင်ကိုလွတ်လွတ်လပ်လပ်ပြန်ထွက်လို့ရတာနဲ့ တွေ့သမျှလူဖက်နမ်းပစ်မယ်ဆိုတဲ့ ကျော်ကျော်ဗိုလ်

မြန်မာ့ဇာတ်သဘင်လောကထဲက ထိပ်တန်းသဘင်ပညာသည် မျိုးဆက်တစ်ဦးဖြစ်သလို ရုပ်ရှင်လောကထဲမှာ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တဲ့သူကတော့ သရုပ်ဆောင် အကယ်ဒမီ ကျော်ကျော်ဗိုလ်ပါ။

ကျော်ကျော်ဗိုလ်ကတော့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်သလို ဒါရိုက်တာမောင်မျိုးမင်းစီစဉ်တဲ့ နှင်းဆီအငြိမ့်မှာလည်း လူရွှင်တော်တစ်ဦးအဖြစ်နဲ့ ဖျော်ဖြေနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ ကျော်ကျော်ဗိုလ်က stay home ကာလကို အိမ်မှာပဲဖြတ်သန်းရင်း သီချင်းတွေလည်းဆိုဖြစ်နေပါတယ်။ ဒီအကြောင်းနဲ့ပက်သက်ပြီးသူ

” Stay home ကာလမှာ မိုးလင်းတာနဲ့ ဘုရားတရားလုပ်ဖြစ်တယ်။ ရုပ်ရှင်ကြည့်တယ်၊ စာဖတ်တယ်။ သမီးလေးနဲ့မိသားစုအနားမှာ အချိန်ပေးပြီးနေဖြစ်တယ်။ social network မှာ ပရိသတ်တွေကို စိတ်ကူးရရင် ရသလို သီချင်းလေးတွေ ဆိုပြတာ၊ ဗီဒီယို အတိုလေးတွေ ရိုက်ပြတာရှိတယ်။ ကျန်တာ ထွေထွေထူး ထူး လုပ်စရာတော့ မရှိပါဘူး။

သီချင်းဆိုတာက ရုပ်ရှင်မရိုက်ခင်ကတည်းက ဝါသနာပါတာ။ ဂီတကို အရင်ရူးသွပ်ခဲ့တာ။ ငယ်ငယ်ကအိမ်မှာ အမေနဲ့အဒေါ်တွေက ဘောလိဝုဒ်ကားတွေကြည့်တာများတော့ သူတို့နဲ့လိုက်ကြည့်ရင်း စိတ်ထဲမှာ သူတို့ရဲ့အနုပညာ အငွေ့အသက်တွေက ရင်းနှီးပြီးသား ဖြစ်နေတာနဲ့ နားရည် ဝပြီး ဆိုဖြစ်၊ ကဖြစ်သွားတာပါ။ ” လို့ပြောပြလာပါတယ်။

ဒါ့အပြင် သူက သရုပ်ဆောင်တစ်ယောက်ဖြစ်တာနဲ့အညီ အရင်လို ရိုက်ကူးရေးတွေ အမြန်ဆုံးပြန်လုပ်ခွင့်ရဖို့ မျှော်လင့်နေပြီး ရုပ်ရှင်ရိုက်ကွင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လွမ်းမောနေမိတဲ့အကြောင်းကိုလည်း

” အနုပညာလောကရဲ့လှုပ်ရှားနေရတဲ့ အနေအထားနဲ့ ဒီရောဂါရဲ့အနေအထားက လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတော့ စိတ်မကောင်းဘူး။ လွတ်လွတ်လပ်လပ်နဲ့ အပြင်ထွက်လို့ရတဲ့နေ့ရောက်ရင် မျက်စိရှေ့မှာတွေ့သမျှလူကို ဖက်နမ်းမယ်။ တကယ်စိတ်ရင်းနဲ့ပြောတာ။ ” ဆိုပြီး သူ့ရဲ့ စိတ်ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

Mg Kaung (Thadinlaynyin)

Zawgyi

အရင္လိုအျပင္ကိုလြတ္လြတ္လပ္လပ္ျပန္ထြက္လို႔ရတာနဲ႔ ေတြ႕သမွ်လူဖက္နမ္းပစ္မယ္ဆိုတဲ့ ေက်ာ္ေက်ာ္ဗိုလ္

