ဆင်ရေယုန်အကြောင်း သိကောင်းစရာ

ဆင်ရေယုန်အကြောင်း သိကောင်းစရာ

နှုတ်ခမ်းပေါ်မှာအရေကြည်ဖုလေးတွေဖြစ်တဲ့ရေယုန်ကိုတော်တော်များများ ပေါက်ဖူးကြပါလိမ့်မယ်။ဒီလိုရေယုန်မျိုးကမထူးဆန်းပေမယ့်ခန္ဓာကိုယ်ပေါ်မှာကျောဘက်မှာနာကျင်တဲ့အရေကြည်ဖုအကြီးတွေပေါက်လာပြီဆိုရင်တော့မပေါ့ဆသင့်ပါဘူး။ဒီလိုပြင်းထန်တဲ့အရေကြည်ဖုအကြီးတွေကိုဆင်ရေယုန် (သို့)ခါးပတ်ရေယုန်လို့ခေါ်ပါတယ်။

၁။ခါးပတ်ရေယုန်ဖြစ်စေတဲ့ဗိုင်းရပ်စ် (Shinglesဟာရေကျောက်ပေါက်စေတဲ့ ဗိုင်းရပ်စ် Varicella Zesterနဲ့အတူတူ ဖြစ်ပါတယ်။ရေကျောက်ပျောက်သွားသည့်တိုင်အောင်ဗိုင်းရပ်စ်ပိုးဟာခါးရိုးနာ့ဗ်ကြောတန်းအထက်ပိုင်းမှာနားခိုနေတတ်ပြီးလူကြီးဘဝမှာရေယုန်ဆိုပြီးဖြစ်စေနိုင်ပါတယ်။

၂။အဖြစ်များပြီးအသက်ကြီးလာတာနဲ့အမျှခါးပတ်ရေယုန်ဖြစ်နိုင်ခြေလည်းများလာပါတယ်။အသက်၈၀အရွယ်လူကြီး၂ယောက်မှာတစ်ယောက်ကရေယုန်ပေါက်နေနိုင်တယ်လို့လေ့လာမှုတွေကဆိုပါတယ်။ရေယုန်ပေါက်တာရဲ့တစ်ဝက်ခန့်ဟာအသက် ၆၀ အရွယ်တွေဖြစ်ပါတယ်။

၃။ငယ်ငယ်တုန်းကရေကျောက်မပေါက်ဖူးတဲ့ကလေးဆိုတာတော်တော်ရှားတယ်လို့ ဆိုရမှာပါ။ရေကျောက်ပေါက်ဖူးတဲ့လူတိုင်းမှာရေယုန်ဖြစ်ဖို့အလားအလာရှိပါတယ်။

၄။ထုံကျဉ်တာ၊စပ်ဖျဉ်းဖျဉ်းနာကျင်တာ၊ မီးစနဲ့ထိုးသလိုပူနေတာတွေကရေယုန်ပေါက်တာရဲ့အစောပိုင်းလက္ခဏာတွေ ဖြစ်ပါတယ်။၂ ရက်၊၃ရက်အကြာမှာအနီကွက်တွေ ဖြစ်လာပြီးထိုမှတစ်ဆင့်အရည်ကြည်ဖုအဖြစ်ပြောင်းလဲသွားပါမယ်။ကျော၊ရင်ဘတ်၊ကိုယ်ထည်စတဲ့ နေရာတွေမှာပေါက်တတ်ပြီးမျက်စိ၊နား၊မျက်နှာတွေမှာလည်းအနာဖြစ်နိုင်ပါတယ်။

၅။တခြားသောရောဂါလက္ခဏာတွေအနေနဲ့ကိုယ်ပူခြင်း၊ချမ်းတုန်ခြင်း၊ခေါင်းကိုက်ခြင်းနဲ့ဗိုက်မအီမသာဖြစ်ခြင်းစတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။ရေယုန်နာမျက်စိမှာဖြစ်ရင်အမြင်အာရုံေ၀ဝါးပြီးနားမှာဖြစ်မယ်ဆိုရင် အကြားအာရုံထိခိုက်စေနိုင်ပါတယ်။

