ခြေမသန်းစွမ်းသူများလိုရာခရီးရောက်နိုင်ရန် ခြေတုများလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ ပရဟိတ အလုပ်တွေကို နေ့စဉ်တိုင်း မမောမပန်းနိုင်အောင် ကိုယ်တိုင် ကိုယ်ကျ လုပ်ကိုင်နေသူတစ်ယောက်ပါ ။

ဒီလို မအားမလပ်တဲ့ ကြားကနေမှ အကြောင်း အမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ခိုးကိုးရာမဲ့ ကလေးငယ်လေးတွေကိုလည်း ခေါ်ယူစောင့်ရှောက်ပေးနေခဲ့တာ တကယ်ကို လေးစားစရာပါပဲ ။

ခိုင်နှင်းဝေက လိုအပ်တဲ့ နေရာတွေကို တတ်နိုင်သရွေ့ လှူဒါန်း မှုတွေ လုပ်ကိုင်နေသူဖြစ်ကာ သူမရဲ့ပရဟိတ အဖွဲ့အစည်းကိုလည်း အလှူငွေ လာရောက်လှူဒါန်းကြတဲ့ သူတွေလည်း အများအပြားရှိပါတယ်။ အခုလည်း ခြေထောက် မသန်စွမ်းသူတွေ အတွက် ခြေတုများကို လှူဒါန်းပေးခဲ့ ပြန်ပါတယ် ။

အလှူပုံတွေနဲ့ အတူ ” လိုရာခရီးသို့ အကူမဲ့စွာ လျှောက်လှမ်းနိုင်ကြပါစေ..နေ့စဉ်လှမ်းသမျှ ခြေလှမ်းများ အတွက် အားလုံး ကုသိုလ် ထပ်တူမျှပါစေ…ထပ်တူ ရှိနိုင်ကြပါစေရှင်…🙏🙏🙏(ခုနှစ်ရက် သားသမီးများ အားလုံးရဲ့ စုပေါင်း ကုသိုလ်လေးပါရှင်..)…” ဆိုတဲ့ စာလေးကိုလည်း ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit CeleZone