ျမန္မာ့ဇာတ္သဘင္ေလာကထဲက ထိပ္တန္းသဘင္ပညာသည္ မ်ိဳးဆက္တစ္ဦးျဖစ္သလို ႐ုပ္႐ွင္ေလာကထဲမွာ ႏွစ္ေပါင္းမ်ားစြာ ရပ္တည္လာခဲ့တဲ့သူကေတာ့ သ႐ုပ္ေဆာင္ အကယ္ဒမီ ေက်ာ္ေက်ာ္ဗိုလ္ပါ။

ေက်ာ္ေက်ာ္ဗိုလ္ကေတာ့ သ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္သလို ဒါ႐ိုက္တာေမာင္မ်ိဳးမင္းစီစဥ္တဲ့ ႏွင္းဆီအၿငိမ့္မွာလည္း လူ႐ႊင္ေတာ္တစ္ဦးအျဖစ္နဲ႔ ေဖ်ာ္ေျဖေနသူတစ္ေယာက္လည္းျဖစ္ပါတယ္။

အခုလက္႐ွိမွာေတာ့ ေက်ာ္ေက်ာ္ဗိုလ္က stay home ကာလကို အိမ္မွာပဲျဖတ္သန္းရင္း သီခ်င္းေတြလည္းဆိုျဖစ္ေနပါတယ္။ ဒီအေၾကာင္းနဲ႔ပက္သက္ၿပီးသူ

” Stay home ကာလမွာ မိုးလင္းတာနဲ႔ ဘုရားတရားလုပ္ျဖစ္တယ္။ ႐ုပ္႐ွင္ၾကည့္တယ္၊ စာဖတ္တယ္။ သမီးေလးနဲ႔မိသားစုအနားမွာ အခ်ိန္ေပးၿပီးေနျဖစ္တယ္။ social network မွာ ပရိသတ္ေတြကို စိတ္ကူးရရင္ ရသလို သီခ်င္းေလးေတြ ဆိုျပတာ၊ ဗီဒီယို အတိုေလးေတြ ႐ိုက္ျပတာ႐ွိတယ္။ က်န္တာ ေထြေထြထူး ထူး လုပ္စရာေတာ့ မ႐ွိပါဘူး။

သီခ်င္းဆိုတာက ႐ုပ္႐ွင္မ႐ိုက္ခင္ကတည္းက ဝါသနာပါတာ။ ဂီတကို အရင္႐ူးသြပ္ခဲ့တာ။ ငယ္ငယ္ကအိမ္မွာ အေမနဲ႔အေဒၚေတြက ေဘာလိဝုဒ္ကားေတြၾကည့္တာမ်ားေတာ့ သူတို႔နဲ႔လိုက္ၾကည့္ရင္း စိတ္ထဲမွာ သူတို႔ရဲ႕အႏုပညာ အေငြ႕အသက္ေတြက ရင္းႏွီးၿပီးသား ျဖစ္ေနတာနဲ႔ နားရည္ ဝၿပီး ဆိုျဖစ္၊ ကျဖစ္သြားတာပါ။ ” လို႔ေျပာျပလာပါတယ္။

ဒါ့အျပင္ သူက သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တာနဲ႔အညီ အရင္လို ႐ိုက္ကူးေရးေတြ အျမန္ဆုံးျပန္လုပ္ခြင့္ရဖို႔ ေမွ်ာ္လင့္ေနၿပီး ႐ုပ္႐ွင္႐ိုက္ကြင္းေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြကို လြမ္းေမာေနမိတဲ့အေၾကာင္းကိုလည္း

” အႏုပညာေလာကရဲ႕လႈပ္႐ွားေနရတဲ့ အေနအထားနဲ႔ ဒီေရာဂါရဲ႕အေနအထားက လုံးဝ ဆန္႔က်င္ဘက္ျဖစ္ေနေတာ့ စိတ္မေကာင္းဘူး။ လြတ္လြတ္လပ္လပ္နဲ႔ အျပင္ထြက္လို႔ရတဲ့ေန႔ေရာက္ရင္ မ်က္စိေ႐ွ႕မွာေတြ႕သမွ်လူကို ဖက္နမ္းမယ္။ တကယ္စိတ္ရင္းနဲ႔ေျပာတာ။ ” ဆိုၿပီး သူ႕ရဲ႕ စိတ္ခံစားခ်က္ကို ပြင့္ပြင့္လင္းလင္းေျပာျပလာပါတယ္။

Mg Kaung (Thadinlaynyin)