၆။အကြမ်းဖျဉ်းအားဖြင့်ရေယုန်နာဟာကုသမှုမရှိလည်းရက်သတ္တပတ်အ နည်းငယ်အတွင်းမှာပျောက်တတ်ပြီးအမာ ရွတ်ကျန်လေ့မရှိပါဘူး။ရောဂါပိုးဟာခန္ဓာကိုယ်ထဲမှာခိုအောင်းနေပြီးနောက် ထပ်ထပ်ခါထပ်ခါပြန်ဖြစ်နိုင်ပါတယ်။

၇။ခါးပတ်ရေယုန်ဖြစ်ပြီးနောက်အချို့လူတွေဟာယခင်ပေါက်ခဲ့တဲ့နေရာမှာနာ ကျင်မှုကိုအချိန်တော်တော်ကြာတဲ့အထိ (တစ်နှစ်ခန့်)ခံစားရတတ်ပါတယ်။ညအိပ်မရဖြစ်ပြီးကြာလာတဲ့အခါမှာစိတ်ပျက်အားငယ်ခြင်းကိုခံစားရတဲ့အထိနာကျင်မှုဆိုးဝါးပါတယ်။အသက်၅၀ကျော်လူကြီးတွေမှာအဖြစ်များတာကိုတွေ့ရပါတယ်။

၈။ အဖြစ်နည်းတယ်ဆိုပေမယ့်ခါးပတ်ရေယုန်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကပြင်းထန်ပါတယ်။အမြင်နှင့်အကြားအာရုံဆုံးရှုံးခြင်း၊အဆုတ်ရောင်နမိုးနီးယားရောဂါဖြစ်ခြင်း၊ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်း၊ရေယုန်နာမှတစ်ဆင့်ပိုးဝင်ခြင်း၊မျက်နှာတစ်ခြမ်းလေဖြတ်ခြင်းအပြင်အသက်သေဆုံးတဲ့အထိပါဖြစ်နိုင်ပါတယ်။အသက်ကြီးသူတွေ၊ကိုယ်ခံအား နည်းသူတွေမှာအဖြစ်များပါတယ်။

၉။ရေယုန်ကာကွယ်ဆေးရှိပါတယ်။အ သက်ကြီးသူတွေ၊ရေကျောက်ပေါက်ဖူးတဲ့လူတွေအဓိကထိုးသင့်ပါတယ်။ရေ ယုန်ဖြစ်ဖို့အခွင့်အလမ်းနည်းသွားခြင်း၊နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင်သိသိသာသာလျှော့ချပေးနိုင်မယ့်ကာ ကွယ်ဆေးရဲ့အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။

၁၀။ရေယုန်ကိုကုတဲ့ဆေးမရှိသေးပေမယ့်ဗိုင်းရပ်စ်သတ်တဲ့ဆေး (Acyclovir) တွေကအနာကျက်နှုန်းကိုမြန်ဆန်စေပြီးမြန်ဆန်တဲ့ကုသမှုကပြင်းထန်တဲ့နောက် ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ရောဂါပြင်းထန်တယ်ဆိုရင်ဆရာဝန်ကစတီးရွိုက်ဆေး ဝါးတွေပေါင်းထည့်ပေးပါလိမ့်မယ်။

၁၁။ခါးပတ်ရေယုန်ဟာလိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါမဟုတ်ပါဘူး။ရေယုန်အနီကွက်ကနေတစ်ဆင့်တစ်ခါမှရေကျောက်မပေါက်ဖူးသူတွေကိုကူးစက်သွားနိုင်တာကြောင့်မိမိမှာရေယုန်ပေါက်နေတယ်ဆိုဂရုစိုက်သင့်ပါတယ်။ကြိုတင်ကာကွယ်မှုအနေနဲ့ မွေးကင်းစကလေးတွေနဲ့ ရေကျောက်တစ်ခါမှမပေါက်ဖူးသေးတဲ့သူတွေက ကာ ကွယ်ဆေးထိုးသင့်ပါတယ်။

Dr. Htet Htet Aung (www.drmyanmar.com)

ဆင္ေရယုန္အေၾကာင္း သိေကာင္းစရာ

ႏႈတ္ခမ္းေပၚမွာအေရၾကည္ဖုေလးေတြျဖစ္တဲ့ေရယုန္ကိုေတာ္ေတာ္မ်ားမ်ား ေပါက္ဖူးၾကပါလိမ့္မယ္။ဒီလိုေရယုန္မ်ိဳးကမထူးဆန္းေပမယ့္ခႏၶာကိုယ္ေပၚမွာေက်ာဘက္မွာနာက်င္တဲ့အေရၾကည္ဖုအႀကီးေတြေပါက္လာၿပီဆိုရင္ေတာ့မေပါ့ဆသင့္ပါဘူး။ဒီလိုျပင္းထန္တဲ့အေရၾကည္ဖုအႀကီးေတြကိုဆင္ေရယုန္ (သို႔)ခါးပတ္ေရယုန္လို႔ေခၚပါတယ္။

