ပရိသတ်ကြီးရေ မယ်လိုဒီခေါင်ကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲကအားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်ပါ။
လက်ရှိမှာလည်း အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ နေရာတစ်နေရာရတဲ့ အထိ ရပ်တည်နေနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။
မယ်လိုဒီခေါင်ကတော့ မနေ့က ဇန်နဝါရီလ (၁၄)ရက်နေ့မှာကျရောက်တဲ့ မိဘနှစ်ပါးရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးအတွက် “Happy Blessed 39th Anniversary to Dad & Mom.
ဒီနှစ် အဖေနဲ့အမေရဲ့ (၃၉)နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့မှာ ဆင်တူ ရွှေလက်စွပ်လေးတွေကို Melodyကြိုးစားအလုပ်လုပ်ထားတဲ့အထဲကငွေလေးနဲ့ဝယ်ပြီးဂုဏ်ပြုပေးဖြစ်ပါတယ်
တန်ဖိုးအများကြီးမရှိပေမဲ့ အမှတ်တရလေးဖြစ်စေချင်လို့ပါ” ဆိုပြီးသူ့ရဲ့ချွေးနည်းစာလေးနဲ့ ဆင်တူလက်စွပ်လေးလုပ်ပေးခဲ့ကြောင်း ပီတိတွေနဲ့ မျှဝေခဲ့တာပဲဖြစ်ပါတယ်။
“မိဘပြုံးနေရင် သားသမီးပျော်တယ်သားသမီးအဆင်ပြေနေရင် မိဘပျော်တယ်ဆိုတာကိုကိုယ်တိုင်မိဘနေရာရောက်မှပိုနားလည်လာတယ်” ဆိုပြီးတော့လည်း သားသမီးသိတတ်လိမ္မာရင် မိဘနှစ်ပါးပျော်ရွှင်ပီတိဖြစ်ရတာကို ကိုယ်တိုင်မိဘနေရာကိုရောက်မှ ပိုနားလည်လာတယ်လို့လည်း သူ့ရဲ့ခံစားချက်တွေကို မျှဝေထားခဲ့ပါသေးတယ် ပရိသတ်ကြီးရေ။
Credit Cele Zone
ပရိသတ္ႀကီးေရ မယ္လိုဒီေခါင္ကေတာ့ The Voice Myanmar သီခ်င္းဆိုၿပိဳင္ပြဲႀကီးမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ပရိသတ္ေတြရဲကအားေပးခ်စ္ခင္မႈကို ရ႐ွိထားတဲ့ သူတစ္ေယာက္ပါ။
လက္႐ွိမွာလည္း ေအာင္ျမင္တဲ့ အဆိုေတာ္တစ္ေယာက္အေနနဲ႔ အႏုပညာေလာကမွာ ေနရာတစ္ေနရာရတဲ့ အထိ ရပ္တည္ေနႏိုင္ခဲ့ၿပီလည္းျဖစ္ပါတယ္။
မယ္လိုဒီေခါင္ကေတာ့ မေန႔က ဇန္နဝါရီလ (၁၄)ရက္ေန႔မွာက်ေရာက္တဲ့ မိဘႏွစ္ပါးရဲ႕ မဂၤလာႏွစ္ပတ္လည္ေန႔ေလးအတြက္ “Happy Blessed 39th Anniversary to Dad & Mom.
ဒီႏွစ္ အေဖနဲ႔အေမရဲ႕ (၃၉)ႏွစ္ျပည့္မဂၤလာႏွစ္ပတ္လည္ေန႔မွာ ဆင္တူ ေ႐ႊလက္စြပ္ေလးေတြကို Melodyႀကိဳးစားအလုပ္လုပ္ထားတဲ့အထဲကေငြေလးနဲ႔ဝယ္ၿပီးဂုဏ္ျပဳေပးျဖစ္ပါတယ္
တန္ဖိုးအမ်ားႀကီးမ႐ွိေပမဲ့ အမွတ္တရေလးျဖစ္ေစခ်င္လို႔ပါ” ဆိုၿပီး သူ႕ရဲ႕ေခြၽးနည္းစာေလးနဲ႔ ဆင္တူလက္စြပ္ေလးလုပ္ေပးခဲ့ေၾကာင္း ပီတိေတြနဲ႔ မွ်ေဝခဲ့တာပဲျဖစ္ပါတယ္။
“မိဘျပဳံးေနရင္ သားသမီးေပ်ာ္တယ္သားသမီးအဆင္ေျပေနရင္ မိဘေပ်ာ္တယ္ဆိုတာကိုကိုယ္တိုင္မိဘေနရာေရာက္မွပိုနားလည္လာတယ္” ဆိုၿပီးေတာ့လည္း သားသမီးသိတတ္လိမၼာရင္ မိဘႏွစ္ပါးေပ်ာ္႐ႊင္ပီတိျဖစ္ရတာကို ကိုယ္တိုင္မိဘေနရာကိုေရာက္မွ ပိုနားလည္လာတယ္လို႔လည္း သူ႕ရဲ႕ခံစားခ်က္ေတြကို မွ်ေဝထားခဲ့ပါေသးတယ္ ပရိသတ္ႀကီးေရ။
Credit Cele Zone