၁။ခါးပတ္ေရယုန္ျဖစ္ေစတဲ့ဗိုင္းရပ္စ္ (Shinglesဟာေရေက်ာက္ေပါက္ေစတဲ့ ဗိုင္းရပ္စ္ Varicella Zesterနဲ႕အတူတူ ျဖစ္ပါတယ္။ေရေက်ာက္ေပ်ာက္သြားသည့္တိုင္ေအာင္ဗိုင္းရပ္စ္ပိုးဟာခါးရိုးနာ့ဗ္ေၾကာတန္းအထက္ပိုင္းမွာနားခိုေနတတ္ၿပီးလူႀကီးဘဝမွာေရယုန္ဆိုၿပီးျဖစ္ေစနိုင္ပါတယ္။

၂။အျဖစ္မ်ားၿပီးအသက္ႀကီးလာတာနဲ႕အမွ်ခါးပတ္ေရယုန္ျဖစ္နိုင္ေျခလည္းမ်ားလာပါတယ္။အသက္၈၀အ႐ြယ္လူႀကီး၂ေယာက္မွာတစ္ေယာက္ကေရယုန္ေပါက္ေနနိုင္တယ္လို႔ေလ့လာမႈေတြကဆိုပါတယ္။ေရယုန္ေပါက္တာရဲ႕တစ္ဝက္ခန႔္ဟာအသက္ ၆၀ အ႐ြယ္ေတြျဖစ္ပါတယ္။

၃။ငယ္ငယ္တုန္းကေရေက်ာက္မေပါက္ဖူးတဲ့ကေလးဆိုတာေတာ္ေတာ္ရွားတယ္လို႔ ဆိုရမွာပါ။ေရေက်ာက္ေပါက္ဖူးတဲ့လူတိုင္းမွာေရယုန္ျဖစ္ဖို႔အလားအလာရွိပါတယ္။

၄။ထုံက်ဥ္တာ၊စပ္ဖ်ဥ္းဖ်ဥ္းနာက်င္တာ၊ မီးစနဲ႕ထိုးသလိုပူေနတာေတြကေရယုန္ေပါက္တာရဲ႕အေစာပိုင္းလကၡဏာေတြ ျဖစ္ပါတယ္။၂ ရက္၊၃ရက္အၾကာမွာအနီကြက္ေတြ ျဖစ္လာၿပီးထိုမွတစ္ဆင့္အရည္ၾကည္ဖုအျဖစ္ေျပာင္းလဲသြားပါမယ္။ေက်ာ၊ရင္ဘတ္၊ကိုယ္ထည္စတဲ့ ေနရာေတြမွာေပါက္တတ္ၿပီးမ်က္စိ၊နား၊မ်က္ႏွာေတြမွာလည္းအနာျဖစ္နိုင္ပါတယ္။

၅။တျခားေသာေရာဂါလကၡဏာေတြအေနနဲ႕ကိုယ္ပူျခင္း၊ခ်မ္းတုန္ျခင္း၊ေခါင္းကိုက္ျခင္းနဲ႕ဗိုက္မအီမသာျဖစ္ျခင္းစတဲ့လကၡဏာေတြခံစားရနိုင္ပါတယ္။ေရယုန္နာမ်က္စိမွာျဖစ္ရင္အျမင္အာ႐ုံေ၀ဝါးၿပီးနားမွာျဖစ္မယ္ဆိုရင္ အၾကားအာ႐ုံထိခိုက္ေစနိုင္ပါတယ္။

၆။အၾကမ္းဖ်ဥ္းအားျဖင့္ေရယုန္နာဟာကုသမႈမရွိလည္းရက္သတၱပတ္အ နည္းငယ္အတြင္းမွာေပ်ာက္တတ္ၿပီးအမာ ႐ြတ္က်န္ေလ့မရွိပါဘူး။ေရာဂါပိုးဟာခႏၶာကိုယ္ထဲမွာခိုေအာင္းေနၿပီးေနာက္ ထပ္ထပ္ခါထပ္ခါျပန္ျဖစ္နိုင္ပါတယ္။

၇။ခါးပတ္ေရယုန္ျဖစ္ၿပီးေနာက္အခ်ိဳ႕လူေတြဟာယခင္ေပါက္ခဲ့တဲ့ေနရာမွာနာ က်င္မႈကိုအခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိ (တစ္ႏွစ္ခန႔္)ခံစားရတတ္ပါတယ္။ညအိပ္မရျဖစ္ၿပီးၾကာလာတဲ့အခါမွာစိတ္ပ်က္အားငယ္ျခင္းကိုခံစားရတဲ့အထိနာက်င္မႈဆိုးဝါးပါတယ္။အသက္၅၀ေက်ာ္လူႀကီးေတြမွာအျဖစ္မ်ားတာကိုေတြ႕ရပါတယ္။

၈။ အျဖစ္နည္းတယ္ဆိုေပမယ့္ခါးပတ္ေရယုန္ရဲ႕ေနာက္ဆက္တြဲဆိုးက်ိဳးေတြကျပင္းထန္ပါတယ္။အျမင္ႏွင့္အၾကားအာ႐ုံဆုံးရႈံးျခင္း၊အဆုတ္ေရာင္နမိုးနီးယားေရာဂါျဖစ္ျခင္း၊ဦးေႏွာက္အျမႇေးပါး ေရာင္ရမ္းျခင္း၊ေရယုန္နာမွတစ္ဆင့္ပိုးဝင္ျခင္း၊မ်က္ႏွာတစ္ျခမ္းေလျဖတ္ျခင္းအျပင္အသက္ေသဆုံးတဲ့အထိပါျဖစ္နိုင္ပါတယ္။အသက္ႀကီးသူေတြ၊ကိုယ္ခံအား နည္းသူေတြမွာအျဖစ္မ်ားပါတယ္။

၉။ေရယုန္ကာကြယ္ေဆးရွိပါတယ္။အ သက္ႀကီးသူေတြ၊ေရေက်ာက္ေပါက္ဖူးတဲ့လူေတြအဓိကထိုးသင့္ပါတယ္။ေရ ယုန္ျဖစ္ဖို႔အခြင့္အလမ္းနည္းသြားျခင္း၊ေနာက္ဆက္တြဲဆိုးက်ိဳးေတြမျဖစ္ေအာင္သိသိသာသာေလွ်ာ့ခ်ေပးနိုင္မယ့္ကာ ကြယ္ေဆးရဲ႕အက်ိဳးေက်းဇူးေတြပဲျဖစ္ပါတယ္။

၁၀။ေရယုန္ကိုကုတဲ့ေဆးမရွိေသးေပမယ့္ဗိုင္းရပ္စ္သတ္တဲ့ေဆး (Acyclovir) ေတြကအနာက်က္ႏႈန္းကိုျမန္ဆန္ေစၿပီးျမန္ဆန္တဲ့ကုသမႈကျပင္းထန္တဲ့ေနာက္ ဆက္တြဲဆိုးက်ိဳးေတြမျဖစ္ေအာင္ကာကြယ္ေပးနိုင္ပါတယ္။ေရာဂါျပင္းထန္တယ္ဆိုရင္ဆရာဝန္ကစတီး႐ြိုက္ေဆး ဝါးေတြေပါင္းထည့္ေပးပါလိမ့္မယ္။

၁၁။ခါးပတ္ေရယုန္ဟာလိင္ကတစ္ဆင့္ ကူးစက္တတ္တဲ့ေရာဂါမဟုတ္ပါဘူး။ေရယုန္အနီကြက္ကေနတစ္ဆင့္တစ္ခါမွေရေက်ာက္မေပါက္ဖူးသူေတြကိုကူးစက္သြားနိုင္တာေၾကာင့္မိမိမွာေရယုန္ေပါက္ေနတယ္ဆိုဂ႐ုစိုက္သင့္ပါတယ္။ႀကိဳတင္ကာကြယ္မႈအေနနဲ႕ ေမြးကင္းစကေလးေတြနဲ႕ ေရေက်ာက္တစ္ခါမွမေပါက္ဖူးေသးတဲ့သူေတြက ကာ ကြယ္ေဆးထိုးသင့္ပါတယ္။

Dr. Htet Htet Aung (www.drmyanmar.com)